ဖမ်းဆီးရေးထက် ယာဉ်လမ်းကြောရှင်းလင်းရေး သြင်္ကန်ကာလ ၌ အဓိကလုပ်ဆောင်ရန်ရှိနေ

ဖမ်းဆီးရေးထက် ယာဉ်လမ်းကြောရှင်းလင်းရေး သြင်္ကန်ကာလ ၌ အဓိကလုပ်ဆောင်ရန်ရှိနေ

လာမယ့် မဟာသြင်္ကန်ပွဲတော် ကာလထဲမှာ ယာဉ်စစ်ဆေး ဖမ်းဆီးရေးထက် ယာဉ်လမ်းကြောင်း ရှင်းလင်းရေး ကို အဓိကထားကာ လုပ်ဆောင်သွားဖို့ ရှိနေတယ်လို့ အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး(ရန်ကုန်)မှ ဒုတိယရဲမှူးကြီး သိန်းဦးက ပြောပါတယ်။

"ဒီလိုကာလမှာက ဖမ်းဆီးတာတွေဘာတွေ လုပ်ဖို့က သိပ်ပြီး မလွယ်ဘူးလေ၊ အကုန်လုံးက ပျော်နေကြတာ၊ သူတို့ ပျော်နေ တာကို သွားနှောင့်ယှက်တယ်လို့ မြင်နိုင်စရာရှိတယ်၊ အရက်သေစာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က နှိုးဆော် ထုတ်ပြန်ထားတာတွေ ရှိသလို မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့လည်း နှိုးဆော်ထားတာတွေ ရှိပါတယ်၊ ဒါတွေကို စည်းကမ်းတကျနဲ့ လိုက်နာဖို့တော့ လိုတာပေါ့၊ သိပ်ပြီးတရားလွန် စည်းကမ်းမဲ့တာမျိုး ကျတော့ ဖမ်းဆီး အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"လို့ ၎င်းက အဆိုပါရုံးမှာ ယနေ့(ဧပြီ ၁၀ ရက်) က ပြုလုပ်တဲ့ ရှင်းလင်း ပွဲမှာ ထုတ်ဖော်ပြောကြားတာ ဖြစ်ပါတယ်။ ယခုနှစ် မဟာသြင်္ကန်ပွဲတော်မှာ ယာဉ်ထိန်းရဲအင်အားအနေနဲ့ အရာရှိ အဆင့် ၁၅၂ ဦး အခြားအဆင့် ၈၅၀ ဦးတို့အပါအဝင် စုစုပေါင်း ၁၀၀၂ ဦးကို ရန်ကုန်မြို့မှာ တာဝန်ချထားပြီး အဲ့ဒီထဲက အရာရှိ အဆင့် ၃၈ ဦး၊ အခြားအဆင့် ၂၄၈ ဦး စုစုပေါင်း ၂၈၆ ဦးကို သြင်္ကန်မဏ္ဍပ်တွေမှာ တာဝန်ချထားကာ အရာရှိအပါအဝင် တပ်ဖွဲ့ဝင် စုစုပေါင်း ၃၀ ဦးကို လမ်းလျှောက်သြင်္ကန်တွေနဲ့ ၆၂ ဦးကို အများပြည်သူ အပန်းဖြေတဲ့ ပန်းခြံတွေအနီးမှာ နေရာဖြန့်ကျက်ပြီး တာဝန်ချထားတယ်လို့ သိရပါတယ်။

"သိပ်ပြီး မူးနေတဲ့ ယာဉ်မောင်းကိုတော့ ကျွန်တော်တို့တွေ့တဲ့ အခါ မမောင်းခိုင်းတော့ပဲ ကားပေါ်မှာ ပါလာတဲ့ ယာဉ်မောင်း လိုင်စင်ရှိသူ၊ မူးယစ်သောက်စား ထားတာမျိုးမရှိသူ တခြား တစ်ဦးကို မောင်းခိုင်းမှာ ဖြစ်ပါတယ်၊ ဒီလိုသြင်္ကန်ကာလ မှာတော့ တတ်နိုင်သမျှ ယာဉ်အန္တရာယ်မဖြစ်အောင် အပါအဝင် ယာဉ်ကြောရှင်းလင်းမှုတွေ ကို လုပ်ဆောင် သွားကြမှာ ဖြစ်ပါတယ်"လို့ အမှတ်(၆) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲမှူး မျိုးအောင်မြင့်က ရှင်းပြပါတယ်။

လွန်ခဲ့သော ၂၀၁၈ ခုနှစ် သြင်္ကန်ကာလဖြစ်တဲ့ ဧပြီ ၁၃ ရက် ကနေ ၁၆ ရက်ထဲ ရန်ကုန်တိုင်းဒေသကြီးထဲမှာ ယာဉ်မတော်တဆ ၃၈ မှုဖြစ်ပွားကာ သေဆုံးသူ ၁၀ ဦးနဲ့ ဒဏ်ရာရသူ ၅၅ ဦးရှိပေမယ့် သြင်္ကန်ရေကစား တာကြောင့် ဖြစ်ပွားတဲ့အမှုဟာ နှစ်မှုသာ ပါဝင်ကာ သုံးဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဧပြီ ၁၀ 

(  Zawgyi  )

 လာမယ့္ မဟာၾသကၤန္ပြဲေတာ္ ကာလထဲမွာ ယာဥ္စစ္ေဆး ဖမ္းဆီးေရးထက္ ယာဥ္လမ္းေၾကာင္း ရွင္းလင္းေရး ကို အဓိကထားကာ လုပ္ေဆာင္သြားဖို႔ ရွိေနတယ္လို႔ အမွတ္ (၂) ယာဥ္ထိန္းရဲတပ္ဖြဲ႕ခြဲမႉး႐ုံး(ရန္ကုန္)မွ ဒုတိယရဲမႉးႀကီး သိန္းဦးက ေျပာပါတယ္။

"ဒီလိုကာလမွာက ဖမ္းဆီးတာေတြဘာေတြ လုပ္ဖို႔က သိပ္ၿပီး မလြယ္ဘူးေလ၊ အကုန္လုံးက ေပ်ာ္ေနၾကတာ၊ သူတို႔ ေပ်ာ္ေန တာကို သြားေႏွာင့္ယွက္တယ္လို႔ ျမင္ႏိုင္စရာရွိတယ္၊ အရက္ေသစာနဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ႏႈိးေဆာ္ ထုတ္ျပန္ထားတာေတြ ရွိသလို မူးယစ္ေဆးဝါးနဲ႔ ပတ္သက္ၿပီးေတာ့လည္း ႏႈိးေဆာ္ထားတာေတြ ရွိပါတယ္၊ ဒါေတြကို စည္းကမ္းတက်နဲ႔ လိုက္နာဖို႔ေတာ့ လိုတာေပါ့၊ သိပ္ၿပီးတရားလြန္ စည္းကမ္းမဲ့တာမ်ိဳး က်ေတာ့ ဖမ္းဆီး အေရးယူေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္"လို႔ ၎က အဆိုပါ႐ုံးမွာ ယေန႔(ဧၿပီ ၁၀ ရက္) က ျပဳလုပ္တဲ့ ရွင္းလင္း ပြဲမွာ ထုတ္ေဖာ္ေျပာၾကားတာ ျဖစ္ပါတယ္။ ယခုႏွစ္ မဟာၾသကၤန္ပြဲေတာ္မွာ ယာဥ္ထိန္းရဲအင္အားအေနနဲ႔ အရာရွိ အဆင့္ ၁၅၂ ဦး အျခားအဆင့္ ၈၅၀ ဦးတို႔အပါအဝင္ စုစုေပါင္း ၁၀၀၂ ဦးကို ရန္ကုန္ၿမိဳ႕မွာ တာဝန္ခ်ထားၿပီး အဲ့ဒီထဲက အရာရွိ အဆင့္ ၃၈ ဦး၊ အျခားအဆင့္ ၂၄၈ ဦး စုစုေပါင္း ၂၈၆ ဦးကို ၾသကၤန္မ႑ပ္ေတြမွာ တာဝန္ခ်ထားကာ အရာရွိအပါအဝင္ တပ္ဖြဲ႕ဝင္ စုစုေပါင္း ၃၀ ဦးကို လမ္းေလွ်ာက္ၾသကၤန္ေတြနဲ႔ ၆၂ ဦးကို အမ်ားျပည္သူ အပန္းေျဖတဲ့ ပန္းၿခံေတြအနီးမွာ ေနရာျဖန႔္က်က္ၿပီး တာဝန္ခ်ထားတယ္လို႔ သိရပါတယ္။
"သိပ္ၿပီး မူးေနတဲ့ ယာဥ္ေမာင္းကိုေတာ့ ကြၽန္ေတာ္တို႔ေတြ႕တဲ့ အခါ မေမာင္းခိုင္းေတာ့ပဲ ကားေပၚမွာ ပါလာတဲ့ ယာဥ္ေမာင္း လိုင္စင္ရွိသူ၊ မူးယစ္ေသာက္စား ထားတာမ်ိဳးမရွိသူ တျခား တစ္ဦးကို ေမာင္းခိုင္းမွာ ျဖစ္ပါတယ္၊ ဒီလိုၾသကၤန္ကာလ မွာေတာ့ တတ္ႏိုင္သမွ် ယာဥ္အႏၲရာယ္မျဖစ္ေအာင္ အပါအဝင္ ယာဥ္ေၾကာရွင္းလင္းမႈေတြ ကို လုပ္ေဆာင္ သြားၾကမွာ ျဖစ္ပါတယ္"လို႔ အမွတ္(၆) ယာဥ္ထိန္းရဲ ဒုတပ္ဖြဲ႕ခြဲမႉး႐ုံးမွ ရဲမႉး မ်ိဳးေအာင္ျမင့္က ရွင္းျပပါတယ္။

လြန္ခဲ့ေသာ ၂၀၁၈ ခုႏွစ္ ၾသကၤန္ကာလျဖစ္တဲ့ ဧၿပီ ၁၃ ရက္ ကေန ၁၆ ရက္ထဲ ရန္ကုန္တိုင္းေဒသႀကီးထဲမွာ ယာဥ္မေတာ္တဆ ၃၈ မႈျဖစ္ပြားကာ ေသဆုံးသူ ၁၀ ဦးနဲ႔ ဒဏ္ရာရသူ ၅၅ ဦးရွိေပမယ့္ ၾသကၤန္ေရကစား တာေၾကာင့္ ျဖစ္ပြားတဲ့အမႈဟာ ႏွစ္မႈသာ ပါဝင္ကာ သုံးဦးေသဆုံးၿပီး ၁၀ ဦး ဒဏ္ရာရခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဧၿပီ ၁၀