ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော် အတည်ပြု

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြ င်ဆင်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော် အတည်ပြု

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်၊ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည် ထောင် စု လွှတ်တော်မှ အတည်ပြုနိုင်ရန်၊ ယနေ့ပြုလုပ်သည့်ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အစီအစဉ်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈) ခုနှစ်၊ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်မှ ပြည်ထောင်စုလွှတ်တော်သို့အဆိုတင်သွင်းခဲ့ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ(၂၀၀၈)ခုနှစ်၊ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏အစီရင်ခံစာနှင့်စပ်လျဉ်း၍ အချို့လွှတ်တော် ကိုယ်စားလှယ်ကြီးများ မှထောက်ခံ၊ အချို့လွှတ်တော်ကိုယ်စားလှယ်ကြီးများက ကန့်ကွက် ကြတဲ့အတွက်ယင်းအစီ ရင်ခံစာအပေါ်အတည်ပြုပေးနိုင်ပါရန် လွှတ်တော်ရဲ့ အဆုံးအဖြတ် ရယူရန် လိုအပ်လျက်ရှိပါတယ်။သို့ဖြစ်ပါ၍ ပြည်ထောင်စုလွှတ်တော်ကြီးမှဖွဲ့စည်းပေးသော၂၀၀၈-ခုနှစ်၊ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီ၏လေ့ လာတွေ့ရှိချက်အစီရင်ခံစာ ကိုပြည်ထောင်စု လွှတ် တော်ကြီးမှ တာဝန်ပေးချက်နှင့်အညီဆက်လက် ဆောင်ရွက်သွားနိုင်ရန်အတွက်ပြည်ထောင်စုလွှတ် တော်ကြီးမှ အတည်ပြုပေးနိုင်ပါရန်အဆိုတင်သွင်းအပ်ပါတယ်” ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈)ခုနှစ်၊ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ဥက္ကဋ္ဌဦးထွန်းထွန်းဟိန်က ပြည်ထောင်စုလွှတ်တော်သို့တင်ပြခဲ့ပါတယ်။

ယင်းဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်၊ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏အစီရင်ခံစာအား လွတ်တော် မှ လျှို့ဝှက်စက် ခလုတ်သုံး ဆန ္ဒသဘောထား အဆုံးအဖြတ်ယူရာ ဆန္ဒမဲပေးခွင့်ရှိသူပေါင်း(၆၀၈)ဦး၊ ထောက်ခံမဲ (၃၉၉)၊ကန့်ကွက်မဲ(၁၉၇)၊ ရရှိခဲ့သဖြင့်ထောက်ခံသူ ဦးရေများသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈)ခုနှစ်၊ ပြင်ဆင်ရေးပူးပေါင်း ကော်မတီ၏ အစီရင်ခံစာအားပြည်ထောင်စုလွှတ်တော်မှအတည်ပြုကြောင်းကြေငြာခဲ့ပါတယ်။

PTG
နေပြည်တော်-သြဂုတ်-၉