ပြည်ပက ဝင်လာပြီး လိုက်စစ်လို့မရတဲ့သူတွေကို တာဝန်ပြန်ယူရချိန်မှာ မြေလှန်ရှာစစ်မယ်ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဆို

ပြည်ပက ဝင်လာပြီး လိုက်စစ်လို့မရတဲ့သူတွေကို တာဝန်ပြန်ယူရချိန်မှာ မြေလှန်ရှာစစ်မယ်ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဆို

ပြည်ပနိုင်ငံ အနှံ့အပြားကန ရောက်လာတဲ့ လိုက်စစ်လို့မရတဲ့ လူတွေကို မိမိတို့တာဝန်ယူရချိန်မှာ မြေလှန်ရှာပြီး ချက်ချင်းပြန်စစ်မယ်လို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ပါတီကော်မတီ တာဝန်ရှိသူများဖြင့် တွေ့ဆုံတဲ့ ဇူလိုင် ၂၉ ရက်က ပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ယနေ့ ပြည်သူလူထု လိုအပ်နေတာက ဆန်ဈေးကျဖို့လား၊ ကလေးမွေးစားဖို့လား။ဒီနေ့ ရပ်ကွက်ထဲမှာဖြစ်နေတဲ့ ဒုစရိုက်အမှုတွေကို အရှိန်အဟုန်နှင့် နှိမ်နင်းဖို့လား၊ ကလေးမွေးစားဖို့လား။ကလေးသူငယ် ဥပဒေသည် နိုင်ငံတော်နှင့် နိုင်ငံသားများကို လုံးဝအကျိုးမပြုသော ဥပဒေဟု အများပြည်သူက ခံယူထားတယ်။ပြည်သူလိုအပ်ချက် နိုင်ငံလိုအပ်ချက် မဟုတ်ဘူးဆိုတဲ့ ဥပဒေဟာ မလိုအပ်ဘူးပေါ့။ဒါကြောင့် ပြည်သူအတွက် မလိုအပ်တဲ့အတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆန့်ကျင်သွားမယ်လို့ ပြောကြားခဲ့ပြီးဖြစ်တယ်။ပြည်သူအတွက် နိုင်ငံအတွက် အကျိုးမပြုတဲ့ မလိုအပ်တဲ့ ဥပဒေတွေကို ပြည်သူက တာဝန်ပေးလို့ မိမိတို့တာဝန်ယူချိန်မှာ ချက်ချင်းပယ်ဖျက်ပေးပါ့မယ်။
ဒါတင်မကသေးပါဘူး၊ စနစ်တကျ တစ်ခုပြီးတစ်ခု ဖျက်လာတဲ့ ဥပဒေတွေကြောင့် ရပ်ထဲရွာထဲ နိုင်ငံထဲမှာ ပြည်သူထဲမှာ ပြည်ပနိုင်ငံ အနှံ့အပြားကနေ ရောက်လာတဲ့ လိုက်စစ်လို့မရတဲ့ လူတွေကို ကျနော်တို့ တာဝန်ယူရချိန်မှာ ချက်ချင်းပြန်စစ်မယ်၊ မြေလှန်ပြီး ရှာပေးမယ်” ဟု ယင်းတွေ့ဆုံပွဲမှာ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ၎င်းက နိုင်ငံတော်မှာ ဆန်ဈေးကျအောင် ဆီဈေးကျအောင် လုပ်ပေးဖို့ တိုင်းရင်းသားအချင်းချင်း ညီညီညွတ်ညွတ် လုပ်ပေးဖို့ကိုလည်း တိုက်တွန်းတောင်းဆိုခဲ့ပါသေးတယ်။

“ကျနော်တို့ အားကောင်းမောင်းသန် လုပ်ခဲ့တဲ့ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး အမျိုးသားရင်ကြားစေ့ရေး ဒါတွေကိုလည်း ကျနော်တို့လက်ထက်မှာထက် သာလွန်ကောင်းမွန်အောင် ဦးစားပေးလုပ်ပေးပါမယ်” လို့လည်း ၎င်းက ယင်းတွေ့ဆုံပွဲမှာ ပြောကြားခဲ့တယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

ပြေသိမ်း
ရန်ကုန်၊ ဇူလိုင် - ၃၁
ဓာတ်ပုံ - ပြည်ခိုင်ဖြိုးပါတီ

( Zawgyi )

ျပည္ပႏိုင္ငံ အႏွံ႔အျပားကန ေရာက္လာတဲ့ လိုက္စစ္လို႔မရတဲ့ လူေတြကို မိမိတို႔တာဝန္ယူရခ်ိန္မွာ ေျမလွန္ရွာၿပီး ခ်က္ခ်င္းျပန္စစ္မယ္လို႔ ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ဦးသန္းေဌး က မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ တိုင္းေဒသႀကီး၊ ခ႐ိုင္၊ ၿမိဳ႕နယ္ ပါတီေကာ္မတီ တာဝန္ရွိသူမ်ားျဖင့္ ေတြ႕ဆုံတဲ့ ဇူလိုင္ ၂၉ ရက္က ပြဲမွာ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“ယေန႔ ျပည္သူလူထု လိုအပ္ေနတာက ဆန္ေဈးက်ဖို႔လား၊ ကေလးေမြးစားဖို႔လား။ဒီေန႔ ရပ္ကြက္ထဲမွာျဖစ္ေနတဲ့ ဒုစ႐ိုက္အမႈေတြကို အရွိန္အဟုန္ႏွင့္ ႏွိမ္နင္းဖို႔လား၊ ကေလးေမြးစားဖို႔လား။ကေလးသူငယ္ ဥပေဒသည္ ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသားမ်ားကို လုံးဝအက်ိဳးမျပဳေသာ ဥပေဒဟု အမ်ားျပည္သူက ခံယူထားတယ္။ျပည္သူလိုအပ္ခ်က္ ႏိုင္ငံလိုအပ္ခ်က္ မဟုတ္ဘူးဆိုတဲ့ ဥပေဒဟာ မလိုအပ္ဘူးေပါ့။ဒါေၾကာင့္ ျပည္သူအတြက္ မလိုအပ္တဲ့အတြက္ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ ဆန႔္က်င္သြားမယ္လို႔ ေျပာၾကားခဲ့ၿပီးျဖစ္တယ္။ျပည္သူအတြက္ ႏိုင္ငံအတြက္ အက်ိဳးမျပဳတဲ့ မလိုအပ္တဲ့ ဥပေဒေတြကို ျပည္သူက တာဝန္ေပးလို႔ မိမိတို႔တာဝန္ယူခ်ိန္မွာ ခ်က္ခ်င္းပယ္ဖ်က္ေပးပါ့မယ္။
ဒါတင္မကေသးပါဘူး၊ စနစ္တက် တစ္ခုၿပီးတစ္ခု ဖ်က္လာတဲ့ ဥပေဒေတြေၾကာင့္ ရပ္ထဲ႐ြာထဲ ႏိုင္ငံထဲမွာ ျပည္သူထဲမွာ ျပည္ပႏိုင္ငံ အႏွံ႔အျပားကေန ေရာက္လာတဲ့ လိုက္စစ္လို႔မရတဲ့ လူေတြကို က်ေနာ္တို႔ တာဝန္ယူရခ်ိန္မွာ ခ်က္ခ်င္းျပန္စစ္မယ္၊ ေျမလွန္ၿပီး ရွာေပးမယ္” ဟု ယင္းေတြ႕ဆုံပြဲမွာ ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ဦးသန္းေဌး က ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ၎က ႏိုင္ငံေတာ္မွာ ဆန္ေဈးက်ေအာင္ ဆီေဈးက်ေအာင္ လုပ္ေပးဖို႔ တိုင္းရင္းသားအခ်င္းခ်င္း ညီညီၫြတ္ၫြတ္ လုပ္ေပးဖို႔ကိုလည္း တိုက္တြန္းေတာင္းဆိုခဲ့ပါေသးတယ္။

“က်ေနာ္တို႔ အားေကာင္းေမာင္းသန္ လုပ္ခဲ့တဲ့ အမ်ိဳးသားျပန္လည္စည္းလုံးညီၫြတ္ေရး အမ်ိဳးသားရင္ၾကားေစ့ေရး ဒါေတြကိုလည္း က်ေနာ္တို႔လက္ထက္မွာထက္ သာလြန္ေကာင္းမြန္ေအာင္ ဦးစားေပးလုပ္ေပးပါမယ္” လို႔လည္း ၎က ယင္းေတြ႕ဆုံပြဲမွာ ေျပာၾကားခဲ့တယ္လို႔ ပါတီေျပာေရးဆိုခြင့္ရွိသူ ဦးသိန္းထြန္းဦး ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာမွာ ေရးသားေဖာ္ျပခဲ့ပါတယ္။

ေျပသိမ္း
ရန္ကုန္၊ ဇူလိုင္ - ၃၁
ဓာတ္ပုံ - ျပည္ခိုင္ၿဖိဳးပါတီ