ပြည်တွင်း ပြည်ပ မြန်မာလုပ်သားများအတွက် လုပ်သားအခွင့်အရေးနှင့် ကူညီစောင့်ရှောက်ပေးနိုင်ရေးအတွက် စီမံပေးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆို တင်သွင်း

ပြည်တွင်း ပြည်ပ မြန်မာလုပ်သားများအတွက် လုပ်သားအခွင့်အရေးနှင့် ကူညီစောင့်ရှောက်ပေးနိုင်ရေးအတွက် စီမံပေးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆို တင်သွင်း

ပြည်ပရောက် မြန်မာလုပ်သားများ Labour Right အပြည့်အဝရရှိရေး၊ အခက်အခဲများ ကြုံတွေ့သည့်အခါ ကူညီစောင့်ရှောက်ပေးနိုင်ရေးနှင့် ပြည်တွင်းတွင် Labour Intensive Industry လုပ်သား အခြေပြုလုပ်ငန်းများ အလုံးအရင်းနှင့် ပေါ်ပေါက်လာစေရန်အတွက် စီမံပေးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုတစ်ခုအား ယနေ့ပြုလုပ်သည့် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့အစီအစဉ်မှာ မင်းကင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့် မှ တင်သွင်းခဲ့ခြင်း ဖြစ်ပါတယ်။

"ပထမပိုင်းကတော့ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပကိုရောက်နေရှိနေတဲ့ မြန်မာလုပ်သား (၅) သန်းခန့်ကို Labour Right အပြည့်အဝရရှိစေဖို့နဲ့ Right အပြည့်အဝရရှိရေး၊ အခက်အခဲများ ကြုံတွေ့သည့်အခါ ကူညီစောင့်ရှောက်ပေးနိုင်ရေးဖြစ်ပြီး၊ ဒုတိယအပိုင်းကတော့ ပြည်ပကို ဘုရားပွဲသွားသလိုမျိုး အုံးအုံးကြွက်ကြွက် သွားနေတာတွေ နည်းသွားစေဖို့။ဖြစ်နိုင်ရင် ရပ်တန့်သွားပြီး ပြည်ပက ကျွမ်းကျင်လုပ်သားတွေ ပြည်တွင်းကို ပြန်လည်ဝင်ရောက်လာဖို့အတွက် ပြည်တွင်းမှာ Labour Intensive Industry လုပ်သားအခြေပြု လုပ်ငန်းများ အလုံးအရင်းနှင့် ပေါ်ပေါက်လာစေရေးအတွက် စီမံဆောင်ရွက်ပေးရန် ဖြစ်ပါတယ်" ဟု မင်းကင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့် က ပြောကြားခဲ့ပါတယ်။

ယင်းအပြင် ၎င်းက "ပြည်တွင်းမှာ FDI အလာနည်းတော့ အလုပ်အကိုင်ရှားတယ်။လုပ်ခလစာကလည်း ပြည်ပနိုင်ငံတွေနှင့် နှိုင်းယှဉ်ကြည့်ရင် များစွာကွာဟနေပါတယ်။ဥပမာ ကျွန်တော်တို့က နေ့စဉ်လုပ်အားခ (၄၈၀၀ိ/-) ရတယ်၊ ထိုင်းနိုင်ငံမှာ အနည်းဆုံးလုပ်အားခက ဘတ် (၃၀၀) ရတယ် ဒီတော့ မြန်မာငွေနဲ့ဆိုရင် (၁၅၀၀၀) ကျပ် ဖြစ်နေတယ်" ဟုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

နိုင်ငံတော်၏ လုပ်သားထုကြီးမှာ ပြည်ပနိုင်ငံများတွင် (၅) သန်းခန့် တရားဝင်အဖြစ်ရော၊ တရားမဝင်ပါ ရောက်ရှိနေပါတယ်၊ ၎င်းတို့သည် ရောက်ရှိသော နိုင်ငံများတွင် Labour Right အပြည့်အဝခံစားရခြင်း မရှိဘဲ တစ်ခါတစ်ရံ အလုပ်ရှင်ကလည်းကောင်း၊ လူမိုက်များကလည်းကောင်း၊ တရားမဲ့ ညှဉ်းပမ်းနှိပ်စက်မှု ခံကြရပါတယ်။အထက်ပါ အလုပ်သမားများကို သက်ဆိုင်ရာ နိုင်ငံအလိုက် လုံလောက်သည့် စောင့်ရှောက်မှုပေးနိုင်ရေး စီမံဆောင်ရွက်ပေးနိုင်ပါရန်နှင့် ပြည်ပရောက် မြန်မာများအတွက် မိမိတို့နိုင်ငံတွင် Labour Intensive Industry လုပ်သားအခြေပြု လုပ်ငန်းများ အလုံးအရင်းနှင့် ပေါ်ပေါက်လာစေရန်အတွက် စီမံပေးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းခြင်းဖြစ်ကြောင်း မင်းကင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့် မှ ပြောကြားခဲ့ပါတယ်။

ယင်းအဆိုအား ပျော်ဘွယ်မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးသောင်းအေး မှ ထောက်ခံခဲ့ပြီး အဆိုကို လွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန် သင့်/မသင့် လွှတ်တော်၏ ဆန္ဒခံယူရာ ကန့်ကွက်သူမရှိသဖြင့် ပြည်သူ့လွှတ်တော်မှ ဆက်လက်ဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှ ကြေညာခဲ့ပါတယ်။

PTG
နေပြည်တော်၊ ဇူလိုင် - ၂၉

( Zawgyi )

ျပည္ပေရာက္ ျမန္မာလုပ္သားမ်ား Labour Right အျပည့္အဝရရွိေရး၊ အခက္အခဲမ်ား ႀကဳံေတြ႕သည့္အခါ ကူညီေစာင့္ေရွာက္ေပးႏိုင္ေရးႏွင့္ ျပည္တြင္းတြင္ Labour Intensive Industry လုပ္သား အေျချပဳလုပ္ငန္းမ်ား အလုံးအရင္းႏွင့္ ေပၚေပါက္လာေစရန္အတြက္ စီမံေပးရန္ ႏိုင္ငံေတာ္အစိုးရအား တိုက္တြန္းေၾကာင္း အဆိုတစ္ခုအား ယေန႔ျပဳလုပ္သည့္ ျပည္သူ႔လႊတ္ေတာ္ (၁၃) ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး ပၪၥမေန႔အစီအစဥ္မွာ မင္းကင္းမဲဆႏၵနယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေမာင္ျမင့္ မွ တင္သြင္းခဲ့ျခင္း ျဖစ္ပါတယ္။

"ပထမပိုင္းကေတာ့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျပည္ပကိုေရာက္ေနရွိေနတဲ့ ျမန္မာလုပ္သား (၅) သန္းခန႔္ကို Labour Right အျပည့္အဝရရွိေစဖို႔နဲ႔ Right အျပည့္အဝရရွိေရး၊ အခက္အခဲမ်ား ႀကဳံေတြ႕သည့္အခါ ကူညီေစာင့္ေရွာက္ေပးႏိုင္ေရးျဖစ္ၿပီး၊ ဒုတိယအပိုင္းကေတာ့ ျပည္ပကို ဘုရားပြဲသြားသလိုမ်ိဳး အုံးအုံးႂကြက္ႂကြက္ သြားေနတာေတြ နည္းသြားေစဖို႔။ျဖစ္ႏိုင္ရင္ ရပ္တန႔္သြားၿပီး ျပည္ပက ကြၽမ္းက်င္လုပ္သားေတြ ျပည္တြင္းကို ျပန္လည္ဝင္ေရာက္လာဖို႔အတြက္ ျပည္တြင္းမွာ Labour Intensive Industry လုပ္သားအေျချပဳ လုပ္ငန္းမ်ား အလုံးအရင္းႏွင့္ ေပၚေပါက္လာေစေရးအတြက္ စီမံေဆာင္႐ြက္ေပးရန္ ျဖစ္ပါတယ္" ဟု မင္းကင္းမဲဆႏၵနယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေမာင္ျမင့္ က ေျပာၾကားခဲ့ပါတယ္။

ယင္းအျပင္ ၎က "ျပည္တြင္းမွာ FDI အလာနည္းေတာ့ အလုပ္အကိုင္ရွားတယ္။လုပ္ခလစာကလည္း ျပည္ပႏိုင္ငံေတြႏွင့္ ႏႈိင္းယွဥ္ၾကည့္ရင္ မ်ားစြာကြာဟေနပါတယ္။ဥပမာ ကြၽန္ေတာ္တို႔က ေန႔စဥ္လုပ္အားခ (၄၈၀၀ိ/-) ရတယ္၊ ထိုင္းႏိုင္ငံမွာ အနည္းဆုံးလုပ္အားခက ဘတ္ (၃၀၀) ရတယ္ ဒီေတာ့ ျမန္မာေငြနဲ႔ဆိုရင္ (၁၅၀၀၀) က်ပ္ ျဖစ္ေနတယ္" ဟုလည္း ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

ႏိုင္ငံေတာ္၏ လုပ္သားထုႀကီးမွာ ျပည္ပႏိုင္ငံမ်ားတြင္ (၅) သန္းခန႔္ တရားဝင္အျဖစ္ေရာ၊ တရားမဝင္ပါ ေရာက္ရွိေနပါတယ္၊ ၎တို႔သည္ ေရာက္ရွိေသာ ႏိုင္ငံမ်ားတြင္ Labour Right အျပည့္အဝခံစားရျခင္း မရွိဘဲ တစ္ခါတစ္ရံ အလုပ္ရွင္ကလည္းေကာင္း၊ လူမိုက္မ်ားကလည္းေကာင္း၊ တရားမဲ့ ညႇဥ္းပမ္းႏွိပ္စက္မႈ ခံၾကရပါတယ္။အထက္ပါ အလုပ္သမားမ်ားကို သက္ဆိုင္ရာ ႏိုင္ငံအလိုက္ လုံေလာက္သည့္ ေစာင့္ေရွာက္မႈေပးႏိုင္ေရး စီမံေဆာင္႐ြက္ေပးႏိုင္ပါရန္ႏွင့္ ျပည္ပေရာက္ ျမန္မာမ်ားအတြက္ မိမိတို႔ႏိုင္ငံတြင္ Labour Intensive Industry လုပ္သားအေျချပဳ လုပ္ငန္းမ်ား အလုံးအရင္းႏွင့္ ေပၚေပါက္လာေစရန္အတြက္ စီမံေပးရန္ ႏိုင္ငံေတာ္အစိုးရအား တိုက္တြန္းျခင္းျဖစ္ေၾကာင္း မင္းကင္းမဲဆႏၵနယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေမာင္ျမင့္ မွ ေျပာၾကားခဲ့ပါတယ္။

ယင္းအဆိုအား ေပ်ာ္ဘြယ္မဲဆႏၵနယ္ ကိုယ္စားလွယ္ ဦးေသာင္းေအး မွ ေထာက္ခံခဲ့ၿပီး အဆိုကို လႊတ္ေတာ္တြင္ ဆက္လက္ေဆြးေႏြးရန္ သင့္/မသင့္ လႊတ္ေတာ္၏ ဆႏၵခံယူရာ ကန႔္ကြက္သူမရွိသျဖင့္ ျပည္သူ႔လႊတ္ေတာ္မွ ဆက္လက္ေဆြးေႏြးရန္ ဆုံးျဖတ္ေၾကာင္း ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒မွ ေၾကညာခဲ့ပါတယ္။

PTG
ေနျပည္ေတာ္၊ ဇူလိုင္ - ၂၉