ပြည်ပနှင့် ကုန်သွယ်မှု ရှစ်လတာကာလအတွင်း ကန်ဒေါ်လာ ၂၃ ဘီလျံကျော်ထိ ရှိလာ

ပြည်ပနှင့် ကုန်သွယ်မှု ရှစ်လတာကာလအတွင်း ကန်ဒေါ်လာ ၂၃ ဘီလျံကျော်ထိ ရှိလာ

ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများနှင့် နယ်စပ်၊ပင်လယ်ရေကြောင်း စသည်တို့မှ ကုန်သွယ်ရာ တွင် ကုန်သွယ်ရေးဦးစီးဌာနက ဇွန်လအတွင်း ထုတ်ပြန်သည့် ကာလတူ ပုံမှန်/နယ်စပ် (နိုင်ငံအ လိုက်) ပို့ကုန်၊ သွင်းကုန်၊ ကုန်သွယ်မှုပမာဏ အခြေအနေစာရင်းအချက် အလက်များ အရ ကန်ဒေါ်လာ ၂၃ ဒသမ ၅ ဘီလျံနီးပါးရှိခဲ့ပြီး ထိုပမာဏမှာ ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူထက် အမေရိကန်ဒေါ်လာ သန်း ၄၅၀ ကျော်ပိုမိုခဲ့ကြောင်း သိရပါတယ်။

ယခင်ဘဏ္ဍာနှစ် ကာလတူထက် ယခုနှစ်တွင် ကုန်သွယ်မှု ပမာဏတိုးလာရခြင်းမှာ ပို့ကုန်အပိုင်းတွင် ယခင်ကထက် ရှစ်လအတွင်း ကန်ဒေါ်လာ ၁၂ ဘီလျံကျော် တိုးတက်တင်ပို့နိုင်ခဲ့ပြီး သွင်းကုန် အပိုင်း တွင် ယခင် ဘဏ္ဍာနှစ်ထက် ကန်ဒေါ်လာ သန်း၇၀၀ ကျော် လျော့ပေါ့တင်သွင်းခဲ့သဖြင့် ကုန်သွယ်မှု အပိုင်းတွင်း ကန်ဒေါ်လာ သန်း ၄၅၀ ကျော်တိုးတက်လာခဲ့ရခြင်းဖြစ်တယ်လို့် သိရပါတယ်။

ယခုဘဏ္ဍာနှစ် ၈ လတာကာလအတွင်း မေ ၃၁ ရက်အထိ ပြည်ပနှင့် ကုန်သွယ်မှုတွင် အမေရိကန် ဒေါ်လာ ၂၃ဘီလျံခွဲနီးပါး(၂၃၄၉၀ဒသမ ၅၅၂ သန်း) ကုန်သွယ်ခဲ့ရာ ပို့ကုန် ကန်ဒေါ်လာ ၁၁၃၀၅ ဒသမ ၆၇၃ သန်းတင်ပို့ခဲ့ပြီး သွင်းကုန် ကန်ဒေါ်လာ ၁၂၁၈၄ဒသမ ၈၇၉ သန်းတင်သွင်း ခဲ့ကြောင်း သိရပါတယ်။

ယခင်ဘဏ္ဍာနှစ် ၈ လတာအတွင်း ကုန်သွယ်မှုကို ပြန်ကြည့်ပါက ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၂၃၀၂၆ဒသမ ၂၃၇ သန်းသဖြင့် ယခုဘဏ္ဍာနှစ်ကာလတူကုန်သွယ်မှုတွင် ကန်ဒေါ်လာ ၂၃၄၉၀ ဒသမ ၅၅၂ သန်း ရှိခဲ့ရာ သန်း ၄၆၃ဒသမ ၃၁၅ သန်းပိုမိုခဲ့ပါတယ်။

ကုန်သွယ်ရေးလိုငွေ ပိုငွေ အပိုင်းကို ပြန်ကြည့်ပါက ယခင်ဘဏ္ဍာနှစ်ကာလတူတွင် လိုငွေဖြစ်ပေါ်မှု ၂၉၁၈ဒသမ ၅၆၃  သန်းရှိခဲ့ရာ ယခုဘဏ္ဍာနှစ်တွင် ရှစ်လတာအတွင်း ကုန်သွယ်ရေးလိုငွေ ကန်ဒေါ်လာ ၈၇၉ ဒသမ ၂၀၆ သန်းဖြစ်ပေါ်ခဲ့သဖြင့် ကုန်သွယ်ရေးလိုငွေ ကန်ဒေါ်လာ ၂ ဘီလျံကျော်လျော့ချနိုင်ခဲ့ကြောင်း သိရပါတယ်။

PWA
ရန်ကုန်၊ဇွန် ၉

(  Zawgyi  )

 ယခုဘ႑ာႏွစ္အတြင္း ျပည္ပႏိုင္ငံမ်ားႏွင့္ နယ္စပ္၊ပင္လယ္ေရေၾကာင္း စသည္တို႔မွ ကုန္သြယ္ရာ တြင္ ကုန္သြယ္ေရးဦးစီးဌာနက ဇြန္လအတြင္း ထုတ္ျပန္သည့္ ကာလတူ ပုံမွန္/နယ္စပ္ (ႏိုင္ငံအ လိုက္) ပို႔ကုန္၊ သြင္းကုန္၊ ကုန္သြယ္မႈပမာဏ အေျခအေနစာရင္းအခ်က္ အလက္မ်ား အရ ကန္ေဒၚလာ ၂၃ ဒသမ ၅ ဘီလ်ံနီးပါးရွိခဲ့ၿပီး ထိုပမာဏမွာ ၿပီးခဲ့သည့္ ဘ႑ာႏွစ္ ကာလတူထက္ အေမရိကန္ေဒၚလာ သန္း ၄၅၀ ေက်ာ္ပိုမိုခဲ့ေၾကာင္း သိရပါတယ္။

ယခင္ဘ႑ာႏွစ္ ကာလတူထက္ ယခုႏွစ္တြင္ ကုန္သြယ္မႈ ပမာဏတိုးလာရျခင္းမွာ ပို႔ကုန္အပိုင္းတြင္ ယခင္ကထက္ ရွစ္လအတြင္း ကန္ေဒၚလာ ၁၂ ဘီလ်ံေက်ာ္ တိုးတက္တင္ပို႔ႏိုင္ခဲ့ၿပီး သြင္းကုန္ အပိုင္း တြင္ ယခင္ ဘ႑ာႏွစ္ထက္ ကန္ေဒၚလာ သန္း၇၀၀ ေက်ာ္ ေလ်ာ့ေပါ့တင္သြင္းခဲ့သျဖင့္ ကုန္သြယ္မႈ အပိုင္းတြင္း ကန္ေဒၚလာ သန္း ၄၅၀ ေက်ာ္တိုးတက္လာခဲ့ရျခင္းျဖစ္တယ္လို႔္ သိရပါတယ္။

ယခုဘ႑ာႏွစ္ ၈ လတာကာလအတြင္း ေမ ၃၁ ရက္အထိ ျပည္ပႏွင့္ ကုန္သြယ္မႈတြင္ အေမရိကန္ ေဒၚလာ ၂၃ဘီလ်ံခြဲနီးပါး(၂၃၄၉၀ဒသမ ၅၅၂ သန္း) ကုန္သြယ္ခဲ့ရာ ပို႔ကုန္ ကန္ေဒၚလာ ၁၁၃၀၅ ဒသမ ၆၇၃ သန္းတင္ပို႔ခဲ့ၿပီး သြင္းကုန္ ကန္ေဒၚလာ ၁၂၁၈၄ဒသမ ၈၇၉ သန္းတင္သြင္း ခဲ့ေၾကာင္း သိရပါတယ္။

ယခင္ဘ႑ာႏွစ္ ၈ လတာအတြင္း ကုန္သြယ္မႈကို ျပန္ၾကည့္ပါက ကုန္သြယ္မႈပမာဏ ကန္ေဒၚလာ ၂၃၀၂၆ဒသမ ၂၃၇ သန္းသျဖင့္ ယခုဘ႑ာႏွစ္ကာလတူကုန္သြယ္မႈတြင္ ကန္ေဒၚလာ ၂၃၄၉၀ ဒသမ ၅၅၂ သန္း ရွိခဲ့ရာ သန္း ၄၆၃ဒသမ ၃၁၅ သန္းပိုမိုခဲ့ပါတယ္။

ကုန္သြယ္ေရးလိုေငြ ပိုေငြ အပိုင္းကို ျပန္ၾကည့္ပါက ယခင္ဘ႑ာႏွစ္ကာလတူတြင္ လိုေငြျဖစ္ေပၚမႈ ၂၉၁၈ဒသမ ၅၆၃  သန္းရွိခဲ့ရာ ယခုဘ႑ာႏွစ္တြင္ ရွစ္လတာအတြင္း ကုန္သြယ္ေရးလိုေငြ ကန္ေဒၚလာ ၈၇၉ ဒသမ ၂၀၆ သန္းျဖစ္ေပၚခဲ့သျဖင့္ ကုန္သြယ္ေရးလိုေငြ ကန္ေဒၚလာ ၂ ဘီလ်ံေက်ာ္ေလ်ာ့ခ်ႏိုင္ခဲ့ေၾကာင္း သိရပါတယ္။

PWA
ရန္ကုန္၊ဇြန္ ၉