ဖန်ဂရန်ရာဇီရေခဲတောင်မှာ မတော်တဆဖြစ်ခဲ့တဲ့ မစိမ့်ထက်အား ရှာဖွေကယ်ဆယ်ေ ရးသွားရောက်ခဲ့ သည့်အဖွဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

 ဖန်ဂရန်ရာဇီရေခဲတောင်မှာ မတော်တဆဖြစ်ခဲ့တဲ့ မစိမ့်ထက်အား ရှာဖွေကယ်ဆယ်ေ ရးသွားရောက်ခဲ့ သည့်အဖွဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

ပူတာအိုဒေသမှာရှိတဲ့ ဖန်ဂရန်ရာဇီရေခဲတောင်မှာမတော်တဆဖြစ်ခဲ့တဲ့ မစိမ့်ထက်ရဲ့ ဖြစ်စဉ်မှာ ရှာဖွေကယ်ဆယ်ရေးသွားရောက်ခဲ့တဲ့ အဖွဲ့ရဲ့သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ မေ ၁၂ ရက်၊မွန်းလွဲ ၁ နာရီအချိန်က ရန်ကုန်မြို့ရှိ  Central Hotel မှာပြုလုပ်ခဲ့ပါတယ်။

ဒီကနေ့ ရှင်းလင်းပွဲမှာတော့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် ဒေါ်နန်းကေ သီခိုင်၊ဒေသ ခံလမ်းပတောင်တက်သမားဖြစ်သူ လဝန်ထိန် အပါအဝင် မြန်မာနိုင်ငံခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ်မှ တာဝန်ရှိသူများက ရှာဖွေကယ်ဆယ်မှုပြုလုပ်ခဲ့သည့် မှတ်တမ်းဗီဒီယိုဖိုင်များနှင့်တကွ ရှင်းလင်းပြောြ ကားခဲ့ကြတာဖြစ်ပြီး ယနေ့ရှင်းလင်းပွဲသို့ မစိမ့်ထက်၏ဖခင်ဖြစ်သူဦးမောင်မောင်လေး ကလည်း တက်ရောက်ခဲ့ပါတယ်။

မစိမ့်ထက် ပါဝင်သော ကိုခိုင်ဇော် ဦးဆောင်သည့် The Summiter ဟုအမည်ပေးထားသောတောင် တက်အ ဖွဲ့ဝင်(၂၀)ဦးလိုက်ပါလာတဲ့အဖွဲ့ဟာ ဖန်ဂရန်ရာဇီရေခဲတောင်သို့  တက်ရောက်ရန် ခရီးစဉ် အတွက်  ပြီးခဲ့ တဲ့ဧပြီလ  ၆ ရက်နေ့ကပူတာအို မှစတင်ထွက်ခွာခဲ့ပြီး  ဧပြီ  ၁၂ ရက်နံနက် ၈ နာရီ၊မိနစ် ၅၀ အချိန်တွင် ရေခဲတောင်ပေါ်သို့အဖွဲ့ဝင်(၂၀)လုံးရောက်ရှိခဲ့ကာ နိုင်ငံတော် အလံလွှင့် ထူအောင်ပွဲ ခံခဲ့ကြောင်း၊ထို့နောက် တောင်ပေါ်မှပြန်အဆင်း နံနက် ၉ နာရီခွဲအချိန်တွင်  မစိမ့်ထက် သည်မတော်တဆခြေချော်ကျခဲ့ပြီး  တောင်အောက်သို့ကျသွားကြောင်း၊   အစွမ်းကုန်ရှာဖွေသော် လည်းမည်သို့မျှ  ပြန်လည်သယ်ဆောင်ရန် မဖြစ်နိုင်သည့် အနေအထားကြောင့် အဖွဲ့ဝင် များမှ လက်လျော့၍ပြန်လှည့်ခဲ့ရကြောင်း လူမှုကွန်ရက်ဖေ့ဘုတ် စာမျက်နှာမှာ The Summiter တောင်တက် အဖွဲ့ခေါင်းဆောင်၏ ရေးသားဖော်ပြမှု သတင်းကိုကြားသိခဲ့ရသည့်အတွက် မြန်မာနိုင်ငံ ခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ်  ဒုတိယဥက္ကဌ ဦးကျင်ဥမှ ငွေကြေးစိုက်ထုတ်ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ကိုဆောင်ရွက်နိုင်ရန် ကယ်ဆယ်ရေး ကော်မတီတစ်ရပ် ကိုဖွဲ့စည်းခဲ့တာပါ။

ဒုတိယဥက္ကဌ ဦးကျင်ဦး ဦးဆောင်တဲ့ ရှာဖွေကယ်ဆယ်ရေးကော်မတီတွင် အဖွဲ့ဝင်(၁၅)ဦးပါဝင်ပြီး    ဒေါ်နန်းကေသီခိုင် က ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင်အဖြစ် ပါဝင်ဆောင်ရွက် ခဲ့တာဖြစ် ပါတယ်။ အဆိုပါအဖွဲ့အနေဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကိုဆောင်ရွက်ရန်အတွက် ဧပြီလ ၂၆ ရက်နေ့တည်းက ပူတာအိုမှဖန်ဂရန်ရေခဲတောင်ဘက်သို့ စတင်ထွက်ခွာလာခဲ့သော်လည်း ဆိုးဝါးပြင်းထန်လွန်းသော ရာသီဥတုအခြေအနေများကြောင့် မေ ၄ ရက်နေ့မှသာ တောင်ထိပ်သို့ တက်ရောက်နိုင်ခဲ့သလို ရှာဖွေကယ်ဆယ်မှုများကိုပြုလုပ်ခဲ့ရာမှာလည်း စိမ့်ထက် အသုံးအဆောင် ပစ္စည်းများဖြစ်သည့် လိမ္မော်ရောင်ဂျာကင်အင်္ကျ ီနှင့် မျက်မှန်တို့ကိုသာ တွေ့ရှိခဲ့ရပြီး မစိမ့်ထက်ကိုတော့ ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိဘူး လို့ဆိုပါတယ်။

ယင်းကဲ့သို့ရှာဖွေကယ်ဆယ်ရာတွင်ရာသီဥတုဆိုးရွားနေသည့်အတွက် အောက်ဘက်ရှိ ပေ ၂၀၀၀ - ပေ ၃၀၀၀ ခန့် အနက်ရှိသည့်ချောက်သို့ဆက်ဆင်း၍မရခဲ့သဖြင့်ယင်းပစ္စည်းများကို သယ်ဆောင်ကာ ပူတာအိုမြို့သို့ ရှာဖွေကယ်ဆယ်ရေး အဖွဲ့များကပြန်လည်လာခဲ့တယ်လို့လည်း ကယ်ဆယ်ရေးအဖွဲ့မှာ ပါဝင်ခဲ့ သူများကပြောပါတယ်။

“သတင်းကြားကြားချင်းကျမတို့လည်းစိတ်မကောင်းဘူးပေါ့။ညီမငယ်စိမ့်ထက်ကိုလည်းကိုယ်ချင်းစာတယ်။ ဒါကြောင့်ကျမတို့ရဲ့ မြန်မာနိုင်ငံခြေလျင်နှင့်တောင်တက်အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးကျင်ဥ ရဲ့လမ်းညွှန်မှုနဲ့ အညီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို အမြန်ဆုံးဆောင်ရွက် ခဲ့တာပါ။ ကျမတို့ကယ်ဆယ်ရေးစစချင်းမှာ သတင်းမထုတ်ခဲ့တာကလည်း သတင်းတွေထုတ်ပြီး သွားတာ ထက်စာရင် အလုပ်နဲ့သက်သေပြမယ်၊ တောင်ပေါ်ကို အမြန်ဆုံးရအောင် သွားမယ်ဆိုတဲ့ ဆန္ဒနဲ့ သွားရောက် ခဲ့တာပါ။”လို့ ရှာဖွေကယ်ဆယ်ေ ရးအဖွဲ့ခေါင်းဆောင် ဒေါ်နန်းကေသီခိုင် ကပြောပါ တယ်။

ဒီကနေ့ သတင်းစာရှင်းလင်းပွဲတွင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှာပါဝင်ခဲ့တဲ့ဒေသခံလမ်းပြတောင်တက် သမားဖြစ်သူ လဝန်ထိန်ကလည်း “ကျနော်တို့ရှာဖွေမှုပြုလုပ်တဲ့ အချိန်မှာ ရာသီဥတုက ဆိုးဝါးနေတယ်။အပေါ်မှာ ဆိုလည်းမြူတွေဆိုင်းနေတာ ရှိတယ်။ချောက်ကလည်းနက်တော့ကျနော်တို့အောက်ကိုဆက်ဆင်းလို့မရဘူး၊ဘာလိုမှအောက်ကိုမမြင်ရဘူး။ ခန့်မှန်းခြေအားဖြင့် ပေ ၂၀၀၀၊ပေ ၃၀၀၀ လောက်ရှိမယ်ထင်ပါတယ်။ ကြိုးနဲ့ဆင်းဖို့ကလည်းမလွယ်ပါဘူး၊လျှိုကြီးလိုဖြစ်နေတယ်၊ဒါကြောင့် အပေါ်ကနေဆင်းဖို့တော့မလွယ်ကူပါဘူး။အခြားနည်းနဲ့ရှာမယ်ဆိုရင်တော့ အောက်ကနေ လမ်းကြောင်း အသစ်ဖောက်ပြီးရှာမှပဲရပါမယ်။မစိမ့်ထက်ခြေချော်ကျခဲ့တဲ့ ချောက်ကမ်းပါးမှာရှိတဲ့အင်္ကျ ီဂျာကင်နဲ့မျက်မှန်ကိုတော့ ပြန်လည် ယူဆောင် လာနိုင်ခဲ့ပါတယ်။”လို့ ရှာဖွေကယ်ဆယ်မှု ဗီဒီယို မှတ်တမ်း ဖိုင်နှင့်တကွရှင်းပြခဲ့ပါတယ်။

“ဒီလိုဖြစ်သွားတယ်ဆိုတော့နောက်ပိုင်းတောင်တက်တဲ့သူတွေကိုမလွတ်သင့်ဘူးလို့ယူဆပါတယ်။ ဘယ်လိုတောင်မျိုးတွေကိုလေ့ကျင့်ပြီးရင် ဘယ်လိုတောင်မျိုးကိုတက်ရမလဲ။ဥပမာ - ရေခဲတောင် အနိမ့်၊အမြင့်ရှိတယ်ပေါ့။ဒါမျိုးတက်ပြီးမှ ဘယ်တောင်အမြင့်တွေကို ပေးတက်ရမလဲဆိုတဲ့ဟာမျိုးတွေပေါ့လေ။ နေရာက ရခိုင်ရိုးမတို့ ဇွဲကပင်တို့မှာလေ့ကျင့်ပြီး ပေ ၁၄၀၀၀ မြင့်တဲ့ ရေခဲတောင်ကို သွားတက် တယ်။အဲ့ဒါကြောင့်ဖြစ်တယ်လို့ယူဆပါတယ်။ကူညီရှာဖွေကယ်ဆယ်ပေးခဲ့တဲ့အဖွဲ့တွေ အားလုံးကိုလည်းကျနော်ကျေးဇူးတင်ပါ တယ်။ သူတို့အဖွဲ့ကတွေ့ရှိခဲ့တဲ့သမီးရဲ့ ဂျာကင်အင်္ကျ ီနဲ့မျက်မှန်ကိုလည်းကျနော်ကိုပေးပါတယ်။

ကျနော်ကပူတာအိုရဲစခန်းမှာပဲသက်သေအဖြစ်နဲ့အပ်ထားခဲ့ပါတယ်။အဖွဲ့ခေါင်းဆောင်ကိုတရားစွဲဖို့ကျတော့ လည်း ကျနော်အနေနဲ့ အင်အားနည်းတယ်၊ လူခွဲလည်း အိမ်မှာမရှိဘူး ကျနော်လည်း လိုက် မလုပ်နိုင်ဘူး။ အဲ့ဒါတွေရှိတော့ရှိတယ်။ ကျနော်ကိုကူညီပေးမယ့်သူတွေရှိရင်တော့တရားစွဲချင်ပါတယ်။အဓိကကတောင်တက်အဖွဲ့ခေါင်းဆောင်ကိုပါ၊သူ့မှာတာဝန်ရှိပါတယ်။မိဘဆိုတော့စိတ်ကတော့မလျော့သေးဘူးပေါ့လေ၊ကျနော်တို့ကတော့တတ်နိုင်သလောက်ရှာဖွေချင်ပါသေးတယ်။”လို့  မစိမ့်ထက် ၏ ဖင်ဖြစ်သူ ဦးမောင်မောင်လေး ကလည်း ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။

ပြေသိမ်း
ရန်ကုန်၊မေ ၁၂

(   Zawgyi   )

 ပူတာအိုေဒသမွာရွိတဲ့ ဖန္ဂရန္ရာဇီေရခဲေတာင္မွာမေတာ္တဆျဖစ္ခဲ့တဲ့ မစိမ့္ထက္ရဲ႕ ျဖစ္စဥ္မွာ ရွာေဖြကယ္ဆယ္ေရးသြားေရာက္ခဲ့တဲ့ အဖြဲ႕ရဲ႕သတင္းစာရွင္းလင္းပြဲတစ္ရပ္ကို ဒီကေန႔ ေမ ၁၂ ရက္၊မြန္းလြဲ ၁ နာရီအခ်ိန္က ရန္ကုန္ၿမိဳ႕ရွိ  Central Hotel မွာျပဳလုပ္ခဲ့ပါတယ္။

ဒီကေန႔ ရွင္းလင္းပြဲမွာေတာ့ ရွာေဖြကယ္ဆယ္ေရးအဖြဲ႕ေခါင္းေဆာင္ ေဒၚနန္းေက သီခိုင္၊ေဒသ ခံလမ္းပေတာင္တက္သမားျဖစ္သူ လဝန္ထိန္ အပါအဝင္ ျမန္မာႏိုင္ငံေျခလ်င္ႏွင့္ ေတာင္တက္အဖြဲ႕ခ်ဳပ္မွ တာဝန္ရွိသူမ်ားက ရွာေဖြကယ္ဆယ္မႈျပဳလုပ္ခဲ့သည့္ မွတ္တမ္းဗီဒီယိုဖိုင္မ်ားႏွင့္တကြ ရွင္းလင္းေျပာျ ကားခဲ့ၾကတာျဖစ္ၿပီး ယေန႔ရွင္းလင္းပြဲသို႔ မစိမ့္ထက္၏ဖခင္ျဖစ္သူဦးေမာင္ေမာင္ေလး ကလည္း တက္ေရာက္ခဲ့ပါတယ္။

မစိမ့္ထက္ ပါဝင္ေသာ ကိုခိုင္ေဇာ္ ဦးေဆာင္သည့္ The Summiter ဟုအမည္ေပးထားေသာေတာင္ တက္အ ဖြဲ႕ဝင္(၂၀)ဦးလိုက္ပါလာတဲ့အဖြဲ႕ဟာ ဖန္ဂရန္ရာဇီေရခဲေတာင္သို႔  တက္ေရာက္ရန္ ခရီးစဥ္ အတြက္  ၿပီးခဲ့ တဲ့ဧၿပီလ  ၆ ရက္ေန႔ကပူတာအို မွစတင္ထြက္ခြာခဲ့ၿပီး  ဧၿပီ  ၁၂ ရက္နံနက္ ၈ နာရီ၊မိနစ္ ၅၀ အခ်ိန္တြင္ ေရခဲေတာင္ေပၚသို႔အဖြဲ႕ဝင္(၂၀)လုံးေရာက္ရွိခဲ့ကာ ႏိုင္ငံေတာ္ အလံလႊင့္ ထူေအာင္ပြဲ ခံခဲ့ေၾကာင္း၊ထို႔ေနာက္ ေတာင္ေပၚမွျပန္အဆင္း နံနက္ ၉ နာရီခြဲအခ်ိန္တြင္  မစိမ့္ထက္ သည္မေတာ္တဆေျခေခ်ာ္က်ခဲ့ၿပီး  ေတာင္ေအာက္သို႔က်သြားေၾကာင္း၊   အစြမ္းကုန္ရွာေဖြေသာ္ လည္းမည္သို႔မွ်  ျပန္လည္သယ္ေဆာင္ရန္ မျဖစ္ႏိုင္သည့္ အေနအထားေၾကာင့္ အဖြဲ႕ဝင္ မ်ားမွ လက္ေလ်ာ့၍ျပန္လွည့္ခဲ့ရေၾကာင္း လူမႈကြန္ရက္ေဖ့ဘုတ္ စာမ်က္ႏွာမွာ The Summiter ေတာင္တက္ အဖြဲ႕ေခါင္းေဆာင္၏ ေရးသားေဖာ္ျပမႈ သတင္းကိုၾကားသိခဲ့ရသည့္အတြက္ ျမန္မာႏိုင္ငံ ေျခလ်င္ႏွင့္ ေတာင္တက္အဖြဲ႕ခ်ဳပ္  ဒုတိယဥကၠဌ ဦးက်င္ဥမွ ေငြေၾကးစိုက္ထုတ္ၿပီး ရွာေဖြကယ္ဆယ္ေရး လုပ္ငန္းမ်ား ကိုေဆာင္႐ြက္ႏိုင္ရန္ ကယ္ဆယ္ေရး ေကာ္မတီတစ္ရပ္ ကိုဖြဲ႕စည္းခဲ့တာပါ။

ဒုတိယဥကၠဌ ဦးက်င္ဦး ဦးေဆာင္တဲ့ ရွာေဖြကယ္ဆယ္ေရးေကာ္မတီတြင္ အဖြဲ႕ဝင္(၁၅)ဦးပါဝင္ၿပီး    ေဒၚနန္းေကသီခိုင္ က ရွာေဖြကယ္ဆယ္ေရးအဖြဲ႕ ေခါင္းေဆာင္အျဖစ္ ပါဝင္ေဆာင္႐ြက္ ခဲ့တာျဖစ္ ပါတယ္။ အဆိုပါအဖြဲ႕အေနျဖင့္ ရွာေဖြကယ္ဆယ္ေရး လုပ္ငန္းမ်ားကိုေဆာင္႐ြက္ရန္အတြက္ ဧၿပီလ ၂၆ ရက္ေန႔တည္းက ပူတာအိုမွဖန္ဂရန္ေရခဲေတာင္ဘက္သို႔ စတင္ထြက္ခြာလာခဲ့ေသာ္လည္း ဆိုးဝါးျပင္းထန္လြန္းေသာ ရာသီဥတုအေျခအေနမ်ားေၾကာင့္ ေမ ၄ ရက္ေန႔မွသာ ေတာင္ထိပ္သို႔ တက္ေရာက္ႏိုင္ခဲ့သလို ရွာေဖြကယ္ဆယ္မႈမ်ားကိုျပဳလုပ္ခဲ့ရာမွာလည္း စိမ့္ထက္ အသုံးအေဆာင္ ပစၥည္းမ်ားျဖစ္သည့္ လိေမၼာ္ေရာင္ဂ်ာကင္အက်ၤ ီႏွင့္ မ်က္မွန္တို႔ကိုသာ ေတြ႕ရွိခဲ့ရၿပီး မစိမ့္ထက္ကိုေတာ့ ရွာေဖြေတြ႕ရွိခဲ့ျခင္းမရွိဘူး လို႔ဆိုပါတယ္။

ယင္းကဲ့သို႔ရွာေဖြကယ္ဆယ္ရာတြင္ရာသီဥတုဆိုး႐ြားေနသည့္အတြက္ ေအာက္ဘက္ရွိ ေပ ၂၀၀၀ - ေပ ၃၀၀၀ ခန႔္ အနက္ရွိသည့္ေခ်ာက္သို႔ဆက္ဆင္း၍မရခဲ့သျဖင့္ယင္းပစၥည္းမ်ားကို သယ္ေဆာင္ကာ ပူတာအိုၿမိဳ႕သို႔ ရွာေဖြကယ္ဆယ္ေရး အဖြဲ႕မ်ားကျပန္လည္လာခဲ့တယ္လို႔လည္း ကယ္ဆယ္ေရးအဖြဲ႕မွာ ပါဝင္ခဲ့ သူမ်ားကေျပာပါတယ္။

“သတင္းၾကားၾကားခ်င္းက်မတို႔လည္းစိတ္မေကာင္းဘူးေပါ့။ညီမငယ္စိမ့္ထက္ကိုလည္းကိုယ္ခ်င္းစာတယ္။ ဒါေၾကာင့္က်မတို႔ရဲ႕ ျမန္မာႏိုင္ငံေျခလ်င္ႏွင့္ေတာင္တက္အဖြဲ႕ခ်ဳပ္ ဒုတိယဥကၠဌ ဦးက်င္ဥ ရဲ႕လမ္းၫႊန္မႈနဲ႔ အညီရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြကို အျမန္ဆုံးေဆာင္႐ြက္ ခဲ့တာပါ။ က်မတို႔ကယ္ဆယ္ေရးစစခ်င္းမွာ သတင္းမထုတ္ခဲ့တာကလည္း သတင္းေတြထုတ္ၿပီး သြားတာ ထက္စာရင္ အလုပ္နဲ႔သက္ေသျပမယ္၊ ေတာင္ေပၚကို အျမန္ဆုံးရေအာင္ သြားမယ္ဆိုတဲ့ ဆႏၵနဲ႔ သြားေရာက္ ခဲ့တာပါ။”လို႔ ရွာေဖြကယ္ဆယ္ေ ရးအဖြဲ႕ေခါင္းေဆာင္ ေဒၚနန္းေကသီခိုင္ ကေျပာပါ တယ္။

ဒီကေန႔ သတင္းစာရွင္းလင္းပြဲတြင္ ရွာေဖြကယ္ဆယ္ေရးအဖြဲ႕မွာပါဝင္ခဲ့တဲ့ေဒသခံလမ္းျပေတာင္တက္ သမားျဖစ္သူ လဝန္ထိန္ကလည္း “က်ေနာ္တို႔ရွာေဖြမႈျပဳလုပ္တဲ့ အခ်ိန္မွာ ရာသီဥတုက ဆိုးဝါးေနတယ္။အေပၚမွာ ဆိုလည္းျမဴေတြဆိုင္းေနတာ ရွိတယ္။ေခ်ာက္ကလည္းနက္ေတာ့က်ေနာ္တို႔ေအာက္ကိုဆက္ဆင္းလို႔မရဘူး၊ဘာလိုမွေအာက္ကိုမျမင္ရဘူး။ ခန႔္မွန္းေျခအားျဖင့္ ေပ ၂၀၀၀၊ေပ ၃၀၀၀ ေလာက္ရွိမယ္ထင္ပါတယ္။ ႀကိဳးနဲ႔ဆင္းဖို႔ကလည္းမလြယ္ပါဘူး၊လွ်ိဳႀကီးလိုျဖစ္ေနတယ္၊ဒါေၾကာင့္ အေပၚကေနဆင္းဖို႔ေတာ့မလြယ္ကူပါဘူး။အျခားနည္းနဲ႔ရွာမယ္ဆိုရင္ေတာ့ ေအာက္ကေန လမ္းေၾကာင္း အသစ္ေဖာက္ၿပီးရွာမွပဲရပါမယ္။မစိမ့္ထက္ေျခေခ်ာ္က်ခဲ့တဲ့ ေခ်ာက္ကမ္းပါးမွာရွိတဲ့အက်ၤ ီဂ်ာကင္နဲ႔မ်က္မွန္ကိုေတာ့ ျပန္လည္ ယူေဆာင္ လာႏိုင္ခဲ့ပါတယ္။”လို႔ ရွာေဖြကယ္ဆယ္မႈ ဗီဒီယို မွတ္တမ္း ဖိုင္ႏွင့္တကြရွင္းျပခဲ့ပါတယ္။

“ဒီလိုျဖစ္သြားတယ္ဆိုေတာ့ေနာက္ပိုင္းေတာင္တက္တဲ့သူေတြကိုမလြတ္သင့္ဘူးလို႔ယူဆပါတယ္။ ဘယ္လိုေတာင္မ်ိဳးေတြကိုေလ့က်င့္ၿပီးရင္ ဘယ္လိုေတာင္မ်ိဳးကိုတက္ရမလဲ။ဥပမာ - ေရခဲေတာင္ အနိမ့္၊အျမင့္ရွိတယ္ေပါ့။ဒါမ်ိဳးတက္ၿပီးမွ ဘယ္ေတာင္အျမင့္ေတြကို ေပးတက္ရမလဲဆိုတဲ့ဟာမ်ိဳးေတြေပါ့ေလ။ ေနရာက ရခိုင္႐ိုးမတို႔ ဇြဲကပင္တို႔မွာေလ့က်င့္ၿပီး ေပ ၁၄၀၀၀ ျမင့္တဲ့ ေရခဲေတာင္ကို သြားတက္ တယ္။အဲ့ဒါေၾကာင့္ျဖစ္တယ္လို႔ယူဆပါတယ္။ကူညီရွာေဖြကယ္ဆယ္ေပးခဲ့တဲ့အဖြဲ႕ေတြ အားလုံးကိုလည္းက်ေနာ္ေက်းဇူးတင္ပါ တယ္။ သူတို႔အဖြဲ႕ကေတြ႕ရွိခဲ့တဲ့သမီးရဲ႕ ဂ်ာကင္အက်ၤ ီနဲ႔မ်က္မွန္ကိုလည္းက်ေနာ္ကိုေပးပါတယ္။

က်ေနာ္ကပူတာအိုရဲစခန္းမွာပဲသက္ေသအျဖစ္နဲ႔အပ္ထားခဲ့ပါတယ္။အဖြဲ႕ေခါင္းေဆာင္ကိုတရားစြဲဖို႔က်ေတာ့ လည္း က်ေနာ္အေနနဲ႔ အင္အားနည္းတယ္၊ လူခြဲလည္း အိမ္မွာမရွိဘူး က်ေနာ္လည္း လိုက္ မလုပ္ႏိုင္ဘူး။ အဲ့ဒါေတြရွိေတာ့ရွိတယ္။ က်ေနာ္ကိုကူညီေပးမယ့္သူေတြရွိရင္ေတာ့တရားစြဲခ်င္ပါတယ္။အဓိကကေတာင္တက္အဖြဲ႕ေခါင္းေဆာင္ကိုပါ၊သူ႔မွာတာဝန္ရွိပါတယ္။မိဘဆိုေတာ့စိတ္ကေတာ့မေလ်ာ့ေသးဘူးေပါ့ေလ၊က်ေနာ္တို႔ကေတာ့တတ္ႏိုင္သေလာက္ရွာေဖြခ်င္ပါေသးတယ္။”လို႔  မစိမ့္ထက္ ၏ ဖင္ျဖစ္သူ ဦးေမာင္ေမာင္ေလး ကလည္း ဒီကေန႔သတင္းစာရွင္းလင္းပြဲမွာေျပာၾကားခဲ့ပါတယ္။

ေျပသိမ္း
ရန္ကုန္၊ေမ ၁၂