ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုကြောင့် အနာဂတ်တွင် ရန်ကုန်မြို့ရေနစ်မြုပ်မယ့်ကိစ္စ မဖြစ်နိုင်ကြောင်း YCDC အတွင်းရေးမှူး ပြောကြား

 ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုကြောင့် အနာဂတ်တွင် ရန်ကုန်မြို့ရေနစ်မြုပ်မယ့်ကိစ္စ မဖြစ်နိုင်ကြောင်း YCDC အတွင်းရေးမှူး ပြောကြား

ပင်လယ်ရေမျက်နှာပြင်မြင့်တက်တာကြောင့် နောင်အနာဂတ်ကာလမှာ ရန်ကုန်မြို့အနေနဲ့ ရေမြုပ်နိုင်တဲ့ အခြေအနေမျိုးရှိတယ်လို့ ပြောဆို မှုတွေဟာ လက်တွေ့အခြေအနေအရ မဖြစ်နိုင်ဘူးလို့ မြို့တော်စည်ပင် အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောပါတယ်။

“သဘာဝတရားနဲ့ နေတတ်အောင် ကြိုတင်ပြင်ဆင်ခဲ့တာကြောင့် စိုးရိမ်စရာမရှိပါဘူး”လို့ ၎င်းက ဆိုပါတယ်။ လတ်တလောမှာ မြောင်းချဲ့တာတွေ အပါအဝင် ရေစီးရေလာကောင်းမွန်အောင် လုပ်ဆောင်တာတွေကို ကမ္ဘာ့ဘဏ်ရဲ့ အစီအစဉ်တွေ၊ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း
ဆောင်ရွက်ရေးအေဂျင်စီ(JICA)ရဲ့ ပံ့ပိုးမှုတွေနဲ့ လုပ်ဆောင်နေတာတွေရှိတယလို့ သိရပါတယ်။ “ဒီနှစ်မှာက ရေတက်ရင်လည်း ခဏလေးနဲ့တင် ပြန်ကျတယ်၊ သတင်းတွေစုံစမ်းကြည့်တော့လည်း ခဏလေးနဲ့ပြန်ကျတယ်ဆိုတဲ့ Result တွေပြန်ကြားရတယ်၊ ရန်ကုန်မှာက ရေကြီးရတဲ့ အကြောင်းအရင်း သုံးခုရှိတယ်”လို့ ၎င်းကရှင်းပြခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ ဒီရေအတက်အကျများပြားခြင်း၊ ရာသီဥတုပြောင်းလဲတာကြောင့် မိုးများသွန်ချသလို ရွာချခြင်း၊ အထက်အရပ်မှ ရေကြီးမှုများဖြစ်ခဲ့ ကာ အောက်ဘက်သို့ ရေများပြန်ဆင်းလာစဉ် ရေတံခါးပိတ်ထားတဲ့အခါ မိုးများရွာချတာကြောင့်လည်း ရေကြီးရေလံျှတာတွေဖြစ်တတ်တယ်လို့ သိရပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ စက်တင်ဘာ ၃

(  Zawgyi  )

 ပင္လယ္ေရမ်က္ႏွာျပင္ျမင့္တက္တာေၾကာင့္ ေနာင္အနာဂတ္ကာလမွာ ရန္ကုန္ၿမိဳ႕အေနနဲ႔ ေရျမဳပ္ႏိုင္တဲ့ အေျခအေနမ်ိဳးရွိတယ္လို႔ ေျပာဆို မႈေတြဟာ လက္ေတြ႕အေျခအေနအရ မျဖစ္ႏိုင္ဘူးလို႔ ၿမိဳ႕ေတာ္စည္ပင္ အတြင္းေရးမႉး ေဒၚလႈိင္ေမာ္ဦးက ေျပာပါတယ္။

“သဘာဝတရားနဲ႔ ေနတတ္ေအာင္ ႀကိဳတင္ျပင္ဆင္ခဲ့တာေၾကာင့္ စိုးရိမ္စရာမရွိပါဘူး”လို႔ ၎က ဆိုပါတယ္။ လတ္တေလာမွာ ေျမာင္းခ်ဲ႕တာေတြ အပါအဝင္ ေရစီးေရလာေကာင္းမြန္ေအာင္ လုပ္ေဆာင္တာေတြကို ကမာၻ႔ဘဏ္ရဲ႕ အစီအစဥ္ေတြ၊ ဂ်ပန္ႏိုင္ငံ အျပည္ျပည္ဆိုင္ရာ ပူးေပါင္း
ေဆာင္႐ြက္ေရးေအဂ်င္စီ(JICA)ရဲ႕ ပံ့ပိုးမႈေတြနဲ႔ လုပ္ေဆာင္ေနတာေတြရွိတယလို႔ သိရပါတယ္။ “ဒီႏွစ္မွာက ေရတက္ရင္လည္း ခဏေလးနဲ႔တင္ ျပန္က်တယ္၊ သတင္းေတြစုံစမ္းၾကည့္ေတာ့လည္း ခဏေလးနဲ႔ျပန္က်တယ္ဆိုတဲ့ Result ေတြျပန္ၾကားရတယ္၊ ရန္ကုန္မွာက ေရႀကီးရတဲ့ အေၾကာင္းအရင္း သုံးခုရွိတယ္”လို႔ ၎ကရွင္းျပခဲ့တာ ျဖစ္ပါတယ္။

ရန္ကုန္ၿမိဳ႕မွာ ဒီေရအတက္အက်မ်ားျပားျခင္း၊ ရာသီဥတုေျပာင္းလဲတာေၾကာင့္ မိုးမ်ားသြန္ခ်သလို ႐ြာခ်ျခင္း၊ အထက္အရပ္မွ ေရႀကီးမႈမ်ားျဖစ္ခဲ့ ကာ ေအာက္ဘက္သို႔ ေရမ်ားျပန္ဆင္းလာစဥ္ ေရတံခါးပိတ္ထားတဲ့အခါ မိုးမ်ား႐ြာခ်တာေၾကာင့္လည္း ေရႀကီးေရလံွ်တာေတြျဖစ္တတ္တယ္လို႔ သိရပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ စက္တင္ဘာ ၃