ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအား ပြည်ထောင်စုလွှတ်တော်တွင် စတင်ဆွေးနွေး၊ ဂုဏ်သိက္ခာနှင့် လျော်ညီသည့် ကျင့်ဝတ်စည်းကမ်းများကို အလေးထားလိုက်နာရန် ဆို

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအား ပြည်ထောင်စုလွှတ်တော်တွင် စတင်ဆွေးနွေး၊ ဂုဏ်သိက္ခာနှင့် လျော်ညီသည့် ကျင့်ဝတ်စည်းကမ်းများကို အလေးထားလိုက်နာရန် ဆို

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈-ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအား ယနေ့ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက် အစည်းအဝေး ဆဋ္ဌမနေ့အစီအစဉ်တွင် စတင်ဆွေးနွေးခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာနှင့် လျော်ညီသည့် ကျင့်ဝတ်စည်းကမ်းများကို အလေးထားလိုက်နာပြီး၊ သတ်မှတ်ချက်များနှင့်အညီ ဆွေးနွေးကြရန် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က မှာကြားခဲ့သည်။

“လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးကြတဲ့အခါမှာ မိမိတို့ရဲ့ ဆွေးနွေးချက်များဟာ အပြုသဘောဆောင်သည့် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားအတွက်လည်းကောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် လည်းကောင်း၊ ရှေးရှုတဲ့ ဆွေးနွေးချက်များဖြစ်ဖို့ လိုအပ်ပါတယ်။ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးကြတဲ့အခါမှာ အစီရင်ခံစာပါ အကြောင်းအရာနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်များကိုသာ ဆွေးနွေးကြပြီး၊ ပါတီ၊ ဌာန၊ အဖွဲ့အစည်းတစ်ခုခု၊ တိုင်းရင်းသား လူမျိုးစုတစ်ခုခု၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ထိခိုက်နစ်နာမှုရှိတဲ့ ဆွေးနွေးမှုမျိုး မဖြစ်စေရေး အထူးဂရုပြုကြဖို့ လိုအပ်ပါတယ်။လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ နည်းဥပဒေများမှာ ပါရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ တာဝန်၊ ရပိုင်ခွင့်နဲ့ အခွင့်အရေးများကိုလည်း အသုံးပြုနိုင်သလို လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဂုဏ်သိက္ခာနဲ့ လျော်ညီတဲ့ ကျင့်ဝတ်နဲ့ စည်းကမ်းများကိုလည်း အလေးထားလိုက်နာပြီး၊ သတ်မှတ်ချက်များနဲ့အညီ ဆွေးနွေးကြဖို့ မှာကြားလိုပါတယ်” ဟု ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် မှ ဆွေးနွေးမှုမစခင် မှာကြားခဲ့ပါတယ်။

ယနေ့တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် (၂၁) ဦး စတင်ဆွေးနွေးခဲ့ကြပြီး၊ ယင်းအစီရင်ခံစာတွင် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် အစုအဖွဲ့အသီးသီး၏ အကြံပြုတင်ပြချက် (၃၇၆၅) ချက် ပါဝင်ကြောင်း သိရပါတယ်။ယနေ့ဆွေးနွေးသည့် အထဲတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားများဖက်မှ တစ်ဦးတစ်ယောက်မှ ပါဝင်ခြင်းမရှိသည်ကို တွေ့ရှိရပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈-ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအား တပ်မတော် ကိုယ်စားလှယ်များဖက်မှ ပါဝင်ဆွေးနွေးသွားမည် မဟုတ်ကြောင်းလည်း ကြားသိရပါတယ်။

PTG
နေပြည်တော်၊ ဇူလိုင် - ၃၀

( Zawgyi )

ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈-ခုႏွစ္) ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီ၏ အစီရင္ခံစာအား ယေန႔က်င္းပျပဳလုပ္သည့္ ျပည္ေထာင္စုလႊတ္ေတာ္ (၁၃) ႀကိမ္ေျမာက္ အစည္းအေဝး ဆ႒မေန႔အစီအစဥ္တြင္ စတင္ေဆြးေႏြးခဲ့ရာ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၏ ဂုဏ္သိကၡာႏွင့္ ေလ်ာ္ညီသည့္ က်င့္ဝတ္စည္းကမ္းမ်ားကို အေလးထားလိုက္နာၿပီး၊ သတ္မွတ္ခ်က္မ်ားႏွင့္အညီ ေဆြးေႏြးၾကရန္ ျပည္ေထာင္စုလႊတ္ေတာ္ နာယက ဦးတီခြန္ျမတ္ က မွာၾကားခဲ့သည္။

“လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ေဆြးေႏြးၾကတဲ့အခါမွာ မိမိတို႔ရဲ႕ ေဆြးေႏြးခ်က္မ်ားဟာ အျပဳသေဘာေဆာင္သည့္ ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသားမ်ား အက်ိဳးစီးပြားအတြက္လည္းေကာင္း၊ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရး၊ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး၊ ျပည္တြင္းၿငိမ္းခ်မ္းေရး၊ တရားဥပေဒစိုးမိုးေရးနဲ႔ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ လည္းေကာင္း၊ ေရွးရႈတဲ့ ေဆြးေႏြးခ်က္မ်ားျဖစ္ဖို႔ လိုအပ္ပါတယ္။ဒါ့အျပင္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ေဆြးေႏြးၾကတဲ့အခါမွာ အစီရင္ခံစာပါ အေၾကာင္းအရာနဲ႔ သက္ဆိုင္တဲ့ ကိစၥရပ္မ်ားကိုသာ ေဆြးေႏြးၾကၿပီး၊ ပါတီ၊ ဌာန၊ အဖြဲ႕အစည္းတစ္ခုခု၊ တိုင္းရင္းသား လူမ်ိဳးစုတစ္ခုခု၊ လူပုဂၢိဳလ္တစ္ဦးတစ္ေယာက္ကို ထိခိုက္နစ္နာမႈရွိတဲ့ ေဆြးေႏြးမႈမ်ိဳး မျဖစ္ေစေရး အထူးဂ႐ုျပဳၾကဖို႔ လိုအပ္ပါတယ္။လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအေနနဲ႔ ျပည္ေထာင္စုလႊတ္ေတာ္ဆိုင္ရာ ဥပေဒ နည္းဥပေဒမ်ားမွာ ပါရွိတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားရဲ႕ တာဝန္၊ ရပိုင္ခြင့္နဲ႔ အခြင့္အေရးမ်ားကိုလည္း အသုံးျပဳႏိုင္သလို လႊတ္ေတာ္ကိုယ္စားလွယ္မ်ားရဲ႕ ဂုဏ္သိကၡာနဲ႔ ေလ်ာ္ညီတဲ့ က်င့္ဝတ္နဲ႔ စည္းကမ္းမ်ားကိုလည္း အေလးထားလိုက္နာၿပီး၊ သတ္မွတ္ခ်က္မ်ားနဲ႔အညီ ေဆြးေႏြးၾကဖို႔ မွာၾကားလိုပါတယ္” ဟု ျပည္ေထာင္စုလႊတ္ေတာ္ နာယက ဦးတီခြန္ျမတ္ မွ ေဆြးေႏြးမႈမစခင္ မွာၾကားခဲ့ပါတယ္။

ယေန႔တြင္ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားလွယ္ (၂၁) ဦး စတင္ေဆြးေႏြးခဲ့ၾကၿပီး၊ ယင္းအစီရင္ခံစာတြင္ ျပင္ဆင္၊ ျဖည့္စြက္၊ ပယ္ဖ်က္ရန္ အစုအဖြဲ႕အသီးသီး၏ အႀကံျပဳတင္ျပခ်က္ (၃၇၆၅) ခ်က္ ပါဝင္ေၾကာင္း သိရပါတယ္။ယေန႔ေဆြးေႏြးသည့္ အထဲတြင္ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားမ်ားဖက္မွ တစ္ဦးတစ္ေယာက္မွ ပါဝင္ျခင္းမရွိသည္ကို ေတြ႕ရွိရၿပီး၊ ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈-ခုႏွစ္) ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီ၏ အစီရင္ခံစာအား တပ္မေတာ္ ကိုယ္စားလွယ္မ်ားဖက္မွ ပါဝင္ေဆြးေႏြးသြားမည္ မဟုတ္ေၾကာင္းလည္း ၾကားသိရပါတယ္။

PTG
ေနျပည္ေတာ္၊ ဇူလိုင္ - ၃၀