ပူတာအိုတွင် ရှေးဟောင်းစေတီတော် ၂ ဆူနှင့် ဌာပနာတော်များ တူးဖော်တွေ့ရှိ

ပူတာအိုတွင် ရှေးဟောင်းစေတီတော် ၂ ဆူနှင့် ဌာပနာတော်များ တူးဖော်တွေ့ရှိ

ရှေးဟောင်းစေတီတော် ၂ ဆူနှင့် ဌာပနာတော်များ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ဇွန် လ၂၄ ရက်က တူးဖော်တွေ့ရှိခဲ့တယ်လို့ ရဲသတင်းအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဖတ်မာဇွတ်ကျေးရွာအနီး ဖတ်မာချောင်း ဘေးရှိကွင်းပြင်၌ ဇွန် လ၂၄ ရက်နေ့က ရှေးဟောင်းစေတီ ၂ ဆူ တွေ့ရှိကြောင်းသတင်းအရ မြို့နယ်သံဃ နာယက မှအဖွဲ့များပါဝင်သောပူးပေါင်းအဖွဲ့မှ သွားရောက် တူးဖော် စစ်ဆေးရာ ရှေးဟောင်းစေတီတော် ၂ ဆူနှင့် ၄ လက်မခန့် လာဘမုနိရုပ်ပွားတော် ၁၂ ဆူ၊ ၅ လက်မခန့် ဗောဓိပင်နှင့် ရွှေပလ္လင် ဓာတ်သား ရုပ်ပွားတော် ၃ ဆူ၊ ဓာတ်တော်ထည့်မြေအိုး ၆ လုံး၊ လုံးပတ် ဝ.၇၅ လက်မခန့် ပယင်း ၅ ခု၊ ဓာတ်တော်ထည့်မြေအိုးအတွင်းမှ ဌာပနာတော် (အမျိုးအစား-စိစစ်ဆဲ) ၃၃ ခု၊ ၄ လက်မခန့် လာဘမုနိအုတ်ခွက်ရုပ်ပွားတော် ၅ ဆူ၊ ၃ လက်မခန့် မင်းခမ်းမင်းနားရုပ်ထု ၉ ဆူ၊ ၄.၅ လက်မခန့် သတ္တုပြား ၈ ခု၊ ၁ လက်မခန့် ဆင်းတုတော်ခေါင်း ၅ ခု၊ လုံးပတ် ၄ လက်မခန့် ဓာတ်သားဘုရား ၄ ဆူ၊ ၂ လက်မခန့် ဒေသ ကျောက်စိမ်းပြား ၁ ခု၊ လုံးပတ် ၃.၅လက်မခန့် ဒေသ ကျောက်စိမ်းတုံး ၅ တုံး၊ လုံးပတ် ၂ လက်မခန့် ရေသံကျောက် ၂ ခု၊ ဉာဏ်တော် ၅ လက်မခန့် နဂါးရုံဘုရား ၁ ဆူ၊ အမြင့် ၆ လက်မခန့် ကျောက်နီဆင်းတုပါ ကျောင်းဆောင် ၁ ဆောင်၊ အလျား ၁ လက်မ၊ လုံးပတ် ဝ.၅ လက်မခန့် ဓာတ်တော် ၁ ဆူ၊ ၃ လက်မခန့် ရှင်သီဝလိရုပ်ထု ၄ ဆူ၊ ဆင်းတုတော်အပိုင်းအစ ၄၈ ခု၊ မြေအိုးအပိုင်းအစ ၇၉ ခု၊ ၁ လက်မခန့် မင်းခမ်းမင်းနားခေါင်း ၈ ခု၊ စေတီတော်သဏ္ဍာန်အုတ်ပုံပျက် ၁ ခုတို့အား တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ထိုသို့ တွေ့ရှိသဖြင့် အဆိုပါရှေးဟောင်းပစ္စည်းများအား လန်းနို(၂)ကျေးရွာ ဘုန်းကြီးကျောင်းတွင် ခေတ္တအပူဇော်ခံထိန်းသိမ်းထားရှိတယ်လို့ သတိရပါတယ်။

မင်းထွန်း(အုတ်ကျင်း)
မြစ်ကြီးနား၊ ဇွန် ၂၆ 

(   Zawgyi  )




မင်းထွန်း(အုတ်ကျင်း)
မြစ်ကြီးနား၊ ဇွန် ၂၆