ပင်လယ်ပြင် ငါးဖမ်းခွင့် ပိတ်သည့် ၃ လအတွင်း ငါးပိ၊ငါးခြောက်ဈေးနှုန်းများ မြင့်တက်နိုင်ဟု ဆို

ပင်လယ်ပြင် ငါးဖမ်းခွင့် ပိတ်သည့် ၃ လအတွင်း ငါးပိ၊ငါးခြောက်ဈေးနှုန်းများ မြင့်တက်နိုင်ဟု ဆို

မြန်မာ့ပင်လယ်ပြင်တွင် ဇွန်လ ၁ ရက်နေ့မှ သြဂုတ်လ ၃၀ ရက်နေ့အထိ ငါးဖမ်းခွင့် ၃ လ ပိတ်မှာ ဖြစ်တဲ့ အတွက် ကုန်ကြမ်းရှားပါးလာပြီး ငါးပိ၊ငါးခြောက် ဈေးနှုန်းများ မြင့်တက်လာနိုင်တယ်လို့ ငါးပိ၊ငါးခြောက် ရောင်းဝယ်ရေးအဖွဲ့ချုပ် အတွင်းရေးမှူးဖြစ်သူ ဦးထွန်းစိန်က Opinion Leaders Media ရဲ့မေးမြန်းမှု ကိုဖြေကြားခဲ့ပါတယ်။

“၃ လအတွင်းမှာ ဈေးနှုန်းတက်လာနိုင်တယ်။ပိတ်လိုက်တဲ့ အတွက်ကြောင့် ဈေးကွက်မှာ စားသုံးနေတဲ့ ငါးပိ၊ငါးခြောက် က ပြတ်လပ်သွားတာ မျိုးတော့ ဖြစ်ကောင်းမှ ဖြစ်မယ်။ဒါပေမယ့် ဈေးတက်သွားမယ်” လို့ဆိုပါတယ်။ပင်လယ်ပြင်မှ ငါး မရရှိတော့သည့်အတွက် ကုန်ကြမ်း ရှားပါး လာမှာဖြစ်ကြောင်း၊ ကုန်ကြမ်း သိုလှောင်ထား သူများအနေဖြင့် သိုလှောင်ခ များဈေးနှုန်းမြင့်မားသည့်အတွက် ပြန်လည်ရောင်းချရာတွင်လည်း ဈေးနှုန်း မြင့်မား လာနိုင်ကြောင်း၊ ကုန်ကြမ်းသိုလှောင်ရန် ရင်းနှီးရမည့်ငွေကြေးပမာဏများသည့်အတွင် လုပ်ငန်းရှင် အများစု ဝယ်ယူ စုဆောင်းနိုင် မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ပင်လယ်ပြင်ငါးဖမ်းဆီးခွင့် ၃ လပိတ်သိမ်းမှုကြောင့် ရေလုပ်သားများ ၏ စားဝတ်နေရေး အခက်အခဲဖြစ် လာနိုင် တဲ့ အတွက် ၂ လ အထိသာ ပိတ်သိမ်းသင့်တယ်လို့ ဆိုပါတယ်။ “နိုင်ငံရဲ့ ငါးသယံဇာတ မပြုန်းတီးဖို့အတွက် သတ်မှတ်ပေးတာပါ။ဒါပေမယ့် ရေလုပ်သားတွေ လုပ်ငန်း ရှင်တွေ ဘက်မှာ ဘာအခက်အခဲတွေရှိလဲဆိုရင် ဒီ ၃ လဆိုတာ များလွန်းတယ်။၂ လဘဲဖြစ်သင့်တယ်။၃ လပိတ် လိုက်ရင် ရေလုပ်သားတွေရဲ့ ဝင်ငွေ အခက်အခဲတွေဖြစ်လာမယ်။ ရေလုပ်ငန်းနဲ့ မှီခိုနေရတဲ့ မိသားစုတွေ အများကြီးရှိတယ်။ကျောင်းနေတဲ့ အခက်အခဲတွေ လူမှုရေး အခက်အခဲတွေ ဝင်ငွေမရှိတဲ့ အခါကျတော့ ရပ်တည်ရ ခက်ခဲလာရင် နိုင်ငံခြားကို ရွှေ့ပြောင်းလုပ်သားတွေပိုပြီး သွားရောက်နိုင်တယ်။ ကိုယ့်ရပ် ကိုယ့်ဒေသမှာ ရှာစားလို့မရရင် တစ်နယ် တစ်ကျေး ရှာစားကြလိမ့်မယ်” လို့ဆိုပါတယ်။

မြန်မာပင်လယ်ပြင် ငါးဖမ်းဆီးခွင့်အား ၂၀၁၇ ခုနှစ်က ၅၀ ရာခိုင်နှုန်းပိတ်သိမ်းခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ၈၀ ရာခိုင်နှုန်း ပတ်သိမ်းခဲ့ပြီး ယခု ၂၀၁၉ ခုနှစ်တွင် ၃ လတာကာလအတွင်း ဖမ်းဆီးခွင့် လုံးဝပိတ်သိမ်း ခဲ့ခြင်း ဖြစ်ပါတယ်။ ပင်လယ်ငါးဖမ်းလုပ်ငန်းများရှိသည့် ပြည်နယ်နှင့် တိုင်းများမှ ဒေသခံ လုပ်ငန်းရှင်များသည် မတ်လ ၂၂ ရက်နေ့ က နေပြည်တော်တွင် ကျင်းပသည့် ငါးမဖမ်းရ ရာသီ နှင့် ငါးလုပ်ငန်းဆိုင်ရာ စီမံချက်အကောင် အထည်ဖော် ဆောင်ရွက်ရန် စုံညီအစည်းအဝေးသို့ တက်ရောက်ခဲ့ကြပြီး လုပ်ငန်းရှင်များက ငါးမဖမ်းရရာသီ သတ်မှတ်ခြင်း ကို မကန့်ကွက်သော်လည်း ပိတ်ရန်သတ်မှတ်သည့် အချိန် ၃ လမှ ၂ လသို့လျော့ချ ပေးရန်တောင်း ဆိုခဲ့ကြပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ မေ ၁၃

(   Zawgyi   )

 ျမန္မာ့ပင္လယ္ျပင္တြင္ ဇြန္လ ၁ ရက္ေန႔မွ ၾသဂုတ္လ ၃၀ ရက္ေန႔အထိ ငါးဖမ္းခြင့္ ၃ လ ပိတ္မွာ ျဖစ္တဲ့ အတြက္ ကုန္ၾကမ္းရွားပါးလာၿပီး ငါးပိ၊ငါးေျခာက္ ေဈးႏႈန္းမ်ား ျမင့္တက္လာႏိုင္တယ္လို႔ ငါးပိ၊ငါးေျခာက္ ေရာင္းဝယ္ေရးအဖြဲ႕ခ်ဳပ္ အတြင္းေရးမႉးျဖစ္သူ ဦးထြန္းစိန္က Opinion Leaders Media ရဲ႕ေမးျမန္းမႈ ကိုေျဖၾကားခဲ့ပါတယ္။

“၃ လအတြင္းမွာ ေဈးႏႈန္းတက္လာႏိုင္တယ္။ပိတ္လိုက္တဲ့ အတြက္ေၾကာင့္ ေဈးကြက္မွာ စားသုံးေနတဲ့ ငါးပိ၊ငါးေျခာက္ က ျပတ္လပ္သြားတာ မ်ိဳးေတာ့ ျဖစ္ေကာင္းမွ ျဖစ္မယ္။ဒါေပမယ့္ ေဈးတက္သြားမယ္” လို႔ဆိုပါတယ္။ပင္လယ္ျပင္မွ ငါး မရရွိေတာ့သည့္အတြက္ ကုန္ၾကမ္း ရွားပါး လာမွာျဖစ္ေၾကာင္း၊ ကုန္ၾကမ္း သိုေလွာင္ထား သူမ်ားအေနျဖင့္ သိုေလွာင္ခ မ်ားေဈးႏႈန္းျမင့္မားသည့္အတြက္ ျပန္လည္ေရာင္းခ်ရာတြင္လည္း ေဈးႏႈန္း ျမင့္မား လာႏိုင္ေၾကာင္း၊ ကုန္ၾကမ္းသိုေလွာင္ရန္ ရင္းႏွီးရမည့္ေငြေၾကးပမာဏမ်ားသည့္အတြင္ လုပ္ငန္းရွင္ အမ်ားစု ဝယ္ယူ စုေဆာင္းႏိုင္ မွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။

ပင္လယ္ျပင္ငါးဖမ္းဆီးခြင့္ ၃ လပိတ္သိမ္းမႈေၾကာင့္ ေရလုပ္သားမ်ား ၏ စားဝတ္ေနေရး အခက္အခဲျဖစ္ လာႏိုင္ တဲ့ အတြက္ ၂ လ အထိသာ ပိတ္သိမ္းသင့္တယ္လို႔ ဆိုပါတယ္။ “ႏိုင္ငံရဲ႕ ငါးသယံဇာတ မျပဳန္းတီးဖို႔အတြက္ သတ္မွတ္ေပးတာပါ။ဒါေပမယ့္ ေရလုပ္သားေတြ လုပ္ငန္း ရွင္ေတြ ဘက္မွာ ဘာအခက္အခဲေတြရွိလဲဆိုရင္ ဒီ ၃ လဆိုတာ မ်ားလြန္းတယ္။၂ လဘဲျဖစ္သင့္တယ္။၃ လပိတ္ လိုက္ရင္ ေရလုပ္သားေတြရဲ႕ ဝင္ေငြ အခက္အခဲေတြျဖစ္လာမယ္။ ေရလုပ္ငန္းနဲ႔ မွီခိုေနရတဲ့ မိသားစုေတြ အမ်ားႀကီးရွိတယ္။ေက်ာင္းေနတဲ့ အခက္အခဲေတြ လူမႈေရး အခက္အခဲေတြ ဝင္ေငြမရွိတဲ့ အခါက်ေတာ့ ရပ္တည္ရ ခက္ခဲလာရင္ ႏိုင္ငံျခားကို ေ႐ႊ႕ေျပာင္းလုပ္သားေတြပိုၿပီး သြားေရာက္ႏိုင္တယ္။ ကိုယ့္ရပ္ ကိုယ့္ေဒသမွာ ရွာစားလို႔မရရင္ တစ္နယ္ တစ္ေက်း ရွာစားၾကလိမ့္မယ္” လို႔ဆိုပါတယ္။

ျမန္မာပင္လယ္ျပင္ ငါးဖမ္းဆီးခြင့္အား ၂၀၁၇ ခုႏွစ္က ၅၀ ရာခိုင္ႏႈန္းပိတ္သိမ္းခဲ့ေၾကာင္း၊ ၂၀၁၈ ခုႏွစ္တြင္ ၈၀ ရာခိုင္ႏႈန္း ပတ္သိမ္းခဲ့ၿပီး ယခု ၂၀၁၉ ခုႏွစ္တြင္ ၃ လတာကာလအတြင္း ဖမ္းဆီးခြင့္ လုံးဝပိတ္သိမ္း ခဲ့ျခင္း ျဖစ္ပါတယ္။ ပင္လယ္ငါးဖမ္းလုပ္ငန္းမ်ားရွိသည့္ ျပည္နယ္ႏွင့္ တိုင္းမ်ားမွ ေဒသခံ လုပ္ငန္းရွင္မ်ားသည္ မတ္လ ၂၂ ရက္ေန႔ က ေနျပည္ေတာ္တြင္ က်င္းပသည့္ ငါးမဖမ္းရ ရာသီ ႏွင့္ ငါးလုပ္ငန္းဆိုင္ရာ စီမံခ်က္အေကာင္ အထည္ေဖာ္ ေဆာင္႐ြက္ရန္ စုံညီအစည္းအေဝးသို႔ တက္ေရာက္ခဲ့ၾကၿပီး လုပ္ငန္းရွင္မ်ားက ငါးမဖမ္းရရာသီ သတ္မွတ္ျခင္း ကို မကန႔္ကြက္ေသာ္လည္း ပိတ္ရန္သတ္မွတ္သည့္ အခ်ိန္ ၃ လမွ ၂ လသို႔ေလ်ာ့ခ် ေပးရန္ေတာင္း ဆိုခဲ့ၾကပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ေမ ၁၃