ပြင်သစ်နှင့် မြန်မာကြား ကုန်သွယ်မှု ယခုဘဏ္ဍာရေးအတွင်း ကန်ဒေါ်လာ ၃၅ သန်းကျော်ဖြစ်ပေါ်

ပြင်သစ်နှင့် မြန်မာကြား ကုန်သွယ်မှု ယခုဘဏ္ဍာရေးအတွင်း ကန်ဒေါ်လာ ၃၅ သန်းကျော်ဖြစ်ပေါ်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ် ရေးဦးစီးဌာနက ဧပြီလအတွင်း ထုတ်ပြန်ခဲ့တဲ့ ဘဏ္ဍာနှစ်အလိုက် ပုံမှန်/နယ်စပ် (နိုင်ငံအလိုက်) ပို့ကုန်-သွင်းကုန်၊ ကုန်သွယ်မှု ပမာဏ အခြေ အနေစာရင်းအရ ပြင်သစ်နှင့် မြန်မာနိုင်ငံကြားကုန်သွယ်ရာတွင်  ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးကာလ ဖေဖေါ်ဝါရီ လအထိ ငါးလတာအတွင်း ကုန်သွယ်ရေးပိုငွေ အမေရိကန် ဒေါ်လာ၃၅ သန်း ကျော်ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

ကာလတိုဘတ်ဂျက်ကာလအတွင်း ပြင်သစ်နှင့် ကုန်သွယ်မှုမှာ ပို့ကုန် ကန်ဒေါ်လာ ၇၀ ဒသမ ၆၇၈ သန်းနှင့် ပို့ကုန် ကန်ဒေါ်လာ ၁၅၈ ဒသမ ၅၉၄ သန်းရှိခဲ့ကာ စုစုပေါင်းကုန်သွယ်မှု ကန်ဒေါ်လာ ၂၂၉ ဒသမ ၂၇၂ သန်းတွင် ကုန်သွယ်ရေးပိုငွေ ကန်ဒေါ်လာ ၈၇ ဒသမ ၉၁၆ သန်း ရှိခဲ့ပါတယ်။

ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ငါးလတာကာလဖြစ်သည့် အောက်တိုဘာ၊နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်န ဝါရီနှင့် ဖေဖေါ်ဝါရီအတွင်း မြန်မာဘက်မှ ပြင်သစ်သို့ ပို့ကုန် ကန်ဒေါ်လာ  ၁၁၄ ဒသမ ၅၄၇ သန်းနှင့် သွင်းကုန် ကန်ဒေါ်လာ ၇၈ ဒသမ ၃၃၈ သန်းတင်သွင်းခဲ့ရာ စုစုပေါင်းကုန်သွယ်မှု ကန်ဒေါ်လာ ၁၉၂ ဒသမ ၈၈၄ သန်းရှိ ခဲ့ပြီး ကုန်သွယ်ရေးပိုငွေ ၃၆ ဒသမ ၂၀၉ သန်းဖြစ်ပေါ်ခဲ့ပါတယ်။

ပြီးခဲ့သည့် ၅ နှစ်တာကာလအတွင်း ဂျာမနီ-မြန်မာကုန်သွယ်မှုမှာ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိ ကန် ဒေါ်လာ ၃၆ ဒသမ ၁၄၈ သန်း၊ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၆၁ ဒသမ ၈၂၇ သန်း၊ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၁၁၀ ဒသမ ၃၆၃ သန်း၊ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် အ မေရိကန် ဒေါ်လာ ၁၇၆ ဒသမ ၄၄၆သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိ ကန် ဒေါ်လာ၂၆၀ဒသမ ၈၈၁ သန်း၊ ၂၀၁၈ ကာလတိုဘတ်ဂျက်ကာလတွင် အမေရိကန် ဒေါ်လာ ၂၂၉ ဒသမ ၂၇၂ သန်း ထိကုန်သွယ် ခဲ့ကြောင်း သိရပါတယ်။

PWA
ရန်ကုန်၊ ဧပြီ ၃၀

(  Zawgyi  )

 စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန၊ ကုန္သြယ္ ေရးဦးစီးဌာနက ဧၿပီလအတြင္း ထုတ္ျပန္ခဲ့တဲ့ ဘ႑ာႏွစ္အလိုက္ ပုံမွန္/နယ္စပ္ (ႏိုင္ငံအလိုက္) ပို႔ကုန္-သြင္းကုန္၊ ကုန္သြယ္မႈ ပမာဏ အေျခ အေနစာရင္းအရ ျပင္သစ္ႏွင့္ ျမန္မာႏိုင္ငံၾကားကုန္သြယ္ရာတြင္  ၂၀၁၈-၂၀၁၉ ဘ႑ာေရးကာလ ေဖေဖၚဝါရီ လအထိ ငါးလတာအတြင္း ကုန္သြယ္ေရးပိုေငြ အေမရိကန္ ေဒၚလာ၃၅ သန္း ေက်ာ္ျဖစ္ေပၚခဲ့ေၾကာင္း သိရပါတယ္။

ကာလတိုဘတ္ဂ်က္ကာလအတြင္း ျပင္သစ္ႏွင့္ ကုန္သြယ္မႈမွာ ပို႔ကုန္ ကန္ေဒၚလာ ၇၀ ဒသမ ၆၇၈ သန္းႏွင့္ ပို႔ကုန္ ကန္ေဒၚလာ ၁၅၈ ဒသမ ၅၉၄ သန္းရွိခဲ့ကာ စုစုေပါင္းကုန္သြယ္မႈ ကန္ေဒၚလာ ၂၂၉ ဒသမ ၂၇၂ သန္းတြင္ ကုန္သြယ္ေရးပိုေငြ ကန္ေဒၚလာ ၈၇ ဒသမ ၉၁၆ သန္း ရွိခဲ့ပါတယ္။

ယခု ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္ ငါးလတာကာလျဖစ္သည့္ ေအာက္တိုဘာ၊ႏိုဝင္ဘာ၊ ဒီဇင္ဘာ၊ ဇန္န ဝါရီႏွင့္ ေဖေဖၚဝါရီအတြင္း ျမန္မာဘက္မွ ျပင္သစ္သို႔ ပို႔ကုန္ ကန္ေဒၚလာ  ၁၁၄ ဒသမ ၅၄၇ သန္းႏွင့္ သြင္းကုန္ ကန္ေဒၚလာ ၇၈ ဒသမ ၃၃၈ သန္းတင္သြင္းခဲ့ရာ စုစုေပါင္းကုန္သြယ္မႈ ကန္ေဒၚလာ ၁၉၂ ဒသမ ၈၈၄ သန္းရွိ ခဲ့ၿပီး ကုန္သြယ္ေရးပိုေငြ ၃၆ ဒသမ ၂၀၉ သန္းျဖစ္ေပၚခဲ့ပါတယ္။

ၿပီးခဲ့သည့္ ၅ ႏွစ္တာကာလအတြင္း ဂ်ာမနီ-ျမန္မာကုန္သြယ္မႈမွာ ၂၀၁၃ -၂၀၁၄ ဘ႑ာႏွစ္တြင္ အေမရိ ကန္ ေဒၚလာ ၃၆ ဒသမ ၁၄၈ သန္း၊ ၂၀၁၄ -၂၀၁၅ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ ၆၁ ဒသမ ၈၂၇ သန္း၊ ၂၀၁၅ -၂၀၁၆ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ ၁၁၀ ဒသမ ၃၆၃ သန္း၊ ၂၀၁၆ -၂၀၁၇ ဘ႑ာႏွစ္တြင္ အ ေမရိကန္ ေဒၚလာ ၁၇၆ ဒသမ ၄၄၆သန္း၊ ၂၀၁၇ -၂၀၁၈ ဘ႑ာႏွစ္တြင္ အေမရိ ကန္ ေဒၚလာ၂၆၀ဒသမ ၈၈၁ သန္း၊ ၂၀၁၈ ကာလတိုဘတ္ဂ်က္ကာလတြင္ အေမရိကန္ ေဒၚလာ ၂၂၉ ဒသမ ၂၇၂ သန္း ထိကုန္သြယ္ ခဲ့ေၾကာင္း သိရပါတယ္။

PWA
ရန္ကုန္၊ ဧၿပီ ၃၀