ပုလဲဈေးကွက် အေးနေသော်လည်း ပုံမှန်ဝယ်လက်အချို့ ရှိနေဆဲ

ပုလဲဈေးကွက် အေးနေသော်လည်း ပုံမှန်ဝယ်လက်အချို့ ရှိနေဆဲ

ပြည်တွင်းရဲ့ ရတနာပစ္စည်း ဈေးကွက်တွေထဲမှာ ပုလဲဟာလည်း ဈေးကွက်တစ်ရပ်ရှိပေမယ့် ယခုအခါ ဈေးကွက်အေးနေတဲ့ အခြေအနေရှိတယ်လို့ ကျောက်မျက်ရတနာ ရောင်းဝယ်သူတွေဆီက သိရပါတယ်။

"လောလောဆယ် ဈေးကွက်အနေအထားက ခြုံပြီးသုံးသပ်ရင် အေးနေတယ်ပေါ့၊ အေးတယ်ဆိုပေမယ့် အရောင်းအဝယ် လုံးဝမရှိတာမဟုတ်ဘူး၊ ပုံမှန်ဝယ်နေကျ ဝယ်လက်တွေတော့ ရှိပါတယ်” လို့ ကျောက်မျက်ရတနာ လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ကိုဇော်မိုး က ပြောပါတယ်။

ပုလဲကို တန်ဖိုးထား ဆင်မြန်းသူတွေအနေနဲ့ အလေးထားဝယ်ယူကြသလို ပုလဲဟာ စိတ်ဝင်စားစရာကောင်းတဲ့ အဖိုးတန် သယံဇာတပစ္စည်းလည်း ဖြစ်ကြောင်း၊ ပြည်တွင်းမှာ တောင်ပင်လယ်ပုလဲလို့ခေါ်တဲ့ တနင်္သာရီကမ်းရိုးတန်းမှာ မွေးမြူထုတ်လုပ်တဲ့ ပုလဲ အပါအဝင် ဂျပန်ပုလဲ၊ ပုလဲနက် စတာတွေဟာလည်း အခိုင်အမာ ဝယ်လက်တွေရှိသလို ပုံစံအမျိုးမျိုးနဲ့ ဈေးနှုန်းလည်း အသီးသီးရှိကြကြောင်း၊ အိမ်နီးချင်းနိုင်ငံတွေကလည်း မြန်မာ့ပုလဲကို နှစ်သက်စွာ ဝယ်ယူမှုတွေလည်း ရှိလာတယ်လို့ သိရပါတယ်။

“အခုလိုကာလတွေက ဈေးကွက်အေးတတ်တာလည်း ရှိတာပေါ့၊ သူက တခြားရတနာပစ္စည်းဖြစ်တဲ့ ရွှေတို့ ဘာတို့လို ငွေစုဆောင်းတဲ့သဘောနဲ့ ဝယ်တာမျိုးက နည်းတယ်၊ တန်ဖိုးထားပြီးတော့ ဆင်မြန်းဖို့ ဝယ်ကြတာများပါတယ်၊ ဒါ့ကြောင့်လည်း ဟိုဟာတွေလိုတော့ ဈေးကွက်က စည်စည်ကားကားကြီး မရှိဘူးပေါ့၊ ဒါပေမဲ့လည်း သူ့ဟာနဲ့သူတော့ ဝယ်လက်တွေက ရှိတတ်ကြတယ်၊ တစ်ချို့ဆိုရင် ရတနာနဲ့ ပြန်ခတ်ပြီးတော့ ဆင်မြန်းဖို့ ဝယ်တာတွေရှိပါတယ်၊ အခုလို အရောင်းပွဲတော်တွေ လုပ်ရင်းနဲ့ ရောင်းသူဝယ်သူတွေကို စုစုစည်းစည်း အရောင်းအဝယ်လုပ်နိုင်အောင် စီစဉ်လာကြတာလည်း ပါပါတယ်၊ ဈေးကွက်ကောင်းမွန်လာပြီး အရောင်းအဝယ်ကောင်းလာမှာပါ၊ အိမ်နီးချင်း ထိုင်းတို့ ဘာတို့ကလည်း သဘောကျတယ်၊ အဲ့ဒီက ဝယ်လက်တွေလည်း ဝယ်ဖို့ဆက်သွယ်တာတွေ ရှိပါတယ်” လို့ ကျောက်မျက်ကုန်သည် ဦးထွန်းအုန်း က ရှင်းပြပါတယ်။

ပုလဲတွေမှာ အရောင်အသွေးအမျိုးမျိုး ကွဲပြားနေတာတွေရှိသလို မူလပင်မအရောင်ပေါ် လွှမ်းမိုးနေတဲ့ Overtone အမျိုးအစားတူ ပုလဲတွေကို အရောင်ကွဲများစွာနဲ့ဈေးကွက်ထဲ တွေ့ရတဲ့အပြင် ဝယ်ယူသူ အများစုဟာ ဒေါ်လာ ၃၀၀ တန်ကနေ ၁၅၀၀ တန်ကြားတွေသာ ဝယ်ယူလေ့ရှိတယ်လို့ သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဇူလိုင် - ၁၅

( Zawgyi )

ျပည္တြင္းရဲ႕ ရတနာပစၥည္း ေဈးကြက္ေတြထဲမွာ ပုလဲဟာလည္း ေဈးကြက္တစ္ရပ္ရွိေပမယ့္ ယခုအခါ ေဈးကြက္ေအးေနတဲ့ အေျခအေနရွိတယ္လို႔ ေက်ာက္မ်က္ရတနာ ေရာင္းဝယ္သူေတြဆီက သိရပါတယ္။

"ေလာေလာဆယ္ ေဈးကြက္အေနအထားက ၿခဳံၿပီးသုံးသပ္ရင္ ေအးေနတယ္ေပါ့၊ ေအးတယ္ဆိုေပမယ့္ အေရာင္းအဝယ္ လုံးဝမရွိတာမဟုတ္ဘူး၊ ပုံမွန္ဝယ္ေနက် ဝယ္လက္ေတြေတာ့ ရွိပါတယ္” လို႔ ေက်ာက္မ်က္ရတနာ လုပ္ငန္းရွင္တစ္ဦးျဖစ္တဲ့ ကိုေဇာ္မိုး က ေျပာပါတယ္။

ပုလဲကို တန္ဖိုးထား ဆင္ျမန္းသူေတြအေနနဲ႔ အေလးထားဝယ္ယူၾကသလို ပုလဲဟာ စိတ္ဝင္စားစရာေကာင္းတဲ့ အဖိုးတန္ သယံဇာတပစၥည္းလည္း ျဖစ္ေၾကာင္း၊ ျပည္တြင္းမွာ ေတာင္ပင္လယ္ပုလဲလို႔ေခၚတဲ့ တနသၤာရီကမ္း႐ိုးတန္းမွာ ေမြးျမဴထုတ္လုပ္တဲ့ ပုလဲ အပါအဝင္ ဂ်ပန္ပုလဲ၊ ပုလဲနက္ စတာေတြဟာလည္း အခိုင္အမာ ဝယ္လက္ေတြရွိသလို ပုံစံအမ်ိဳးမ်ိဳးနဲ႔ ေဈးႏႈန္းလည္း အသီးသီးရွိၾကေၾကာင္း၊ အိမ္နီးခ်င္းႏိုင္ငံေတြကလည္း ျမန္မာ့ပုလဲကို ႏွစ္သက္စြာ ဝယ္ယူမႈေတြလည္း ရွိလာတယ္လို႔ သိရပါတယ္။

“အခုလိုကာလေတြက ေဈးကြက္ေအးတတ္တာလည္း ရွိတာေပါ့၊ သူက တျခားရတနာပစၥည္းျဖစ္တဲ့ ေ႐ႊတို႔ ဘာတို႔လို ေငြစုေဆာင္းတဲ့သေဘာနဲ႔ ဝယ္တာမ်ိဳးက နည္းတယ္၊ တန္ဖိုးထားၿပီးေတာ့ ဆင္ျမန္းဖို႔ ဝယ္ၾကတာမ်ားပါတယ္၊ ဒါ့ေၾကာင့္လည္း ဟိုဟာေတြလိုေတာ့ ေဈးကြက္က စည္စည္ကားကားႀကီး မရွိဘူးေပါ့၊ ဒါေပမဲ့လည္း သူ႔ဟာနဲ႔သူေတာ့ ဝယ္လက္ေတြက ရွိတတ္ၾကတယ္၊ တစ္ခ်ိဳ႕ဆိုရင္ ရတနာနဲ႔ ျပန္ခတ္ၿပီးေတာ့ ဆင္ျမန္းဖို႔ ဝယ္တာေတြရွိပါတယ္၊ အခုလို အေရာင္းပြဲေတာ္ေတြ လုပ္ရင္းနဲ႔ ေရာင္းသူဝယ္သူေတြကို စုစုစည္းစည္း အေရာင္းအဝယ္လုပ္ႏိုင္ေအာင္ စီစဥ္လာၾကတာလည္း ပါပါတယ္၊ ေဈးကြက္ေကာင္းမြန္လာၿပီး အေရာင္းအဝယ္ေကာင္းလာမွာပါ၊ အိမ္နီးခ်င္း ထိုင္းတို႔ ဘာတို႔ကလည္း သေဘာက်တယ္၊ အဲ့ဒီက ဝယ္လက္ေတြလည္း ဝယ္ဖို႔ဆက္သြယ္တာေတြ ရွိပါတယ္” လို႔ ေက်ာက္မ်က္ကုန္သည္ ဦးထြန္းအုန္း က ရွင္းျပပါတယ္။

ပုလဲေတြမွာ အေရာင္အေသြးအမ်ိဳးမ်ိဳး ကြဲျပားေနတာေတြရွိသလို မူလပင္မအေရာင္ေပၚ လႊမ္းမိုးေနတဲ့ Overtone အမ်ိဳးအစားတူ ပုလဲေတြကို အေရာင္ကြဲမ်ားစြာနဲ႔ေဈးကြက္ထဲ ေတြ႕ရတဲ့အျပင္ ဝယ္ယူသူ အမ်ားစုဟာ ေဒၚလာ ၃၀၀ တန္ကေန ၁၅၀၀ တန္ၾကားေတြသာ ဝယ္ယူေလ့ရွိတယ္လို႔ သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဇူလိုင္ - ၁၅