ပွင့်လင်းရာသီကာလအတွက် ပြည်တွင်းဘုရားဖူးခရီးစဉ်များ ဝန်ဆောင်မှုအသီးသီးဖြင့် ကြိုတင်ပြင်ဆင်လာကြ

ပွင့်လင်းရာသီကာလအတွက် ပြည်တွင်းဘုရားဖူးခရီးစဉ်များ ဝန်ဆောင်မှုအသီးသီးဖြင့် ကြိုတင်ပြင်ဆင်လာကြ

မကြာခင်ရောက်ရှိလာတော့မယ့် ပွင့်လင်းရာသီကာလထဲမှာ ပြည်တွင်းဘုရားဖူးခရီးစဉ်တွေကို သွားရောက် ကြမယ့်သူတွေအတွက် ဝန်ဆောင်မှုအစီအစဉ်အသီးသီးဖြင့် ကြိုတင်ပြင်ဆင်နေကြကြောင်း ပြည်တွင်း ဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်းမှ သိရပါတယ်။“အခုလိုမိုးတွင်းမှာက နားကြတဲ့သူကများတယ်လေ၊ တစ်ချို့တလေတော့ အခါကြီးရက်ကြီးတွေမှာ ပြည်ဘက်ကို နေ့ချင်းပြန်တို့ဘာတို့တော့ သွားပေးတဲ့သူတွေရှိပေမယ့် အများစုက နားပြီးတော့ လိုအပ်တဲ့ ပြင်ဆင်မှုတွေနဲ့ လုပ်ဆောင်တဲ့ကာလဖြစ်ပါတယ်”လို့ ပြည်တွင်း ဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်း ဥက္ကဋ္ဌ ဦးသန်းဋ္ဌေးက ရှင်းပြပါတယ်။

လာမယ့် စက်တင်ဘာလထဲမှစတင်ကာ ပုပ္ပါးဒေသရဲ့ အဘအောင်မင်းခေါင် ဓမ္မအမွေလှူဒါန်းပူဇော်ပွဲ ခရီးစဉ် တွေအပါအဝင် ပြည်တွင်း ဘုရားဖူး ခရီးစဉ်တွေ စတင်ပြန်လည် လည်ပတ်မယ့်ကာလကို ရောက်ရှိလာခဲ့ပါတယ်။ “အခုသွားမယ့် အဘထွက်ပွဲခရီးစဉ်ပြီးတဲ့နောက်မှာ ပြည်တွင်းဘုရားဖူးခရီးစဉ်တွေက တစ်နှစ်ပတ်လုံး လာမယ့်နှစ် မိုးမကျခင်လောက်အထိ လည်ပတ်မှာ ဖြစ်ပါတယ်၊ ဈေးနှုန်းတွေအနေနဲ့ကတော့ မနှစ်ကနဲ့ သိပ်တော့ မကွာဘူး၊ ဈေးအများကြီးလည်းလုပ်လို့မရဘူး၊ လုပ်ငန်းတစ်ခုနဲ့တစ်ခု ဈေးသိပ်မကွာကြဘူး၊ ဒါပေမဲ့ ဘာကွာသွားလဲ ဆိုတော့ Service တွေ တော့ ကွာသွားမယ်၊ တည်းခိုတာတွေ၊ စားသောက်တာတွေကအစ အရင်ကဆိုရင် ဘုန်းကြီးကျောင်းတည်းတာမျိုးပေါ့၊ နောက်ပိုင်းမှာ တည်းခိုခန်းတွေ၊ ဟိုတယ်တွေ၊ မိုတယ်တွေ မှာ ဖြစ်လာတယ်၊ တည်းတဲ့နေရာမှာလည်း ရေချိုးခန်း၊ အိမ်သာ တွဲလျက်ပါတဲ့ အခန်းမျိုးတွေအထိ ဖြစ်လာတယ်၊ အသုံးပြုတဲ့ယာဉ်တွေ၊ လမ်းကြောင်းလိုက်ပါရှင်းပြမယ့်သူတွေ အကုန်လုံးက ဝန်ဆောင်မှုကို ပိုကောင်းအောင်မြှင့်တင်လာကြတယ်”လို့ စိန်ဝင်းနှင့်ရောင်းရင်းများ ဘုရားဖူးခရီးသွားလုပ်ငန်း မန်နေဂျာ ကိုမြင့်ဝင်းက ဆိုပါတယ်။

ထို့အပြင် ခရီးသွားမယ့်သူတွေအတွကိုလည်း လက်မှတ် Booking များကို အိမ်အရောက်ဝန်ဆောင်မှု တွေကိုပါ လုပ်ဆောင်လာကြသလို ယင်းကဲ့သို့မြှင့်တင်လာကြတာတွေဟာလည်း ဈေးကွက်ဝေစုပိုမိုရရှိအောင် ကြိုးပမ်း လာကြတဲ့ အခြေအနေမျိုးဖြစ်တယ်လို့ သိရပါတယ်။ “လောလောဆယ်တော့ အဘထွက်ပွဲခရီးစဉ်က နှစ်ညအိပ် သုံးရက်ကို တစ်ယောက် ၃၅၀၀၀ ပါ၊ စားစရိတ်ပါအပြီးပေါ့၊ အဘထွက်ပွဲနဲ့ အတူ ပုဂံဘက်တွေ၊ မုံရွာဘက်တွေ၊ အင်းလေး ခရီးစဉ်တွေပါ ပေါင်းပြီးတော့ လေးညအိပ်ငါးရက်တို့၊ ငါးညအိပ် ခြောက်ရက်တို့သွားတဲ့ ခရီးစဉ်တွေ လည်းရှိပါတယ်၊ အဲ့ဒါတွေကတော့ ၅၅၀၀၀ ကနေ ၁၂၀၀၀၀ လောက် အသီးသီးရှိပါတယ်”လို့ ဘုရားဖူးခရီးသွား လုပ်ငန်းတစ်ခုရဲ့ လက်မှတ်အရောင်းတာဝန်ခံဖြစ်သူ ကိုစိုးလင်းထွန်းက ရှင်းပြပါတယ်။

ထိုခရီးစဉ်တွေဟာ စက်တင်ဘာလလယ်မှ စတင်တော့မှာဖြစ်သလို ယခုကတည်းက ကြိုတင် လက်မှတ်ရောင်းချ တာတွေအပြင် လမ်းညွှန် လိုက်ပါမယ့် သူတွေကို လိုအပ်တဲ့ သင်တန်းပေးတာတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ သြဂုတ် ၂၉

(  Zawgyi  )

 မၾကာခင္ေရာက္ရွိလာေတာ့မယ့္ ပြင့္လင္းရာသီကာလထဲမွာ ျပည္တြင္းဘုရားဖူးခရီးစဥ္ေတြကို သြားေရာက္ ၾကမယ့္သူေတြအတြက္ ဝန္ေဆာင္မႈအစီအစဥ္အသီးသီးျဖင့္ ႀကိဳတင္ျပင္ဆင္ေနၾကေၾကာင္း ျပည္တြင္း ဘုရားဖူးႏွင့္ ခရီးသြားဝန္ေဆာင္မႈအသင္းမွ သိရပါတယ္။“အခုလိုမိုးတြင္းမွာက နားၾကတဲ့သူကမ်ားတယ္ေလ၊ တစ္ခ်ိဳ႕တေလေတာ့ အခါႀကီးရက္ႀကီးေတြမွာ ျပည္ဘက္ကို ေန႔ခ်င္းျပန္တို႔ဘာတို႔ေတာ့ သြားေပးတဲ့သူေတြရွိေပမယ့္ အမ်ားစုက နားၿပီးေတာ့ လိုအပ္တဲ့ ျပင္ဆင္မႈေတြနဲ႔ လုပ္ေဆာင္တဲ့ကာလျဖစ္ပါတယ္”လို႔ ျပည္တြင္း ဘုရားဖူးႏွင့္ ခရီးသြားဝန္ေဆာင္မႈအသင္း ဥကၠ႒ ဦးသန္းေ႒းက ရွင္းျပပါတယ္။

လာမယ့္ စက္တင္ဘာလထဲမွစတင္ကာ ပုပၸါးေဒသရဲ႕ အဘေအာင္မင္းေခါင္ ဓမၼအေမြလႉဒါန္းပူေဇာ္ပြဲ ခရီးစဥ္ ေတြအပါအဝင္ ျပည္တြင္း ဘုရားဖူး ခရီးစဥ္ေတြ စတင္ျပန္လည္ လည္ပတ္မယ့္ကာလကို ေရာက္ရွိလာခဲ့ပါတယ္။ “အခုသြားမယ့္ အဘထြက္ပြဲခရီးစဥ္ၿပီးတဲ့ေနာက္မွာ ျပည္တြင္းဘုရားဖူးခရီးစဥ္ေတြက တစ္ႏွစ္ပတ္လုံး လာမယ့္ႏွစ္ မိုးမက်ခင္ေလာက္အထိ လည္ပတ္မွာ ျဖစ္ပါတယ္၊ ေဈးႏႈန္းေတြအေနနဲ႔ကေတာ့ မႏွစ္ကနဲ႔ သိပ္ေတာ့ မကြာဘူး၊ ေဈးအမ်ားႀကီးလည္းလုပ္လို႔မရဘူး၊ လုပ္ငန္းတစ္ခုနဲ႔တစ္ခု ေဈးသိပ္မကြာၾကဘူး၊ ဒါေပမဲ့ ဘာကြာသြားလဲ ဆိုေတာ့ Service ေတြ ေတာ့ ကြာသြားမယ္၊ တည္းခိုတာေတြ၊ စားေသာက္တာေတြကအစ အရင္ကဆိုရင္ ဘုန္းႀကီးေက်ာင္းတည္းတာမ်ိဳးေပါ့၊ ေနာက္ပိုင္းမွာ တည္းခိုခန္းေတြ၊ ဟိုတယ္ေတြ၊ မိုတယ္ေတြ မွာ ျဖစ္လာတယ္၊ တည္းတဲ့ေနရာမွာလည္း ေရခ်ိဳးခန္း၊ အိမ္သာ တြဲလ်က္ပါတဲ့ အခန္းမ်ိဳးေတြအထိ ျဖစ္လာတယ္၊ အသုံးျပဳတဲ့ယာဥ္ေတြ၊ လမ္းေၾကာင္းလိုက္ပါရွင္းျပမယ့္သူေတြ အကုန္လုံးက ဝန္ေဆာင္မႈကို ပိုေကာင္းေအာင္ျမႇင့္တင္လာၾကတယ္”လို႔ စိန္ဝင္းႏွင့္ေရာင္းရင္းမ်ား ဘုရားဖူးခရီးသြားလုပ္ငန္း မန္ေနဂ်ာ ကိုျမင့္ဝင္းက ဆိုပါတယ္။

ထို႔အျပင္ ခရီးသြားမယ့္သူေတြအတြကိုလည္း လက္မွတ္ Booking မ်ားကို အိမ္အေရာက္ဝန္ေဆာင္မႈ ေတြကိုပါ လုပ္ေဆာင္လာၾကသလို ယင္းကဲ့သို႔ျမႇင့္တင္လာၾကတာေတြဟာလည္း ေဈးကြက္ေဝစုပိုမိုရရွိေအာင္ ႀကိဳးပမ္း လာၾကတဲ့ အေျခအေနမ်ိဳးျဖစ္တယ္လို႔ သိရပါတယ္။ “ေလာေလာဆယ္ေတာ့ အဘထြက္ပြဲခရီးစဥ္က ႏွစ္ညအိပ္ သုံးရက္ကို တစ္ေယာက္ ၃၅၀၀၀ ပါ၊ စားစရိတ္ပါအၿပီးေပါ့၊ အဘထြက္ပြဲနဲ႔ အတူ ပုဂံဘက္ေတြ၊ မုံ႐ြာဘက္ေတြ၊ အင္းေလး ခရီးစဥ္ေတြပါ ေပါင္းၿပီးေတာ့ ေလးညအိပ္ငါးရက္တို႔၊ ငါးညအိပ္ ေျခာက္ရက္တို႔သြားတဲ့ ခရီးစဥ္ေတြ လည္းရွိပါတယ္၊ အဲ့ဒါေတြကေတာ့ ၅၅၀၀၀ ကေန ၁၂၀၀၀၀ ေလာက္ အသီးသီးရွိပါတယ္”လို႔ ဘုရားဖူးခရီးသြား လုပ္ငန္းတစ္ခုရဲ႕ လက္မွတ္အေရာင္းတာဝန္ခံျဖစ္သူ ကိုစိုးလင္းထြန္းက ရွင္းျပပါတယ္။

ထိုခရီးစဥ္ေတြဟာ စက္တင္ဘာလလယ္မွ စတင္ေတာ့မွာျဖစ္သလို ယခုကတည္းက ႀကိဳတင္ လက္မွတ္ေရာင္းခ် တာေတြအျပင္ လမ္းၫႊန္ လိုက္ပါမယ့္ သူေတြကို လိုအပ္တဲ့ သင္တန္းေပးတာေတြလည္း လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ၾသဂုတ္ ၂၉