ပြည်ပကုန်သွယ်မှု ရှစ်လအတွင်း ကန်ဒေါ်လာ၂၃ ဘီလျံကျော်ထိ ကုန်သွယ်နိုင်ခဲ့

ပြည်ပကုန်သွယ်မှု ရှစ်လအတွင်း ကန်ဒေါ်လာ၂၃ ဘီလျံကျော်ထိ ကုန်သွယ်နိုင်ခဲ့

ယခုလ နောက်ဆုံးရက်သတ္တပတ်အတွင်း ထုတ်ပြန်ခဲ့သည့် ဘဏ္ဍာနှစ်အလိုက် ပုံမှန်/နယ်စပ် ပို့ကုန်၊ သွင်းကုန်၊ ကုန်သွယ်မှုပမာဏ အခြေအနေစာရင်းဇယားအရ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး အပါအဝင် နိုင်ငံတကာနှင့် ကုန်သွယ်မှုပမာဏမှာ မေလအတွင်း အမေရိကန်ဒေါ်လာ ၃၀၄၇ ဒသမ၂၅၇ သန်းရှိခဲ့ကာ သုံးလဆက်တိုက် သုံးဘီလျံကျော် ကုန်သွယ်ခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လအတွင်းထုတ်ပြန်ခဲ့သည့် ဘဏ္ဍာနှစ်အလိုက် ပုံမှန်/နယ်စပ် ပို့ကုန်၊ သွင်းကုန်၊ ကုန်သွယ်မှုပမာဏ အခြေအနေစာရင်းဇယားအရ ယခုဘဏ္ဍာရေးကာလ ရှစ်လတာကာလအတွင်း ကုန်သွယ်မှုမှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၁၁၂၂၇ ဒသမ ၄၂၂ သန်းနှင့် သွင်းကုန် အမေရိကန်ဒေါ်လာ ၁၂၁၁၁ ဒသမ ၄၀၆ သန်းရှိကာ စုစုပေါင်းကုန်သွယ်မှု ကန်ဒေါ်လာ ၂၃၃၃၈ ဒသမ ၈ သန်း (ဘီလျံ ၂၃ ကျော်) အထိ ရှိခဲ့ကြောင်း သိရပါတယ်။

အဆိုပါစာရင်းအချက်အလက်များအရ မေလအတွင်း ပြည်ပသို့ ကုန်ပစ္စည်းတင်ပို့မှု ပမာဏမှာ ကန်ဒေါ်လာ ၁၄၁၅ ဒသမ ၃၀၄ သန်းရှိပြီး ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှု ပမာဏမှာ ကန်ဒေါ်လာ ၁၆၃၁ ဒသမ ၉၅၃ သန်းရှိပြီး စုစုပေါင်းကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၃၀၄၇ ဒသမ ၂၅၇ သန်းရှိခဲ့ကာ ကုန်သွယ်ရေးလိုငွေ ကန်ဒေါ်လာ၂၁၆ ဒသမ ၆၄၉ သန်း ဖြစ်ပေါ်ခဲ့ပါတယ်။    

၅ နှစ်တာကာလအတွင်း ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏမှာ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ကန်ဒေါ်လာ ၃၃ ဘီလျံကျော်ဖြင့် ကုန်သွယ်မှုအများဆုံးဖြစ်ခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ကန်ဒေါ်လာ ၂၉ ဘီလျံကျော်၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ကန်ဒေါ်လာ ၂၇ ဘီလျံကျော်၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကန်ဒေါ်လာ ၂၉ ဘီလျံကျော်နှင့် ၂၀၁၈ ကာလတိုဘဏ္ဍာရေးနှစ်တွင် ကန်ဒေါ်လာ ၁၈ ဘီလျံကျော် ကုန်သွယ်ခဲ့ပြီး ဘဏ္ဍာရေးနှစ်သစ် ခြောက်လတာကာလအတွင်း ကန်ဒေါ်လာ ၁၇ ဘီလျံကျော်ထိ ကုန်သွယ်ခဲ့ပါတယ်။

ပြီးခဲ့လများအတွင်း ပြည်ပနှင့် ကုန်သွယ်ရာမှာ ဖေဖေါ်ဝါရီလအတွင်း ကန်ဒေါ်လာ ၂၇၅၈ ဒသမ ၄၈၁ သန်း၊ မတ်လအတွင်း ကန်ဒေါ်လာ ၃၁၀၇ ဒသမ ၄၈၉ သန်းနှင့် ဧပြီလတွင် အမေရိကန်ဒေါ်လာ ၃၀၁၉ ဒသမ ၅၉၂ သန်း အသီသီးကုန်သွယ်ခဲ့ပါတယ်။

PWA
ရန်ကုန်၊ ဇူလိုင် - ၃၁

( Zawgyi )

ယခုလ ေနာက္ဆုံးရက္သတၱပတ္အတြင္း ထုတ္ျပန္ခဲ့သည့္ ဘ႑ာႏွစ္အလိုက္ ပုံမွန္/နယ္စပ္ ပို႔ကုန္၊ သြင္းကုန္၊ ကုန္သြယ္မႈပမာဏ အေျခအေနစာရင္းဇယားအရ ပင္လယ္ေရေၾကာင္းႏွင့္ နယ္စပ္ကုန္သြယ္ေရး အပါအဝင္ ႏိုင္ငံတကာႏွင့္ ကုန္သြယ္မႈပမာဏမွာ ေမလအတြင္း အေမရိကန္ေဒၚလာ ၃၀၄၇ ဒသမ၂၅၇ သန္းရွိခဲ့ကာ သုံးလဆက္တိုက္ သုံးဘီလ်ံေက်ာ္ ကုန္သြယ္ခဲ့တယ္လို႔ သိရပါတယ္။

ဇူလိုင္လအတြင္းထုတ္ျပန္ခဲ့သည့္ ဘ႑ာႏွစ္အလိုက္ ပုံမွန္/နယ္စပ္ ပို႔ကုန္၊ သြင္းကုန္၊ ကုန္သြယ္မႈပမာဏ အေျခအေနစာရင္းဇယားအရ ယခုဘ႑ာေရးကာလ ရွစ္လတာကာလအတြင္း ကုန္သြယ္မႈမွာ ပို႔ကုန္ အေမရိကန္ေဒၚလာ ၁၁၂၂၇ ဒသမ ၄၂၂ သန္းႏွင့္ သြင္းကုန္ အေမရိကန္ေဒၚလာ ၁၂၁၁၁ ဒသမ ၄၀၆ သန္းရွိကာ စုစုေပါင္းကုန္သြယ္မႈ ကန္ေဒၚလာ ၂၃၃၃၈ ဒသမ ၈ သန္း (ဘီလ်ံ ၂၃ ေက်ာ္) အထိ ရွိခဲ့ေၾကာင္း သိရပါတယ္။

အဆိုပါစာရင္းအခ်က္အလက္မ်ားအရ ေမလအတြင္း ျပည္ပသို႔ ကုန္ပစၥည္းတင္ပို႔မႈ ပမာဏမွာ ကန္ေဒၚလာ ၁၄၁၅ ဒသမ ၃၀၄ သန္းရွိၿပီး ျပည္ပမွ ကုန္ပစၥည္းတင္သြင္းမႈ ပမာဏမွာ ကန္ေဒၚလာ ၁၆၃၁ ဒသမ ၉၅၃ သန္းရွိၿပီး စုစုေပါင္းကုန္သြယ္မႈ အေမရိကန္ေဒၚလာ ၃၀၄၇ ဒသမ ၂၅၇ သန္းရွိခဲ့ကာ ကုန္သြယ္ေရးလိုေငြ ကန္ေဒၚလာ၂၁၆ ဒသမ ၆၄၉ သန္း ျဖစ္ေပၚခဲ့ပါတယ္။    

၅ ႏွစ္တာကာလအတြင္း ျပည္ပႏိုင္ငံမ်ားႏွင့္ ကုန္သြယ္မႈပမာဏမွာ၂၀၁၇-၂၀၁၈ ဘ႑ာေရးႏွစ္တြင္ ကန္ေဒၚလာ ၃၃ ဘီလ်ံေက်ာ္ျဖင့္ ကုန္သြယ္မႈအမ်ားဆုံးျဖစ္ခဲ့ၿပီး ၂၀၁၄-၂၀၁၅ ဘ႑ာေရးႏွစ္တြင္ ကန္ေဒၚလာ ၂၉ ဘီလ်ံေက်ာ္၊ ၂၀၁၅-၂၀၁၆ ဘ႑ာေရးႏွစ္တြင္ ကန္ေဒၚလာ ၂၇ ဘီလ်ံေက်ာ္၊ ၂၀၁၆-၂၀၁၇ ဘ႑ာေရးႏွစ္တြင္ ကန္ေဒၚလာ ၂၉ ဘီလ်ံေက်ာ္ႏွင့္ ၂၀၁၈ ကာလတိုဘ႑ာေရးႏွစ္တြင္ ကန္ေဒၚလာ ၁၈ ဘီလ်ံေက်ာ္ ကုန္သြယ္ခဲ့ၿပီး ဘ႑ာေရးႏွစ္သစ္ ေျခာက္လတာကာလအတြင္း ကန္ေဒၚလာ ၁၇ ဘီလ်ံေက်ာ္ထိ ကုန္သြယ္ခဲ့ပါတယ္။

ၿပီးခဲ့လမ်ားအတြင္း ျပည္ပႏွင့္ ကုန္သြယ္ရာမွာ ေဖေဖၚဝါရီလအတြင္း ကန္ေဒၚလာ ၂၇၅၈ ဒသမ ၄၈၁ သန္း၊ မတ္လအတြင္း ကန္ေဒၚလာ ၃၁၀၇ ဒသမ ၄၈၉ သန္းႏွင့္ ဧၿပီလတြင္ အေမရိကန္ေဒၚလာ ၃၀၁၉ ဒသမ ၅၉၂ သန္း အသီသီးကုန္သြယ္ခဲ့ပါတယ္။

PWA
ရန္ကုန္၊ ဇူလိုင္ - ၃၁