ပညာရေးစနစ်သည်အဓိကအရေးကြီးပြီး၊ပညာရေးစနစ်မှန်ပါက အခြားနိုင်ငံများနှင့် ရင်ဘောင်တန်းနိုင်ဟုနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

ပညာရေးစနစ်သည်အဓိကအရေးကြီးပြီး၊ပညာရေးစနစ်မှန်ပါက အခြားနိုင်ငံများနှင့် ရင်ဘောင်တန်းနိုင်ဟုနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

ပညာရေးစနစ်သည်အဓိကအရေးကြီးပြီး၊ပညာရေးစနစ်မှန်ပါကအခြားနိုင်ငံများနှင့်ရင်ဘောင်တန်းနိုင်မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒါ်အောင်ဆန်းစုကြည် ကပြောကြားခဲ့ပါတယ်။

အဆိုပါပြောကြားမှုကို ယနေ့မေ ၁၂ ရက်၊နံနက်ပိုင်းအချိန်က နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်တဲ့ပြည်ထောင်စုနယ်မြေ၊နေပြည်တော်ဒက္ခိဏခရိုင်(Grade-6)သင်ရိုးသစ်ခရိုင်အဆင့်ဆွေးနွေးပွဲ သင်တန်းသို့လာရောက်စဉ်သင်တန်းဆရာ/ဆရာမများအား အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

“ကျမတို့နိုင်ငံဟာဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်အများကြီးလိုပါသေးတယ်။အဓိကအရေးကြီးတာကပညာရေးစနစ်ပါ၊ပညာရေးစနစ်မှန်လို့ရှိရင်အခြားနိုင်ငံတွနဲ့ရင်ဘောင်တန်းနိုင်တယ်။အချိန်တိုကာလအတွင်းမှာလိုက်မီအောင်လုပ်နိုင်တယ်။ကျမတို့ရဲ့ကျောင်းသူကျောင်းသားများကိုတစ်ခြားနိုင်ငံကျောင်းသူကျောင်းသားများနဲ့တစ်မူထူးပြီးတော်စေချင်တယ်၊တော်စေချင်တဲ့နေရာမှာကျောင်းစာမှာတင်မကဘူး။စိတ်ဓာတ်ရေးရာမှာလည်းတော်စေချင်တယ်၊တစ်ယောက်နဲ့တစ်ယောက်ချစ်ချစ်ခင်ခင်ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာလည်းတော်စေချင်တယ်၊အခုရေပန်းစားနေတာကခေါင်းဆောင်သင်တန်းတွေလူငယ်ခေါင်ဆောင်တို့၊အမျိုးသမီးခေါင်းဆောင်စီပွားရေးခေါင်းဆောင်တို့ခေါင်ဆောင်သင်တန်းတွေအများကြီးလုပ်ကြတယ်။ဒါပေမဲ့အားလုံးစုပေါင်းပြီးအစုအဖွဲ့နဲ့ဘယ်လိုလုပ်ရမယ်၊ဘယ်လိုနေရမယ်ဆိုတဲ့သင်တန်းတွေအားမပေးကြဘူး။ကျမတို့ရဲ့နိုင်ငံသူနိုင်ငံသားများဟာအတူပူးပေါင်းပြီးအစုအဖွဲ့လိုက်လုပ်တဲ့နေရာမှာတော်ဖို့ကိုဖြစ်စေချင်တယ်၊အားလုံးခေါင်းဆောင်လုပ်နေမယ်ဆိုရင်နောက်ကလိုက်မဲ့သူတွေတစ်ယောက်မှကျန်တော့မှာမဟုတ်ဘူး။ပြီးတော့ကျမတို့အားလုံးဟာကိုယ့်နေရာနဲ့လက်တွဲပြီးတစ်ယောက်ကိုတစ်ယောက်ကူညီပြီးကျမတို့ရဲ့လူမှုအသိုင်းအဝိုင်းတိုးတက်ပျော်ရွှင်ဖို့အတွက် ဖွံ့ဖြိုးဖို့အတွက်လုပ်နိုင်တဲ့ကလေးတွေကိုမွေးထုတ်ချင်ပါတယ်။”လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကပြောကြားခဲ့ပါတယ်။

ဆက်လက်၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် က “အဲ့မှာအဓိကကျတာကတော့ကျောင်းဆရာ/ဆရာမတွေပါဘဲဖြစ်ပါတယ်။ ကျမက ကြုံတိုင်းတော့ ပြောရမှာဘဲကျောင်းဆရာတွေလိုပါတယ်၊ ဒါကြောင့်အမျိုးသားတွေကျောင်းဆရာလုပ်ဖို့စဉ်းစာကြပါ ဒါဟာအင်မတန်မှပျော်စရာကောင်းတဲ့ အလုပ်ပါ၊အင်မတန်မှလည်း အကျိုးပြုတဲ့အလုပ်ပါ၊ ဒါကြောင့်မိုလို့အမျိုးသားတွေကျောင်း ဆရာလုပ်ဖို့ဝန်မလေးပါနဲ့ကျောင်းဆရာလုပ်ချင်ကြပါ၊ကျောင်းဆရာလုပ်ချင်းဟာဘယ်လောက်ပျော်စရာကောင်းလည်းဆိုတာသိပါလိမ့်မယ်၊အမျိုးသားတွေပညာရေးဖက်ကိုစိတ်ဝင်စားစေချင်ပါတယ်၊စိတ်ဝင်စားစေချင်ပါတယ်၊ကျမသိသလောက်ကအမျိုးသမီးတွေ(၈၀%)ကျော်လောက်ကတော့အမျိုးသမီးတွေဘဲဖြစ်ပါတယ်၊ဒီတော့အမျိုးသမီးတွေမှာလည်းအများကြီးတာဝန်ရှိပါတယ်”လို့ ပြောကြားခဲ့ပါသေးတယ်။

PTG
နေပြည်တော်၊မေ ၂၁ 

(  Zawgyi  )

 ပညာေရးစနစ္သည္အဓိကအေရးႀကီးၿပီး၊ပညာေရးစနစ္မွန္ပါကအျခားႏိုင္ငံမ်ားႏွင့္ရင္ေဘာင္တန္းႏိုင္မယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ဒၚေအာင္ဆန္းစုၾကည္ ကေျပာၾကားခဲ့ပါတယ္။

အဆိုပါေျပာၾကားမႈကို ယေန႔ေမ ၁၂ ရက္၊နံနက္ပိုင္းအခ်ိန္က ေနျပည္ေတာ္ေကာင္စီနယ္ေျမ ပ်ဥ္းမနားၿမိဳ႕ အမွတ္(၂)အေျခခံပညာ အထက္တန္းေက်ာင္းတြင္ ျပဳလုပ္တဲ့ျပည္ေထာင္စုနယ္ေျမ၊ေနျပည္ေတာ္ဒကၡိဏခ႐ိုင္(Grade-6)သင္႐ိုးသစ္ခ႐ိုင္အဆင့္ေဆြးေႏြးပြဲ သင္တန္းသို႔လာေရာက္စဥ္သင္တန္းဆရာ/ဆရာမမ်ားအား အထက္ပါအတိုင္းေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

“က်မတို႔ႏိုင္ငံဟာဖြံ႕ၿဖိဳးတိုးတက္ဖို႔ဆိုရင္အမ်ားႀကီးလိုပါေသးတယ္။အဓိကအေရးႀကီးတာကပညာေရးစနစ္ပါ၊ပညာေရးစနစ္မွန္လို႔ရွိရင္အျခားႏိုင္ငံတြနဲ႔ရင္ေဘာင္တန္းႏိုင္တယ္။အခ်ိန္တိုကာလအတြင္းမွာလိုက္မီေအာင္လုပ္ႏိုင္တယ္။က်မတို႔ရဲ႕ေက်ာင္းသူေက်ာင္းသားမ်ားကိုတစ္ျခားႏိုင္ငံေက်ာင္းသူေက်ာင္းသားမ်ားနဲ႔တစ္မူထူးၿပီးေတာ္ေစခ်င္တယ္၊ေတာ္ေစခ်င္တဲ့ေနရာမွာေက်ာင္းစာမွာတင္မကဘူး။စိတ္ဓာတ္ေရးရာမွာလည္းေတာ္ေစခ်င္တယ္၊တစ္ေယာက္နဲ႔တစ္ေယာက္ခ်စ္ခ်စ္ခင္ခင္ပူးေပါင္းေဆာင္႐ြက္တဲ့ေနရာမွာလည္းေတာ္ေစခ်င္တယ္၊အခုေရပန္းစားေနတာကေခါင္းေဆာင္သင္တန္းေတြလူငယ္ေခါင္ေဆာင္တို႔၊အမ်ိဳးသမီးေခါင္းေဆာင္စီပြားေရးေခါင္းေဆာင္တို႔ေခါင္ေဆာင္သင္တန္းေတြအမ်ားႀကီးလုပ္ၾကတယ္။ဒါေပမဲ့အားလုံးစုေပါင္းၿပီးအစုအဖြဲ႕နဲ႔ဘယ္လိုလုပ္ရမယ္၊ဘယ္လိုေနရမယ္ဆိုတဲ့သင္တန္းေတြအားမေပးၾကဘူး။က်မတို႔ရဲ႕ႏိုင္ငံသူႏိုင္ငံသားမ်ားဟာအတူပူးေပါင္းၿပီးအစုအဖြဲ႕လိုက္လုပ္တဲ့ေနရာမွာေတာ္ဖို႔ကိုျဖစ္ေစခ်င္တယ္၊အားလုံးေခါင္းေဆာင္လုပ္ေနမယ္ဆိုရင္ေနာက္ကလိုက္မဲ့သူေတြတစ္ေယာက္မွက်န္ေတာ့မွာမဟုတ္ဘူး။ၿပီးေတာ့က်မတို႔အားလုံးဟာကိုယ့္ေနရာနဲ႔လက္တြဲၿပီးတစ္ေယာက္ကိုတစ္ေယာက္ကူညီၿပီးက်မတို႔ရဲ႕လူမႈအသိုင္းအဝိုင္းတိုးတက္ေပ်ာ္႐ႊင္ဖို႔အတြက္ ဖြံ႕ၿဖိဳးဖို႔အတြက္လုပ္ႏိုင္တဲ့ကေလးေတြကိုေမြးထုတ္ခ်င္ပါတယ္။”လို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကေျပာၾကားခဲ့ပါတယ္။

ဆက္လက္၍ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ က “အဲ့မွာအဓိကက်တာကေတာ့ေက်ာင္းဆရာ/ဆရာမေတြပါဘဲျဖစ္ပါတယ္။ က်မက ႀကဳံတိုင္းေတာ့ ေျပာရမွာဘဲေက်ာင္းဆရာေတြလိုပါတယ္၊ ဒါေၾကာင့္အမ်ိဳးသားေတြေက်ာင္းဆရာလုပ္ဖို႔စဥ္းစာၾကပါ ဒါဟာအင္မတန္မွေပ်ာ္စရာေကာင္းတဲ့ အလုပ္ပါ၊အင္မတန္မွလည္း အက်ိဳးျပဳတဲ့အလုပ္ပါ၊ ဒါေၾကာင့္မိုလို႔အမ်ိဳးသားေတြေက်ာင္း ဆရာလုပ္ဖို႔ဝန္မေလးပါနဲ႔ေက်ာင္းဆရာလုပ္ခ်င္ၾကပါ၊ေက်ာင္းဆရာလုပ္ခ်င္းဟာဘယ္ေလာက္ေပ်ာ္စရာေကာင္းလည္းဆိုတာသိပါလိမ့္မယ္၊အမ်ိဳးသားေတြပညာေရးဖက္ကိုစိတ္ဝင္စားေစခ်င္ပါတယ္၊စိတ္ဝင္စားေစခ်င္ပါတယ္၊က်မသိသေလာက္ကအမ်ိဳးသမီးေတြ(၈၀%)ေက်ာ္ေလာက္ကေတာ့အမ်ိဳးသမီးေတြဘဲျဖစ္ပါတယ္၊ဒီေတာ့အမ်ိဳးသမီးေတြမွာလည္းအမ်ားႀကီးတာဝန္ရွိပါတယ္”လို႔ ေျပာၾကားခဲ့ပါေသးတယ္။

PTG
ေနျပည္ေတာ္၊ေမ ၂၁