ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများ လုပ်ဆောင်ရာ၌ အသုံးပြုနိုင်ရန် တရုတ်သံရုံးမှ မော်တော်ယာဉ်ငါးစီး လှူဒါန်း

ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများ လုပ်ဆောင်ရာ၌ အသုံးပြုနိုင်ရန် တရုတ်သံရုံးမှ မော်တော်ယာဉ်ငါးစီး လှူဒါန်း

ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စတွေကို လုပ်ဆောင်တဲ့အခါ သွားလာရလွယ်ကူပြီး တွင်ကျယ်ထိရောက်စေနိုင်မယ့် အခြေအနေမျိုးဖြစ်စေဖို့ ရည်ရွယ်ကာ မော်တော်ယာဉ်ငါးစီးကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးက ငြိမ်းချမ်းရေးကော်မရှင်ထံသို့ လှူဒါန်းခဲ့ပါတယ်။

အဆိုပါလှူဒါန်းပွဲနဲ့ ပတ်သက်ပြီး အခမ်းအနားတစ်ရပ်ကိုလည်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှာ မေလ ၃ ရက် ညနေ ၃ နာရီက ကျင်းပခဲ့ပါတယ်။

ထိုအခမ်းအနားမှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ သံအမတ်ကြီး Mr.Hong Liang က မော်တော်ယာဉ်များ လှူဒါန်းရတဲ့ အကြောင်းအရင်းကို ပြောကြားတဲ့အခါ “မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကော်မရှင်ဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်ရေးအတွက် အရေးပါတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်၊ လတ်တလောနှစ်တွေမှာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကော်မရှင်ဟာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ နီးနီးကပ်ကပ် ကူးလူးဖလှယ် ညှိနှိုင်းရင်း ၂၁ ရာစု ပင်လုံစိတ်ဓာတ်ကို အရင်းတည်၍ နိုင်ငံရေးဆွေးနွေးပွဲတွေကတစ်ဆင့် အမျိုးသားပဋိပက္ခများကို ဖြေရှင်းနိုင်ရန် တက်တက်ကြွကြွ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်၊ ဒါ့အပြင် သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး စာချုပ်မှာ လက်မှတ်ရေးထိုးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ စဉ်ဆက်မပြတ် ငြိမ်းချမ်းရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်၊ ယမန်နှစ် နှစ်ကုန်ပိုင်းက မြန်မာနိုင်ငံ မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကော်မရှင်တို့ ငြိမ်းချမ်းရေးဆိုင်ရာ ကြေညာချက် ရှေ့ဆင့်နောက်ဆင့် ထုတ်ပြန်ပြီးနောက် မြန်မာ့တပ်မတော်ကလည်း မြန်မာနိုင်ငံ မြောက်ပိုင်း စတဲ့ ဒေသတွေမှာ ယာယီအပစ်အခတ် ရပ်စဲကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့တာကို ကျွန်တော်တို့ ဝမ်းမြောက်စွာ မြင်တွေ့ရပါတယ်၊ ယခုရက်ပိုင်းမှာ မြန်မာ့တပ်မတော်က အပစ်အခတ် ရပ်စဲရေးကာလ တိုးမြှင့်ကြောင်း ထပ်မံထုတ်ပြန် ကြေညာခဲ့ပါတယ်၊ ဒါဟာ မြန်မာနိုင်ငံ မြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မှန်ကန်တဲ့လမ်းကြောင်းကို ဦးတည်နေပြီး အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ရရှိနေတယ်လို့ သဘောဆောင်ပါတယ်။
သက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ နီးကပ်စွာ ထိတွေ့ဆက်ဆံမှုကို ထိန်းသိမ်းထားနိုင်ဖို့အတွက် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်များဟာ ပင်ပန်းမှုကို ဂရုမပြုဘဲ အမြဲလိုလို သွားလာလှုပ်ရှားနေရပါတယ်၊ တရုတ်သံရုံးမှ ယခုအကြိမ် ခရီးကြမ်းသုံး မော်တော်ယာဉ်ငါးစီး လှူဒါန်းခြင်းရဲ့ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကော်မရှင်ရဲ့ စွမ်းဆောင်ရည် မြှင့်တင်ရာမှာ အထောက်အကူပြုစေဖို့နဲ့ မြင့်မြတ်တဲ့ ငြိမ်းချမ်းရေး တာဝန်ကို ပိုမိုကောင်းမွန်စွာ ထမ်းဆောင်နိုင်စေဖို့ပဲ ဖြစ်ပါတယ်” လို့လည်း ပြောကြားသွားခဲ့ပါတယ်။

ထို့နောက် ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းထံကို Volvo အမျိုးအစား မော်တော်ယာဉ်ငါးစီး လွှဲပြောင်းပေးအပ် လှူဒါန်းခဲ့ပါတယ်။

ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌက သံအမတ်ကြီးကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကာ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌက အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ပြီး ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါတယ်။

ထို့နောက်မှာ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြပြီး အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အနေနဲ့ မော်တော်ယာဉ်တွေကို လှည့်လည်ကြည့်ရှုကာ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြတာ ဖြစ်ပါတယ်။

 

ဇွဲမာန်
ရန်ကုန်၊ မေ - ၄

( Zawgyi )

ျပည္တြင္းၿငိမ္းခ်မ္းေရးဆိုင္ရာ ကိစၥေတြကို လုပ္ေဆာင္တဲ့အခါ သြားလာရလြယ္ကူၿပီး တြင္က်ယ္ထိေရာက္ေစႏိုင္မယ့္ အေျခအေနမ်ိဳးျဖစ္ေစဖို႔ ရည္႐ြယ္ကာ ေမာ္ေတာ္ယာဥ္ငါးစီးကို ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ သံ႐ုံးက ၿငိမ္းခ်မ္းေရးေကာ္မရွင္ထံသို႔ လႉဒါန္းခဲ့ပါတယ္။

အဆိုပါလႉဒါန္းပြဲနဲ႔ ပတ္သက္ၿပီး အခမ္းအနားတစ္ရပ္ကိုလည္း အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန (NRPC) မွာ ေမလ ၃ ရက္ ညေန ၃ နာရီက က်င္းပခဲ့ပါတယ္။

ထိုအခမ္းအနားမွာ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ သံ႐ုံးမွ သံအမတ္ႀကီး Mr.Hong Liang က ေမာ္ေတာ္ယာဥ္မ်ား လႉဒါန္းရတဲ့ အေၾကာင္းအရင္းကို ေျပာၾကားတဲ့အခါ “ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရးေကာ္မရွင္ဟာ ျမန္မာႏိုင္ငံရဲ႕ ျပည္တြင္းၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ အေကာင္အထည္ေဖာ္ေရးအတြက္ အေရးပါတဲ့ အဖြဲ႕အစည္းျဖစ္ပါတယ္၊ လတ္တေလာႏွစ္ေတြမွာ ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရးေကာ္မရွင္ဟာ သက္ဆိုင္ရာ အဖြဲ႕အစည္းေတြနဲ႔ နီးနီးကပ္ကပ္ ကူးလူးဖလွယ္ ညႇိႏႈိင္းရင္း ၂၁ ရာစု ပင္လုံစိတ္ဓာတ္ကို အရင္းတည္၍ ႏိုင္ငံေရးေဆြးေႏြးပြဲေတြကတစ္ဆင့္ အမ်ိဳးသားပဋိပကၡမ်ားကို ေျဖရွင္းႏိုင္ရန္ တက္တက္ႂကြႂကြ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ ရွိပါတယ္၊ ဒါ့အျပင္ သက္ဆိုင္ရာ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းေတြ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခတ္မႈရပ္စဲေရး စာခ်ဳပ္မွာ လက္မွတ္ေရးထိုးႏိုင္ေရးအတြက္ ႀကိဳးပမ္းေဆာင္႐ြက္ၿပီး အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ စဥ္ဆက္မျပတ္ ၿငိမ္းခ်မ္းေရးအတြက္ အစြမ္းကုန္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ ရွိပါတယ္၊ ယမန္ႏွစ္ ႏွစ္ကုန္ပိုင္းက ျမန္မာႏိုင္ငံ ေျမာက္ပိုင္း တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားနဲ႔ ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရးေကာ္မရွင္တို႔ ၿငိမ္းခ်မ္းေရးဆိုင္ရာ ေၾကညာခ်က္ ေရွ႕ဆင့္ေနာက္ဆင့္ ထုတ္ျပန္ၿပီးေနာက္ ျမန္မာ့တပ္မေတာ္ကလည္း ျမန္မာႏိုင္ငံ ေျမာက္ပိုင္း စတဲ့ ေဒသေတြမွာ ယာယီအပစ္အခတ္ ရပ္စဲေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ခဲ့တာကို ကြၽန္ေတာ္တို႔ ဝမ္းေျမာက္စြာ ျမင္ေတြ႕ရပါတယ္၊ ယခုရက္ပိုင္းမွာ ျမန္မာ့တပ္မေတာ္က အပစ္အခတ္ ရပ္စဲေရးကာလ တိုးျမႇင့္ေၾကာင္း ထပ္မံထုတ္ျပန္ ေၾကညာခဲ့ပါတယ္၊ ဒါဟာ ျမန္မာႏိုင္ငံ ေျမာက္ပိုင္း ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ မွန္ကန္တဲ့လမ္းေၾကာင္းကို ဦးတည္ေနၿပီး အျပဳသေဘာေဆာင္တဲ့ တိုးတက္မႈေတြ ရရွိေနတယ္လို႔ သေဘာေဆာင္ပါတယ္။
သက္ဆိုင္ရာ အဖြဲ႕အစည္းမ်ားနဲ႔ နီးကပ္စြာ ထိေတြ႕ဆက္ဆံမႈကို ထိန္းသိမ္းထားႏိုင္ဖို႔အတြက္ ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရးေကာ္မရွင္ အဖြဲ႕ဝင္မ်ားဟာ ပင္ပန္းမႈကို ဂ႐ုမျပဳဘဲ အၿမဲလိုလို သြားလာလႈပ္ရွားေနရပါတယ္၊ တ႐ုတ္သံ႐ုံးမွ ယခုအႀကိမ္ ခရီးၾကမ္းသုံး ေမာ္ေတာ္ယာဥ္ငါးစီး လႉဒါန္းျခင္းရဲ႕ ရည္႐ြယ္ခ်က္မွာ ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရးေကာ္မရွင္ရဲ႕ စြမ္းေဆာင္ရည္ ျမႇင့္တင္ရာမွာ အေထာက္အကူျပဳေစဖို႔နဲ႔ ျမင့္ျမတ္တဲ့ ၿငိမ္းခ်မ္းေရး တာဝန္ကို ပိုမိုေကာင္းမြန္စြာ ထမ္းေဆာင္ႏိုင္ေစဖို႔ပဲ ျဖစ္ပါတယ္” လို႔လည္း ေျပာၾကားသြားခဲ့ပါတယ္။

ထို႔ေနာက္ ၿငိမ္းခ်မ္းေရးေကာ္မရွင္ ဥကၠ႒ ေဒါက္တာတင္မ်ိဳးဝင္းထံကို Volvo အမ်ိဳးအစား ေမာ္ေတာ္ယာဥ္ငါးစီး လႊဲေျပာင္းေပးအပ္ လႉဒါန္းခဲ့ပါတယ္။

ၿငိမ္းခ်မ္းေရးေကာ္မရွင္ဥကၠ႒က သံအမတ္ႀကီးကို ဂုဏ္ျပဳမွတ္တမ္းလႊာ ေပးအပ္ခဲ့ကာ ၿငိမ္းခ်မ္းေရးေကာ္မရွင္ ဒုတိယဥကၠ႒က အမွတ္တရလက္ေဆာင္ ေပးအပ္ခဲ့ၿပီး ၿငိမ္းခ်မ္းေရးေကာ္မရွင္ ဥကၠ႒ ေဒါက္တာတင္မ်ိဳးဝင္း က ေက်းဇူးတင္စကား ျပန္လည္ေျပာၾကားခဲ့ပါတယ္။

ထို႔ေနာက္မွာ အမွတ္တရ စုေပါင္းဓာတ္ပုံ႐ိုက္ၾကၿပီး အခမ္းအနား ဒုတိယပိုင္းအစီအစဥ္အေနနဲ႔ ေမာ္ေတာ္ယာဥ္ေတြကို လွည့္လည္ၾကည့္ရႈကာ ဖဲႀကိဳးျဖတ္ ဖြင့္လွစ္ခဲ့ၾကတာ ျဖစ္ပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ေမ - ၄