ပုဂ္ဂလိကပိုင်ကဏ္ဍမှ ကုန်သွယ်မှု ခုနှစ်လတာကာလအတွင်း ကုန်သွယ်ရေးလိုငွေ ကန်ဒေါ်လာ သန်း ၅၀၀ ကျော် ဖြစ်ပေါ်

ပုဂ္ဂလိကပိုင်ကဏ္ဍမှ ကုန်သွယ်မှု ခုနှစ်လတာကာလအတွင်း ကုန်သွယ်ရေးလိုငွေ ကန်ဒေါ်လာ သန်း ၅၀၀ ကျော် ဖြစ်ပေါ်

ယခုဘဏ္ဍာနှစ် ရှစ်လတာကာလအတွင်း ပုဂ္ဂလိကပိုင် ကဏ္ဍတစ်ခုတည်းမှ ကန်ဒေါ်လာ ၁၉ ဘီလျံကျော် ကုန်သွယ်ခဲ့ပြီး မေလတစ်ခုတည်းတွင် ကန်ဒေါ်လာ နှစ်ဘီခွဲလျံကျော်ထိ ကုန်သွယ်နိုင်ခဲ့ပြီး ကုန်သွယ်ရေးလိုငွေ ကန်ဒေါ်လာ သန်း ၅၀၀ ကျော် ဖြစ်ပေါ်ခဲ့တယ်လို့  ကုန်သွယ်ရေးဦးစီးဌာန ဇွန်လ နောက်ဆုံးအပတ်က ထုတ်ပြန်ခဲ့တဲ့ ဘဏ္ဍာနှစ်အလိုက် ပုံမှန်/နယ်စပ် နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် ကုန်သွယ်မှုအခြေအနေ စာရင်းအချက်အလက်များအရ သိရပါတယ်။

မေလအတွင်း ပုဂ္ဂလိကပိုင်ကဏ္ဍမှ ကုန်သွယ်မှုကို ပြန်ကြည့်ပါက စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၀၄၇ ဒသမ ၂၅၇ သန်း ရှိခဲ့ရာ ထိုပမာဏထဲတွင် ပို့ကုန် ကန်ဒေါ်လာ ၉၉၂ ဒသမ  ၅၈၅ သန်း၊ သွင်းကုန် ကန်ဒေါ် လာ ၁၆၁၁ ဒသမ ၁၇၃ သန်း ရှိခဲ့ကာ ကုန်သွယ်ရေးလိုငွေ ကန်ဒေါ်လာ ၆၁၈ ဒသမ ၆၆၈ သန်း ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီလနှင့် ဖေဖေါ်ဝါရီ၊ မတ်၊ ဧပြီ၊ မေလ စသည့် ရှစ်လတာကာလအတွင်း ပြည်ပနိုင်ငံများနှင့် ကုန်သွယ်ရာတွင် ကန်ဒေါ်လာ ၂၃ ဘီလျံကျော် ရှိသည့်အနက် ပုဂ္ဂလိကကဏ္ဍမှ ကန်ဒေါ်လာ ၁၉၃၉၂ ဒသမ ၂၄၁ သန်း ရှိခဲ့ကြောင်း သိရပါတယ်။အဆိုပါပမာဏတွင် ပုဂ္ဂလိကကဏ္ဍမှ ပို့ကုန် ကန်ဒေါ်လာ ၇၉၆၉ ဒသမ ၅၉၃ သန်း၊ သွင်းကုန် ကန်ဒေါ်လာ ၁၁၄၂၂ ဒသမ ၆၄၈ သန်း ရှိခဲ့ကာ ရှစ်လတာကာလအတွင်း ကုန်သွယ်ရေးလိုငွေ  သုံးဘီလျံခွဲခန့် (၃၄၅၃ ဒသမ ၀၅၅ သန်း) ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ဘဏ္ဍာနှစ် ရှစ်လတာကာလအတွင်း ပုဂ္ဂလိကကဏ္ဍမှ ကုန်သွယ်မှု ကန်ဒေါ်လာ ၁၉ ဘီလျံခန့်တွင် ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၁၅၁၂၂ ဒသမ ၂၄၄ သန်းနှင့် နယ်စပ်ကုန်သွယ်ရေးမှ ၄၂၆၉ ဒသမ ၉၇၇ သန်းဖိုး ကုန်သွယ်ခဲ့ကြောင်း သိရပါတယ်။

ဘဏ္ဍာနှစ်အလိုက် ပုဂ္ဂလိကပိုင်ကဏ္ဍမှ ကုန်သွယ်ရာတွင်  ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀၆၇၃ ဒသမ ၄၉၆ သန်း၊၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၁၉၆၀ ဒသမ ၀၆၁ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၆၀၇၅ ဒသမ ၈၄၈ သန်း၊ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၉၁၈၇ ဒသမ ၇၃၀ သန်း၊ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၉၇၆၂ ဒသမ ၅၈၃ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၂၄၃၈၅ ဒသမ ၅၄၉ သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၂၇၂၄၃  ဒဿမ ၉၃၅ သန်းနှင့် ၂၀၁၈ ကာလတိုဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၅၇၀၉ ဒသမ၈ ၆၆ သန်း ကုန်သွယ်ခဲ့ကြောင်း သိရပါတယ်။    

PWA
ရန်ကုန်၊ ဇူလိုင် - ၃၁

( Zawgyi )

ယခုဘ႑ာႏွစ္ ရွစ္လတာကာလအတြင္း ပုဂၢလိကပိုင္ က႑တစ္ခုတည္းမွ ကန္ေဒၚလာ ၁၉ ဘီလ်ံေက်ာ္ ကုန္သြယ္ခဲ့ၿပီး ေမလတစ္ခုတည္းတြင္ ကန္ေဒၚလာ ႏွစ္ဘီခြဲလ်ံေက်ာ္ထိ ကုန္သြယ္ႏိုင္ခဲ့ၿပီး ကုန္သြယ္ေရးလိုေငြ ကန္ေဒၚလာ သန္း ၅၀၀ ေက်ာ္ ျဖစ္ေပၚခဲ့တယ္လို႔  ကုန္သြယ္ေရးဦးစီးဌာန ဇြန္လ ေနာက္ဆုံးအပတ္က ထုတ္ျပန္ခဲ့တဲ့ ဘ႑ာႏွစ္အလိုက္ ပုံမွန္/နယ္စပ္ ႏိုင္ငံပိုင္၊ ပုဂၢလိကပိုင္ ကုန္သြယ္မႈအေျခအေန စာရင္းအခ်က္အလက္မ်ားအရ သိရပါတယ္။

ေမလအတြင္း ပုဂၢလိကပိုင္က႑မွ ကုန္သြယ္မႈကို ျပန္ၾကည့္ပါက စုစုေပါင္း ကုန္သြယ္မႈပမာဏ အေမရိကန္ေဒၚလာ ၃၀၄၇ ဒသမ ၂၅၇ သန္း ရွိခဲ့ရာ ထိုပမာဏထဲတြင္ ပို႔ကုန္ ကန္ေဒၚလာ ၉၉၂ ဒသမ  ၅၈၅ သန္း၊ သြင္းကုန္ ကန္ေဒၚ လာ ၁၆၁၁ ဒသမ ၁၇၃ သန္း ရွိခဲ့ကာ ကုန္သြယ္ေရးလိုေငြ ကန္ေဒၚလာ ၆၁၈ ဒသမ ၆၆၈ သန္း ျဖစ္ေပၚခဲ့တယ္လို႔ သိရပါတယ္။

ေအာက္တိုဘာ၊ ႏိုဝင္ဘာ၊ ဒီဇင္ဘာ၊ ဇန္နဝါရီလႏွင့္ ေဖေဖၚဝါရီ၊ မတ္၊ ဧၿပီ၊ ေမလ စသည့္ ရွစ္လတာကာလအတြင္း ျပည္ပႏိုင္ငံမ်ားႏွင့္ ကုန္သြယ္ရာတြင္ ကန္ေဒၚလာ ၂၃ ဘီလ်ံေက်ာ္ ရွိသည့္အနက္ ပုဂၢလိကက႑မွ ကန္ေဒၚလာ ၁၉၃၉၂ ဒသမ ၂၄၁ သန္း ရွိခဲ့ေၾကာင္း သိရပါတယ္။အဆိုပါပမာဏတြင္ ပုဂၢလိကက႑မွ ပို႔ကုန္ ကန္ေဒၚလာ ၇၉၆၉ ဒသမ ၅၉၃ သန္း၊ သြင္းကုန္ ကန္ေဒၚလာ ၁၁၄၂၂ ဒသမ ၆၄၈ သန္း ရွိခဲ့ကာ ရွစ္လတာကာလအတြင္း ကုန္သြယ္ေရးလိုေငြ  သုံးဘီလ်ံခြဲခန႔္ (၃၄၅၃ ဒသမ ၀၅၅ သန္း) ျဖစ္ေပၚခဲ့တယ္လို႔ သိရပါတယ္။

ဘ႑ာႏွစ္ ရွစ္လတာကာလအတြင္း ပုဂၢလိကက႑မွ ကုန္သြယ္မႈ ကန္ေဒၚလာ ၁၉ ဘီလ်ံခန႔္တြင္ ပင္လယ္ေရေၾကာင္းမွ ကန္ေဒၚလာ ၁၅၁၂၂ ဒသမ ၂၄၄ သန္းႏွင့္ နယ္စပ္ကုန္သြယ္ေရးမွ ၄၂၆၉ ဒသမ ၉၇၇ သန္းဖိုး ကုန္သြယ္ခဲ့ေၾကာင္း သိရပါတယ္။

ဘ႑ာႏွစ္အလိုက္ ပုဂၢလိကပိုင္က႑မွ ကုန္သြယ္ရာတြင္  ၂၀၁၁-၂၀၁၂ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၀၆၇၃ ဒသမ ၄၉၆ သန္း၊၂၀၁၂ -၂၀၁၃ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၁၉၆၀ ဒသမ ၀၆၁ သန္း၊ ၂၀၁၃-၂၀၁၄ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၆၀၇၅ ဒသမ ၈၄၈ သန္း၊ ၂၀၁၄ -၂၀၁၅ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၉၁၈၇ ဒသမ ၇၃၀ သန္း၊ ၂၀၁၅ -၂၀၁၆ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၉၇၆၂ ဒသမ ၅၈၃ သန္း၊ ၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၂၄၃၈၅ ဒသမ ၅၄၉ သန္း၊ ၂၀၁၇ -၂၀၁၈ ဘ႑ာႏွစ္တြင္ ကန္ေဒၚလာ ၂၇၂၄၃  ဒႆမ ၉၃၅ သန္းႏွင့္ ၂၀၁၈ ကာလတိုဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၅၇၀၉ ဒသမ၈ ၆၆ သန္း ကုန္သြယ္ခဲ့ေၾကာင္း သိရပါတယ္။    

PWA
ရန္ကုန္၊ ဇူလိုင္ - ၃၁