ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟာ မိမိတို့နိုင်ငံအတွက် အသက်တ မျှအရေးကြီးလို့ ဝိုင်းဝန်းဆန်းစစ် ဆွေးနွေးပူးပေါင်း ဆောင်ရွက်ကြရန်ပြည်ထောင်စုလွှတ်တော်နာယကတိုက်တွန်း

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးဟာ မိမိတို့နိုင်ငံအတွက် အသက်တ မျှအရေးကြီးလို့ ဝိုင်းဝန်းဆန်းစစ် ဆွေးနွေးပူးပေါင်း ဆောင်ရွက်ကြရန်ပြည်ထောင်စုလွှတ်တော်နာယကတိုက်တွန်း

ပြည်ထောင်စုလွှတ်တော်နာယက၏ လုပ်ပိုင်ခွင့်ဖြစ်သဖြင့် ဆွေးနွေးခွင့်မပြုကြောင်း၊ကန့်ကွက်လိုက ဆန္ဒမဲခွဲချိန်တွင် ကန့်ကွက်နိင်ကြောင်း ဖွဲ့စည်း ပုံ အခြေခံဥပဒေပြင်ဆင်ရေးဟာ မိမိတို့နိုင်ငံအတွက် အသက်တ မျှအရေးကြီးပါတယ်။ ဥပဒေတွေ အားလုံးထဲမှာ အရေးအကြီးဆုံး ဥပဒေဖြစ်တယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါ တယ်။ ဒါကြောင့် လွှတ်တော် ကိုယ်စားလှယ်များအနေနဲ့ တိုင်းရင်းသားစည်းလုံညီညွတ်ရေး၊ အမျိုးသားရင်ကြား စေ့ရေး၊ တိုင်းပြည်တည်ငြိမ် အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စိတ်ရင်းစေတနာမှန်နဲ့ ပြင်ဆင်သင့်၊ ပြင် ဆင်ထိုက်တဲ့ပုဒ်မများကို အားလုံးကဝိုင်းဝန်းဆန်းစစ်ဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်ကြမှသာလျှင် ပြည်ထောင် စုကြီးနဲ့ တကွ နိုင်ငံသူ၊ နိုင်ငံသား၊ တိုင်းရင်းသားများအားလုံးအတွက် အကျိုးဖြစ်ထွန်းမှာ ဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တော်က ဆက် လက်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်များအပေါ်မှာ အလေးအနက်ထားစဉ်းစားသုံးသပ်ပြီး လက်တွေ့ကျတဲ့ လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူခြင်းကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဟုပြည်ထောင်စု လွှတ်တော်နာ ယက ဦးတီခွန်းမြတ်မှ လွှတ်တော်ကိုယ်စားလှယ်များအားတိုက်တွန်းပြောကြား ခဲ့ပါတယ်။

ယနေ့ပြုလုပ်သည့်ပြည်ထောင်စုလွှတ်တော်(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးသတ္တမနေ့အစီအစဉ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေမူကြမ်းအတွက် လေ့လာစိစစ်ရေးပူး ပေါင်း ကော်မတီ၏လေ့လာတွေရှိချက်နှင့် သဘောထားသဘောထား မှတ် အစီရင်ခံစာအပေါ်လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ပူးပေါင်းကော်မတီ၏ ရှင်းလင်တင်ပြချက် အစီရင်ခံစာကိုပူးပေါင်း ကော်မတီအတွင်းရေးမှူဒေါက်တာမြတ်ဉာဏစိုးမှ ဖတ်ကြားတင်ပြခဲ့ပြီး၊ လွှတ်တော်အဆုံးအဖြတ်ရ ယူခြင်းများဆောင်ရွက် ခဲ့ရာ တပ်မတော်သားကိုယ်စားလှယ်နှင့်ပြည်ခိုင်ဖြိုးကိုယ်စားလှယ်တို့မှ မတ်တပ်ရပ်ကန့်ကွက် ခဲ့သဖြင့်ယင်းသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။

အစီရင်ခံစာနှင့်ပတ်သက်၍ပြည်ထောင်စုလွှတ်တော်နာယကမှဦးသိန်းထွန်း (ကျောင်းကုန်း) မဲဆန္ဒနယ် အပါအဝင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၁၄၃ ဦး က လက်မှတ်ရေးထိုးတင်သွင်းခဲ့တဲ့ ပြည်ထောင် စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအ ကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့်စပ်လျှဉ်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ မူကြမ်းလေ့လာ စိစစ်ရေးပူးပေါင်းကော်မတီက လွှတ်တော်သို့ တင်ပြခဲ့တဲ့ သဘောထားမှတ်ချက်အစီရင်ခံစာအပေါ်မှာ ပြည်ထောင်စုလွှတ်တေ်ာကိုယ်စား လှယ် ( ၆၃) ဦးက ဆွေးနွေးခဲ့ကြပြီး ပူးပေါင်းကော်မတီအနေနဲ့ အဆိုပါ ဆွေးနွေးချက်များအရ သဘောထား မှတ်ချက်အစီရင်ခံစာကို ထပ်မံတင်သွင်းလာခြင်းဖြစ်ပါတယ်။

တင်ပြခဲ့တဲ့အစီရင်ခံစာအရ(က)ဤဥပဒေကြမ်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ခုနှစ် ပြင်ဆင်ရေး ပူးပေါင်းကော်မတီက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေ ကြမ်း ကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းလာတဲ့ အချိန်တွင် လွှတ်တော်နှစ်ရပ်စလုံးက ဥပဒေကြမ်း ကော် မတီဝင်များအားလုံးပါဝင်ဖွဲ့စည်းထားသောဥပဒေကြမ်းလေ့လာစိစစ်ရေးပူးပေါင်းကော်မတီက တပေါင်း တည်း လေ့လာစိစစ်ဆောင်ရွက် သင့်ကြောင်းနဲ့ (ခ) ဤ ဥပဒေကြမ်းကို လွှတ်တော်တွင်ဆက်လက်ပြီး အဆုံးအဖြတ် ရယူဆောင်ရွက် သင့်ကြောင်းဆို တဲ့ ဆွေးနွေးအကြံပြုချက် ၂ ရပ် ဖြစ်ပေါ်နေတဲ့အတွက် လွှတ်တော်ရဲ့ အဆုံး အဖြတ် ရယူပေးပါရန် အစီရင်ခံစာ တင်ပြလာတဲ့အပေါ် လွှတ်တော်ရဲ့ အတည်ပြုချက်ရယူဆောင်ရွက် သွားမှာဖြစ်ပါတယ်။

ထောက်ခံဆန္ဒမဲများပါကပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ် ပြင်ဆင်ရေးပူးပေါင်းကော်မတီက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ် တော်သို့ တင်သွင်းလာတဲ့အချိန်တွင် လွှတ်တော် နှစ်ရပ်စလုံးက ဥပဒေကြမ်းကော်မတီဝင်များအားလုံး ပါဝင် ဖွဲ့စည်းထားသော ဥပဒေကြမ်းလေ့ လာစိစစ်ရေးပူးပေါင်း ကော်မတီ က တပေါင်းတည်း လေ့လာစိစစ် ဆောင်ရွက်သင့်ကြောင်းအဆိုက အတည်ဖြစ်မှာဖြစ်ပါတယ်။

ကန့်ကွက် ဆန္ဒ မဲများပါက ဤ ဥပဒေကြမ်းကို လွှတ်တော်တွင်ဆက်လက်ပြီး အဆုံးအဖြတ်ရယူဆောင် ရွက်သင့်ကြောင်း အဆိုပြုချက်က အတည်ဖြစ်မှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပြီးစက်ခလုတ်သုံး ဆန္ဒမဲပေးရာမှာ မဲပေးခွင့်ရှိသူ ၆၀၀ ၊ ထောက်ခံဆန္ဒမဲ ၃၈၀မဲ၊ ကန့်ကွက်ဆန္ဒမဲ ၁၉၈မဲနှင့် ကြားနေ ဆန္ဒမဲ ၆မဲ ရှိ၊ ထောက်ခံဆန္ဒမဲများ၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းကို လေ့လာစိစစ် ရေးပူးပေါင်းကော်မတီက တစ်ပေါင်းတည်းလေ့လာစိစစ်ဆောင်ရွက်ရန်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကမှ အတည်ပြု ကြေညာခဲ့ပါတယ်။

PTG
နေပြည်တော်၊မေ-၁၄

(  Zawgyi  )

 ျပည္ေထာင္စုလႊတ္ေတာ္နာယက၏ လုပ္ပိုင္ခြင့္ျဖစ္သျဖင့္ ေဆြးေႏြးခြင့္မျပဳေၾကာင္း၊ကန႔္ကြက္လိုက ဆႏၵမဲခြဲခ်ိန္တြင္ ကန႔္ကြက္နိင္ေၾကာင္း ဖြဲ႕စည္း ပုံ အေျခခံဥပေဒျပင္ဆင္ေရးဟာ မိမိတို႔ႏိုင္ငံအတြက္ အသက္တ မွ်အေရးႀကီးပါတယ္။ ဥပေဒေတြ အားလုံးထဲမွာ အေရးအႀကီးဆုံး ဥပေဒျဖစ္တယ္ဆိုတာ အားလုံးအသိပဲျဖစ္ပါ တယ္။ ဒါေၾကာင့္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားအေနနဲ႔ တိုင္းရင္းသားစည္းလုံညီၫြတ္ေရး၊ အမ်ိဳးသားရင္ၾကား ေစ့ေရး၊ တိုင္းျပည္တည္ၿငိမ္ ေအးခ်မ္းၿပီး ဖြံ႕ၿဖိဳးတိုးတက္ေရးတို႔အတြက္ စိတ္ရင္းေစတနာမွန္နဲ႔ ျပင္ဆင္သင့္၊ ျပင္ ဆင္ထိုက္တဲ့ပုဒ္မမ်ားကို အားလုံးကဝိုင္းဝန္းဆန္းစစ္ေဆြးေႏြးၿပီး ပူးေပါင္းေဆာင္႐ြက္ၾကမွသာလွ်င္ ျပည္ေထာင္ စုႀကီးနဲ႔ တကြ ႏိုင္ငံသူ၊ ႏိုင္ငံသား၊ တိုင္းရင္းသားမ်ားအားလုံးအတြက္ အက်ိဳးျဖစ္ထြန္းမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ လႊတ္ေတာ္က ဆက္ လက္ေဆာင္႐ြက္ရမယ့္ လုပ္ငန္းစဥ္မ်ားအေပၚမွာ အေလးအနက္ထားစဥ္းစားသုံးသပ္ၿပီး လက္ေတြ႕က်တဲ့ လႊတ္ေတာ္ရဲ႕ အဆုံးအျဖတ္ရယူျခင္းကို ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္ဟုျပည္ေထာင္စု လႊတ္ေတာ္နာ ယက ဦးတီခြန္းျမတ္မွ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအားတိုက္တြန္းေျပာၾကား ခဲ့ပါတယ္။

ယေန႔ျပဳလုပ္သည့္ျပည္ေထာင္စုလႊတ္ေတာ္(၁၂)ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝးသတၱမေန႔အစီအစဥ္တြင္ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ဒုတိယအႀကိမ္ျပင္ဆင္သည့္ဥပေဒမူၾကမ္းအတြက္ ေလ့လာစိစစ္ေရးပူး ေပါင္း ေကာ္မတီ၏ေလ့လာေတြရွိခ်က္ႏွင့္ သေဘာထားသေဘာထား မွတ္ အစီရင္ခံစာအေပၚလႊတ္ေတာ္ကိုယ္စားလွယ္မ်ား၏ ေဆြးေႏြးခ်က္မ်ားႏွင့္စပ္လ်ဥ္း၍ပူးေပါင္းေကာ္မတီ၏ ရွင္းလင္တင္ျပခ်က္ အစီရင္ခံစာကိုပူးေပါင္း ေကာ္မတီအတြင္းေရးမႉေဒါက္တာျမတ္ဉာဏစိုးမွ ဖတ္ၾကားတင္ျပခဲ့ၿပီး၊ လႊတ္ေတာ္အဆုံးအျဖတ္ရ ယူျခင္းမ်ားေဆာင္႐ြက္ ခဲ့ရာ တပ္မေတာ္သားကိုယ္စားလွယ္ႏွင့္ျပည္ခိုင္ၿဖိဳးကိုယ္စားလွယ္တို႔မွ မတ္တပ္ရပ္ကန႔္ကြက္ ခဲ့သျဖင့္ယင္းသို႔ေျပာၾကား ခဲ့ျခင္းျဖစ္သည္။

အစီရင္ခံစာႏွင့္ပတ္သက္၍ျပည္ေထာင္စုလႊတ္ေတာ္နာယကမွဦးသိန္းထြန္း (ေက်ာင္းကုန္း) မဲဆႏၵနယ္ အပါအဝင္ ျပည္ေထာင္စု လႊတ္ေတာ္ကိုယ္စားလွယ္ ၁၄၃ ဦး က လက္မွတ္ေရးထိုးတင္သြင္းခဲ့တဲ့ ျပည္ေထာင္ စုသမၼတ ျမန္မာႏိုင္ငံေတာ္ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ဒုတိယအ ႀကိမ္ျပင္ဆင္သည့္ ဥပေဒမူၾကမ္းႏွင့္စပ္လွ်ဥ္းၿပီး ဖြဲ႕စည္းပုံအေျခခံဥပေဒကို ဒုတိယအႀကိမ္ျပင္ဆင္သည့္ ဥပေဒ မူၾကမ္းေလ့လာ စိစစ္ေရးပူးေပါင္းေကာ္မတီက လႊတ္ေတာ္သို႔ တင္ျပခဲ့တဲ့ သေဘာထားမွတ္ခ်က္အစီရင္ခံစာအေပၚမွာ ျပည္ေထာင္စုလႊတ္ေတ္ာကိုယ္စား လွယ္ ( ၆၃) ဦးက ေဆြးေႏြးခဲ့ၾကၿပီး ပူးေပါင္းေကာ္မတီအေနနဲ႔ အဆိုပါ ေဆြးေႏြးခ်က္မ်ားအရ သေဘာထား မွတ္ခ်က္အစီရင္ခံစာကို ထပ္မံတင္သြင္းလာျခင္းျဖစ္ပါတယ္။

တင္ျပခဲ့တဲ့အစီရင္ခံစာအရ(က)ဤဥပေဒၾကမ္းကို ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ၂၀၀၈ ခုႏွစ္ ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီက ဖြဲ႕စည္းပုံအေျခခံဥပေဒကို ျပင္ဆင္သည့္ ဥပေဒ ၾကမ္း ကို ျပည္ေထာင္စုလႊတ္ေတာ္သို႔ တင္သြင္းလာတဲ့ အခ်ိန္တြင္ လႊတ္ေတာ္ႏွစ္ရပ္စလုံးက ဥပေဒၾကမ္း ေကာ္ မတီဝင္မ်ားအားလုံးပါဝင္ဖြဲ႕စည္းထားေသာဥပေဒၾကမ္းေလ့လာစိစစ္ေရးပူးေပါင္းေကာ္မတီက တေပါင္း တည္း ေလ့လာစိစစ္ေဆာင္႐ြက္ သင့္ေၾကာင္းနဲ႔ (ခ) ဤ ဥပေဒၾကမ္းကို လႊတ္ေတာ္တြင္ဆက္လက္ၿပီး အဆုံးအျဖတ္ ရယူေဆာင္႐ြက္ သင့္ေၾကာင္းဆို တဲ့ ေဆြးေႏြးအႀကံျပဳခ်က္ ၂ ရပ္ ျဖစ္ေပၚေနတဲ့အတြက္ လႊတ္ေတာ္ရဲ႕ အဆုံး အျဖတ္ ရယူေပးပါရန္ အစီရင္ခံစာ တင္ျပလာတဲ့အေပၚ လႊတ္ေတာ္ရဲ႕ အတည္ျပဳခ်က္ရယူေဆာင္႐ြက္ သြားမွာျဖစ္ပါတယ္။

ေထာက္ခံဆႏၵမဲမ်ားပါကျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ၂၀၀၈ ခုႏွစ္ ျပင္ဆင္ေရးပူးေပါင္းေကာ္မတီက ဖြဲ႕စည္းပုံအေျခခံဥပေဒကို ျပင္ဆင္ သည့္ ဥပေဒၾကမ္းကို ျပည္ေထာင္စုလႊတ္ ေတာ္သို႔ တင္သြင္းလာတဲ့အခ်ိန္တြင္ လႊတ္ေတာ္ ႏွစ္ရပ္စလုံးက ဥပေဒၾကမ္းေကာ္မတီဝင္မ်ားအားလုံး ပါဝင္ ဖြဲ႕စည္းထားေသာ ဥပေဒၾကမ္းေလ့ လာစိစစ္ေရးပူးေပါင္း ေကာ္မတီ က တေပါင္းတည္း ေလ့လာစိစစ္ ေဆာင္႐ြက္သင့္ေၾကာင္းအဆိုက အတည္ျဖစ္မွာျဖစ္ပါတယ္။

ကန႔္ကြက္ ဆႏၵ မဲမ်ားပါက ဤ ဥပေဒၾကမ္းကို လႊတ္ေတာ္တြင္ဆက္လက္ၿပီး အဆုံးအျဖတ္ရယူေဆာင္ ႐ြက္သင့္ေၾကာင္း အဆိုျပဳခ်က္က အတည္ျဖစ္မွာျဖစ္ပါတယ္” ဟု ေျပာၾကားခဲ့ၿပီးစက္ခလုတ္သုံး ဆႏၵမဲေပးရာမွာ မဲေပးခြင့္ရွိသူ ၆၀၀ ၊ ေထာက္ခံဆႏၵမဲ ၃၈၀မဲ၊ ကန႔္ကြက္ဆႏၵမဲ ၁၉၈မဲႏွင့္ ၾကားေန ဆႏၵမဲ ၆မဲ ရွိ၊ ေထာက္ခံဆႏၵမဲမ်ား၍ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ဒုတိယအႀကိမ္ျပင္ဆင္သည့္ ဥပေဒမူၾကမ္းကို ေလ့လာစိစစ္ ေရးပူးေပါင္းေကာ္မတီက တစ္ေပါင္းတည္းေလ့လာစိစစ္ေဆာင္႐ြက္ရန္ျဖစ္ေၾကာင္း ျပည္ေထာင္စုလႊတ္ေတာ္ နာယကမွ အတည္ျပဳ ေၾကညာခဲ့ပါတယ္။

PTG
ေနျပည္ေတာ္၊ေမ-၁၄