ပြင်သစ်နှင့် ကုန်သွယ်မှု ယခုဘဏ္ဍာနှစ်အတွင်း အမေရိကန် ဒေါ်လာသန်း ၃၀၀ ကျော်ရှိလာ

ပြင်သစ်နှင့် ကုန်သွယ်မှု ယခုဘဏ္ဍာနှစ်အတွင်း အမေရိကန် ဒေါ်လာသန်း ၃၀၀ ကျော်ရှိလာ

ယခုဘဏ္ဍာနှစ်အတွင်း ပြင်သစ်နှင့် မြန်မာနိုင်ငံကြားကုန်သွယ်ရာတွင် အမေရိကန် ဒေါ်လာသန်း သုံးရာကျော်ရှိပြီး  ယခင်ဘဏ္ဍာနှစ်အတွင်းကုန်သွယ်မှုပမာဏထက် ယခုနှစ်တွင် ပိုမိုမြင့်တက် လာဖွယ်ရှိ ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက သြဂုတ်လ ဒုတိယအပတ်အတွင်းထုတ်ပြန်သည့် စာရင်းအချက် အလက်များအရ သိရပါတယ်။    

သြဂုတ်လအတွင်း ထုတ်ပြန်သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာန ၊ ဘဏ္ဍာနှစ်အလိုက် ပုံမှန်/နယ်စပ် (နိုင်ငံအလိုက်) ပို့ကုန်-သွင်းကုန်၊ ကုန်သွယ်မှု ပမာဏ အခြေအနေစာရင်းအရ ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ကိုးလတာကာလဖြစ်သည့် အောက်တိုဘာ၊နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖေါ်ဝါရီ၊ မတ်၊ဧပြီ၊မေနှင့် ဇွန်အတွင်း  မြန်မာဘက်မှ ပြင်သစ်သို့ ပို့ကုန် ကန်ဒေါ်လာ  ၁၂၇ဒသမ၈၁၉သန်း နှင့် သွင်းကုန် ကန်ဒေါ်လာ ၉၂ ဒသမ ၀၈၃ သန်း တင်သွင်းခဲ့ရာ စုစုပေါင်းကုန်သွယ်မှု ကန်ဒေါ်လာ ၂၁၉ဒသမ၉၀၁သန်းရှိခဲ့ပြီး ကုန်သွယ်ရေး လိုငွေ ၃၃ ဒသမ၉၃၂ သန်းဖြစ်ပေါ်ခဲ့ပါတယ်။

ပြင်သစ်သို့ မေလနှင့် ဇွန်လနှစ်လတာအတွင်းတင်ပို့မှုကိုကြည့်ပါက  ကုန်ပစ္စည်းအမေရိကန်ဒေါ်လာ ၁၈ ဒသမ ၅၆ သန်းဖိုးတင်ပို့ ခဲ့ ကာ  ပြင်သစ်ဘက်မှ ကန်ဒေါ်လာ ၈၈ ဒသမ၂၂၈ သန်း ပြန်သွင်း ခဲ့သဖြင့် နှစ်လတာကာလအတွင်းကန်ဒေါ် လာ၁၀၆ ဒသမ၇၈၉ သန်းဖိုးကုန်သွယ်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့သည့် စာရင်း အချက်အလက်များ အရသိရပါတယ်။

ပြီးခဲ့သည့် ၅ နှစ်တာကာလအတွင်းဂျာမနီ-မြန်မာကုန်သွယ်မှုမှာ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိ ကန် ဒေါ်လာ ၃၆ ဒသမ ၁၄၈သန်း၊ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၆၁ဒသမ၈၂၇ သန်း၊ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၁၁၀ ဒသမ ၃၆၃သန်း၊ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ၁၇၆ ဒသမ ၄၄၆သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ၂၆၀ဒသမ ၈၈၁ သန်း၊ ၂၀၁၈ ကာလတိုဘတ်ဂျက်ကာလတွင် အမေရိကန် ဒေါ်လာ၂၂၉ ဒသမ ၂၇၂သန်း ထိကုန်သွယ်ခဲ့ကြောင်းသိရပါတယ်။

PWA
Photo CrediT:MOI.gov

(   Zawgyi  )

 ယခုဘ႑ာႏွစ္အတြင္း ျပင္သစ္ႏွင့္ ျမန္မာႏိုင္ငံၾကားကုန္သြယ္ရာတြင္ အေမရိကန္ ေဒၚလာသန္း သုံးရာေက်ာ္ရွိၿပီး  ယခင္ဘ႑ာႏွစ္အတြင္းကုန္သြယ္မႈပမာဏထက္ ယခုႏွစ္တြင္ ပိုမိုျမင့္တက္ လာဖြယ္ရွိ ေၾကာင္း ကုန္သြယ္ေရးဦးစီးဌာနက ၾသဂုတ္လ ဒုတိယအပတ္အတြင္းထုတ္ျပန္သည့္ စာရင္းအခ်က္ အလက္မ်ားအရ သိရပါတယ္။    

ၾသဂုတ္လအတြင္း ထုတ္ျပန္သည့္ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ ကုန္သြယ္ေရး ဦးစီးဌာန ၊ ဘ႑ာႏွစ္အလိုက္ ပုံမွန္/နယ္စပ္ (ႏိုင္ငံအလိုက္) ပို႔ကုန္-သြင္းကုန္၊ ကုန္သြယ္မႈ ပမာဏ အေျခအေနစာရင္းအရ ယခု ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္ ကိုးလတာကာလျဖစ္သည့္ ေအာက္တိုဘာ၊ႏိုဝင္ဘာ၊ ဒီဇင္ဘာ၊ ဇန္နဝါရီ၊ ေဖေဖၚဝါရီ၊ မတ္၊ဧၿပီ၊ေမႏွင့္ ဇြန္အတြင္း  ျမန္မာဘက္မွ ျပင္သစ္သို႔ ပို႔ကုန္ ကန္ေဒၚလာ  ၁၂၇ဒသမ၈၁၉သန္း ႏွင့္ သြင္းကုန္ ကန္ေဒၚလာ ၉၂ ဒသမ ၀၈၃ သန္း တင္သြင္းခဲ့ရာ စုစုေပါင္းကုန္သြယ္မႈ ကန္ေဒၚလာ ၂၁၉ဒသမ၉၀၁သန္းရွိခဲ့ၿပီး ကုန္သြယ္ေရး လိုေငြ ၃၃ ဒသမ၉၃၂ သန္းျဖစ္ေပၚခဲ့ပါတယ္။

ျပင္သစ္သို႔ ေမလႏွင့္ ဇြန္လႏွစ္လတာအတြင္းတင္ပို႔မႈကိုၾကည့္ပါက  ကုန္ပစၥည္းအေမရိကန္ေဒၚလာ ၁၈ ဒသမ ၅၆ သန္းဖိုးတင္ပို႔ ခဲ့ ကာ  ျပင္သစ္ဘက္မွ ကန္ေဒၚလာ ၈၈ ဒသမ၂၂၈ သန္း ျပန္သြင္း ခဲ့သျဖင့္ ႏွစ္လတာကာလအတြင္းကန္ေဒၚ လာ၁၀၆ ဒသမ၇၈၉ သန္းဖိုးကုန္သြယ္ခဲ့တယ္လို႔ ထုတ္ျပန္ခဲ့သည့္ စာရင္း အခ်က္အလက္မ်ား အရသိရပါတယ္။

ၿပီးခဲ့သည့္ ၅ ႏွစ္တာကာလအတြင္းဂ်ာမနီ-ျမန္မာကုန္သြယ္မႈမွာ ၂၀၁၃ -၂၀၁၄ ဘ႑ာႏွစ္တြင္ အေမရိ ကန္ ေဒၚလာ ၃၆ ဒသမ ၁၄၈သန္း၊ ၂၀၁၄ -၂၀၁၅ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ ၆၁ဒသမ၈၂၇ သန္း၊ ၂၀၁၅ -၂၀၁၆ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ ၁၁၀ ဒသမ ၃၆၃သန္း၊ ၂၀၁၆ -၂၀၁၇ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ၁၇၆ ဒသမ ၄၄၆သန္း၊ ၂၀၁၇ -၂၀၁၈ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ၂၆၀ဒသမ ၈၈၁ သန္း၊ ၂၀၁၈ ကာလတိုဘတ္ဂ်က္ကာလတြင္ အေမရိကန္ ေဒၚလာ၂၂၉ ဒသမ ၂၇၂သန္း ထိကုန္သြယ္ခဲ့ေၾကာင္းသိရပါတယ္။

PWA
Photo CrediT:MOI.gov