ပြည်ကြီးတံခွန်ရှိ ဘီယာဆိုင်ထဲ လူငယ်များစကားများရန်ဖြစ်ရာမှ အုပ်စုဖွဲ့ရိုက်နှက်သဖြင့် တစ်ဦးသေဆုံး

  ပြည်ကြီးတံခွန်ရှိ ဘီယာဆိုင်ထဲ လူငယ်များစကားများရန်ဖြစ်ရာမှ အုပ်စုဖွဲ့ရိုက်နှက်သဖြင့် တစ်ဦးသေဆုံး

မန္တလေး ပြည်ကြီးတံခွန်မြို့နယ်အတွင်းက ဘီယာဆိုင်တစ်ဆိုင်မှာ ယမန်နေ့ညက ဘီယာလာ သောက်တဲ့ဆယ်ကျော်သက်လူရွယ်အချင်းချင်း စကားများရန်ဖြစ်ကြရမှာ လူငယ်တစ်ဦးသေဆုံးတဲ့ အထိဖြစ်ပွားခဲ့တယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးဆီကသိရပါတယ်။ ဆယ်ကျော်သက် လူငယ် ၃ ဦးပါဝင်တဲ့အဖွဲ့နဲ့ တစ်ဦးတည်းလာရောက်သောက်သုံးတဲ့လူငယ်တစ်ဦး စကားများရန်ဖြစ်ကြရာမှ အဖွဲ့လိုက်ဝိုင်းရိုက်နှက်မှုကြောင့် တစ်ဦးတည်းလာရောက်သောက်သုံးတဲ့လူငယ် သေဆုံးခဲ့တာပါ။ "တစ်ဖက်မှာ ပြဿ နာဖြစ်နေတာကို သွားတားရာကနေဖြစ်တဲ့ပြဿ နာပါ၊ ကလေးတွေက ၁၇ ၁၈ လူငယ်လေးတွေပါ ရဲတပ်ဖွဲ့ကချက်ချင်း ပဲ ဖမ်းနိုင်ခဲ့ပါတယ်" လို့ တိုင်းဒေသကြီးမှုခင်းအကူရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဖြစ်စဉ်မှာ မန္တလေး ပြည်ကြီးတံခွန်မြို့နယ် စက်မူ(၁)ရပ်ကွက်၊ ၅၈ လမ်းနဲ့ကျန်စစ်သားလမ်းထောင့်က ဘီယာ ဆိုင်တစ်ဆိုင်မှာ ယမန်နေ့ညနေ ၄ နာရီအချိန်ခန့်က ရှပ်ကောင်(ခ)ခင်မောင်ထွန်း(အသက် ၂၁ နှစ်၊ ကျောက် ဆည်မြို့နယ် လက်ပံကျေးရွာ)ဟာ ဆိုင်အတွင်း တစ်ဦးတည်း အရက်ထိုင်သောက်နေစဉ် အနောက်ဘက် စားပွဲဝိုင်းမှ လူငယ် ၃ ဦးစကားများနေလို့ သွားရောက်တားဆီးခဲ့ကြောင်း၊ ထိုသို့တားဆီးရင်း လူငယ် ၃ ဦးနဲ့ ဆက် လက်စကားများရန်ဖြစ်ခဲ့ကြောင်း၊ ခဏအကြာမှာ လူငယ် ၃ ဦးထဲကတစ်ဦးက ဆိုင်အပြင်ထွက်သွားပြီး အမည်မသိ လူတွေခေါ်လာကာ ရှပ်ကောင်(ခ)ခင်မောင်ထွန်းအား အုတ်ခဲနဲ့ထုကာဝိုင်းရိုက်နှက်ခဲ့ကြောင်း၊ ထုရိုက် နှက်မှုဒဏ်ကြောင့် ရှပ်ကောင်(ခ) ခင်မောင်ထွန်းမှာ မျက်နှာဖူးရောင်ဒဏ်ရာ၊ ဝဲဘက်နား ထင်မှသွေးထွက်ဒဏ်ရာတွေနဲ့ သေဆုံးသွားကြောင်း ရဲမှတ်တမ်းအရသိရပါတယ်။

 "ဘီယာဆိုင်ထဲ အိမ်သာသွားတဲ့လမ်း ချောင်ထဲမှာ သေဆုံးနေတာပါ၊ ကျူးလွန်တဲ့လူငယ် ၁၀ ဦးစလုံးကို ညပိုင်းမှာပဲ ဖမ်းဆီးပြီး အမှုဖွင့်ထားပါတယ်" လို့လည်းအဆိုပါတာဝန်ရှိသူကဆိုပါတယ်။ သေဆုံးသူအား ဝိုင်းရိုက်နှက်ခဲ့သူတွေဟာ မန္တလေး ပြည်ကြီးတံခွန် မြို့နယ်နေသူတွေပဲဖြစ်ပြီး အောင်လင်းဦး (ခ)ဘေကြီး(အသက် ၁၇ နှစ်)၊ ကြည်လင်း(ခ)ကျော်ဇင်ထွန်း(အသက် ၁၈နှစ်)၊သန်းထွန်းဦး (ခ)ထွန်းကြီး (အသက် ၁၉ နှစ်)၊ မောင်မောင်ထင်(ခ)ကိုထက်(အသက် ၁၅ နှစ်)၊ လင်းခန့်နိုင်(အသက် ၁၇ နှစ်)၊ ရာဇာတိုး (ခ)အောင်မြင့်မြတ်(အသက် ၁၉ နှစ်)၊ ဖြိုးမောင်(ခ)ကုလား(အသက် ၂၂ နှစ်)၊ ထက်မောင်(ခ)ထက်ထက် မောင်(အသက် ၂၄ နှစ်)၊ အောင်ကျော်ထူး(ခ)အငယ်လေး(အသက် ၁၇ နှစ်)၊ ညီဇော်ထက်(အသက် ၁၉ နှစ်)တို့ဖြစ်ပြီး ၎င်းတို့ကို ညပိုင်းအတွင်းဖမ်းဆီးရမိခဲ့တာလို့လည်း ရဲမှတ်တမ်းကဖော်ပြထားပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့တော့ သေဆုံးသူရဲ့ယောက်ဖတော်စပ်သူက ပြည်ကြီးတံခွန်မြို့နယ် စက်မှုနယ်မြေ ရဲစခန်းမှာ တရားလိုပြုလုပ် တိုင်တန်း တာကြောင့် ရဲစခန်းက (ပ)၃၃၁/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/ ၁၁၄ တို့နဲ့ အမှုဖွင့်ထားတယ်လို့သိရပါတယ်။

KT
မန္တလေး၊ သြဂုတ် ၁

(  Zawgyi  )

 မႏၲေလး ျပည္ႀကီးတံခြန္ၿမိဳ႕နယ္အတြင္းက ဘီယာဆိုင္တစ္ဆိုင္မွာ ယမန္ေန႔ညက ဘီယာလာ ေသာက္တဲ့ဆယ္ေက်ာ္သက္လူ႐ြယ္အခ်င္းခ်င္း စကားမ်ားရန္ျဖစ္ၾကရမွာ လူငယ္တစ္ဦးေသဆုံးတဲ့ အထိျဖစ္ပြားခဲ့တယ္လို႔ တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မႉး႐ုံးဆီကသိရပါတယ္။ ဆယ္ေက်ာ္သက္ လူငယ္ ၃ ဦးပါဝင္တဲ့အဖြဲ႕နဲ႔ တစ္ဦးတည္းလာေရာက္ေသာက္သုံးတဲ့လူငယ္တစ္ဦး စကားမ်ားရန္ျဖစ္ၾကရာမွ အဖြဲ႕လိုက္ဝိုင္း႐ိုက္ႏွက္မႈေၾကာင့္ တစ္ဦးတည္းလာေရာက္ေသာက္သုံးတဲ့လူငယ္ ေသဆုံးခဲ့တာပါ။ "တစ္ဖက္မွာ ျပႆ နာျဖစ္ေနတာကို သြားတားရာကေနျဖစ္တဲ့ျပႆ နာပါ၊ ကေလးေတြက ၁၇ ၁၈ လူငယ္ေလးေတြပါ ရဲတပ္ဖြဲ႕ကခ်က္ခ်င္း ပဲ ဖမ္းႏိုင္ခဲ့ပါတယ္" လို႔ တိုင္းေဒသႀကီးမႈခင္းအကူရဲတပ္ဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးက ေျပာပါတယ္။

ျဖစ္စဥ္မွာ မႏၲေလး ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ စက္မူ(၁)ရပ္ကြက္၊ ၅၈ လမ္းနဲ႔က်န္စစ္သားလမ္းေထာင့္က ဘီယာ ဆိုင္တစ္ဆိုင္မွာ ယမန္ေန႔ညေန ၄ နာရီအခ်ိန္ခန႔္က ရွပ္ေကာင္(ခ)ခင္ေမာင္ထြန္း(အသက္ ၂၁ ႏွစ္၊ ေက်ာက္ ဆည္ၿမိဳ႕နယ္ လက္ပံေက်း႐ြာ)ဟာ ဆိုင္အတြင္း တစ္ဦးတည္း အရက္ထိုင္ေသာက္ေနစဥ္ အေနာက္ဘက္ စားပြဲဝိုင္းမွ လူငယ္ ၃ ဦးစကားမ်ားေနလို႔ သြားေရာက္တားဆီးခဲ့ေၾကာင္း၊ ထိုသို႔တားဆီးရင္း လူငယ္ ၃ ဦးနဲ႔ ဆက္ လက္စကားမ်ားရန္ျဖစ္ခဲ့ေၾကာင္း၊ ခဏအၾကာမွာ လူငယ္ ၃ ဦးထဲကတစ္ဦးက ဆိုင္အျပင္ထြက္သြားၿပီး အမည္မသိ လူေတြေခၚလာကာ ရွပ္ေကာင္(ခ)ခင္ေမာင္ထြန္းအား အုတ္ခဲနဲ႔ထုကာဝိုင္း႐ိုက္ႏွက္ခဲ့ေၾကာင္း၊ ထု႐ိုက္ ႏွက္မႈဒဏ္ေၾကာင့္ ရွပ္ေကာင္(ခ) ခင္ေမာင္ထြန္းမွာ မ်က္ႏွာဖူးေရာင္ဒဏ္ရာ၊ ဝဲဘက္နား ထင္မွေသြးထြက္ဒဏ္ရာေတြနဲ႔ ေသဆုံးသြားေၾကာင္း ရဲမွတ္တမ္းအရသိရပါတယ္။

 "ဘီယာဆိုင္ထဲ အိမ္သာသြားတဲ့လမ္း ေခ်ာင္ထဲမွာ ေသဆုံးေနတာပါ၊ က်ဴးလြန္တဲ့လူငယ္ ၁၀ ဦးစလုံးကို ညပိုင္းမွာပဲ ဖမ္းဆီးၿပီး အမႈဖြင့္ထားပါတယ္" လို႔လည္းအဆိုပါတာဝန္ရွိသူကဆိုပါတယ္။ ေသဆုံးသူအား ဝိုင္း႐ိုက္ႏွက္ခဲ့သူေတြဟာ မႏၲေလး ျပည္ႀကီးတံခြန္ ၿမိဳ႕နယ္ေနသူေတြပဲျဖစ္ၿပီး ေအာင္လင္းဦး (ခ)ေဘႀကီး(အသက္ ၁၇ ႏွစ္)၊ ၾကည္လင္း(ခ)ေက်ာ္ဇင္ထြန္း(အသက္ ၁၈ႏွစ္)၊သန္းထြန္းဦး (ခ)ထြန္းႀကီး (အသက္ ၁၉ ႏွစ္)၊ ေမာင္ေမာင္ထင္(ခ)ကိုထက္(အသက္ ၁၅ ႏွစ္)၊ လင္းခန႔္ႏိုင္(အသက္ ၁၇ ႏွစ္)၊ ရာဇာတိုး (ခ)ေအာင္ျမင့္ျမတ္(အသက္ ၁၉ ႏွစ္)၊ ၿဖိဳးေမာင္(ခ)ကုလား(အသက္ ၂၂ ႏွစ္)၊ ထက္ေမာင္(ခ)ထက္ထက္ ေမာင္(အသက္ ၂၄ ႏွစ္)၊ ေအာင္ေက်ာ္ထူး(ခ)အငယ္ေလး(အသက္ ၁၇ ႏွစ္)၊ ညီေဇာ္ထက္(အသက္ ၁၉ ႏွစ္)တို႔ျဖစ္ၿပီး ၎တို႔ကို ညပိုင္းအတြင္းဖမ္းဆီးရမိခဲ့တာလို႔လည္း ရဲမွတ္တမ္းကေဖာ္ျပထားပါတယ္။

ျဖစ္စဥ္နဲ႔ပတ္သက္လို႔ေတာ့ ေသဆုံးသူရဲ႕ေယာက္ဖေတာ္စပ္သူက ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ စက္မႈနယ္ေျမ ရဲစခန္းမွာ တရားလိုျပဳလုပ္ တိုင္တန္း တာေၾကာင့္ ရဲစခန္းက (ပ)၃၃၁/၂၀၁၉၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၂/ ၁၁၄ တို႔နဲ႔ အမႈဖြင့္ထားတယ္လို႔သိရပါတယ္။

KT
မႏၲေလး၊ ၾသဂုတ္ ၁