ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ် ပြင်ဆင်ရေး ပူးပေါင်းကော်မတီမှ၊ ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ် (၂) ဦး နှုတ်ထွက်

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ် ပြင်ဆင်ရေး ပူးပေါင်းကော်မတီမှ၊ ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ် (၂) ဦး နှုတ်ထွက်

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ် ပြင်ဆင်ရေး ပူးပေါင်းကော်မတီမှ၊ ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ် (၂) ဦး နှုတ်ထွက်လိုက်ကြောင်း ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံ မှ သတင်းထောက်များကို ပြောကြားခဲ့သည်။

"ပါတီက နှုတ်ထွက်ခိုင်းလို့ နှုတ်ထွက်လိုက်တာပါ၊ (၂) ယောက်စလုံးပေါ့၊ ဦးမြင့်နိုင် နဲ့ ကျနော်ရယ်၊ ဆက်လက်ဆောင်ရွက်ရန် မသင့်တော်တော့သဖြင့်ဆိုပြီး သီးခြားမှတ်ချက်တော့မပေးဘူး၊ ဆက်လက်ဆောင်ရွက်ရန် မသင့်တော်တော့ပါသဖြင့်ဆိုတဲ့ အချက်ဘဲ ပါတီကပေးပါတယ်၊ မနေ့က ဒိတ်နဲ့ပါ" ဟု ဦးအောင်ကျော်ဇံ မှ သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေး (၄၅) ဦးကော်မတီ အစည်းအဝေးများတွင် ပွင့်လင်းမြင်သာစွာ တင်ပြခွင့်ရှိလားဟု သတင်းထောက်များမှ မေးရာတွင် "ကျနော်ကတော့ တင်ပြလို့တော့ရတယ်၊ ကျနော်တို့တင်ပြတာကို အက်ရှင်မယူဘူးဆိုတော့ အလကားဖြစ်တာပေါ့ ကျနော်တို့ ပြင်ဆင်ချက်တင်တာ (၈၅၈) ချက်၊ အဲဒီထဲမှာ အခုစတဲ့ (၆) ချက်လောက်၊ စကိုင်ပြီပေါ့၊ ပုဒ်မ (၆) ခုဆိုတာ အချက် (၆) ချက်ပေါ့၊ ပုဒ်မတော့ ဟုတ်ချင်မှ ဟုတ်မယ် (က) (ခ) ပါတာကို၊ ကျနော်တို့ရဲ့အာဘော် ပါနိုင်စရာ အကြောင်းမှမရှိတာ" ဟု ပြန်လည်ဖြေကြားခဲ့ပါတယ်။

ယင်းသို့ ဖွဲ့စည်းပုံပြင်ဆင်ရေး (၄၅) ဦကော်မတီမှ ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ် (၂) ဦးအား နှုတ်ထွက်စာတင်ရခြင်းနှင့် ပတ်သက်၍ ရခိုင်အမျိူးသားပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း အား မေးမြန်းကြည့်ရာတွင် "(၄၅) ဦးကော်မတီမှာ ဆက်လက်ပါဝင်ဖို့ ဆန္ဒမရှိဘူးဆိုပြီးတော့ ရခိုင်အမျိုးသားပါတီ ဌာနချုပ်ကနေပြီးတော့ ပါတီရဲ့ကိုယ်စား၊ (၄၅) ဦးကော်မတီမှာ ပါဝင်ဖို့ တာဝန်ပေးထားတဲ့ ကိုယ်စားလှယ် (၂) ဦးကို ပြန်ပြီးတော့ တာဝန်မှရုတ်သိမ်းလိုက်တယ်ပေါ့၊ အဲ့စာကတော့ မနေ့ကရတယ်၊ အဲဒီတော့ ကာယကံရှင်တွေက (၄၅) ဦးကော်မတီကို တင်ပြရမယ်လို့ သတင်းကြားပါတယ်၊ (ပါတီအနေနဲ့ ဘာကြောင့်ရုတ်သိမ်းရပါသလဲ) အဲဒါကတော့ အကျယ်တဝင့်မပါဘူး။ဒါပေမဲ့ ပါတီက ဒီလုပ်ငန်းစဉ်ပေါ်မှာ အယုံအကြည်မရှိတော့ဘူးပေါ့။အဲ့တော့ ဆက်လက်ပါဝင်ရန် ဆန္ဒမရှိဘူးဆိုပြီး တိုတိုတုတ်တုတ်ဘဲ ရေးထားတယ်။ပါတီကလည်း မကြာခင် ကြေငြာချက်ထွက်ပါလိမ့်မယ်" ဟု သတင်းထောက်များအား ပြောကြားပါတယ်။

ယနေ့ပြုလုပ်သည့် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ ခေတ္တအနားပေးချိန်တွင် သတင်းထောက်များမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး (၄၅) ဦး ပူးပေါင်းကော်မတီမှ ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ် (၂) ဦး နှုတ်ထွက်စာတင်သည့်ကိစ္စအား မေးမြန်းခဲ့ရာတွင် ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။

PTG
နေပြည်တော်၊ စက်တင်ဘာ - ၃

( Zawgyi )

ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈) ခုႏွစ္ ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီမွ၊ ရခိုင္အမ်ိဳးသားပါတီ ကိုယ္စားလွယ္ (၂) ဦး ႏႈတ္ထြက္လိုက္ေၾကာင္း ရခိုင္အမ်ိဳးသားပါတီမွ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ေက်ာ္ဇံ မွ သတင္းေထာက္မ်ားကို ေျပာၾကားခဲ့သည္။

"ပါတီက ႏႈတ္ထြက္ခိုင္းလို႔ ႏႈတ္ထြက္လိုက္တာပါ၊ (၂) ေယာက္စလုံးေပါ့၊ ဦးျမင့္ႏိုင္ နဲ႔ က်ေနာ္ရယ္၊ ဆက္လက္ေဆာင္႐ြက္ရန္ မသင့္ေတာ္ေတာ့သျဖင့္ဆိုၿပီး သီးျခားမွတ္ခ်က္ေတာ့မေပးဘူး၊ ဆက္လက္ေဆာင္႐ြက္ရန္ မသင့္ေတာ္ေတာ့ပါသျဖင့္ဆိုတဲ့ အခ်က္ဘဲ ပါတီကေပးပါတယ္၊ မေန႔က ဒိတ္နဲ႔ပါ" ဟု ဦးေအာင္ေက်ာ္ဇံ မွ သတင္းေထာက္မ်ားအား ေျပာၾကားခဲ့ပါတယ္။

ဖြဲ႕စည္းပုံျပင္ဆင္ေရး (၄၅) ဦးေကာ္မတီ အစည္းအေဝးမ်ားတြင္ ပြင့္လင္းျမင္သာစြာ တင္ျပခြင့္ရွိလားဟု သတင္းေထာက္မ်ားမွ ေမးရာတြင္ "က်ေနာ္ကေတာ့ တင္ျပလို႔ေတာ့ရတယ္၊ က်ေနာ္တို႔တင္ျပတာကို အက္ရွင္မယူဘူးဆိုေတာ့ အလကားျဖစ္တာေပါ့ က်ေနာ္တို႔ ျပင္ဆင္ခ်က္တင္တာ (၈၅၈) ခ်က္၊ အဲဒီထဲမွာ အခုစတဲ့ (၆) ခ်က္ေလာက္၊ စကိုင္ၿပီေပါ့၊ ပုဒ္မ (၆) ခုဆိုတာ အခ်က္ (၆) ခ်က္ေပါ့၊ ပုဒ္မေတာ့ ဟုတ္ခ်င္မွ ဟုတ္မယ္ (က) (ခ) ပါတာကို၊ က်ေနာ္တို႔ရဲ႕အာေဘာ္ ပါႏိုင္စရာ အေၾကာင္းမွမရွိတာ" ဟု ျပန္လည္ေျဖၾကားခဲ့ပါတယ္။

ယင္းသို႔ ဖြဲ႕စည္းပုံျပင္ဆင္ေရး (၄၅) ဦေကာ္မတီမွ ရခိုင္အမ်ိဳးသားပါတီမွ ကိုယ္စားလွယ္ (၂) ဦးအား ႏႈတ္ထြက္စာတင္ရျခင္းႏွင့္ ပတ္သက္၍ ရခိုင္အမ်ိဴးသားပါတီ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဖသန္း အား ေမးျမန္းၾကည့္ရာတြင္ "(၄၅) ဦးေကာ္မတီမွာ ဆက္လက္ပါဝင္ဖို႔ ဆႏၵမရွိဘူးဆိုၿပီးေတာ့ ရခိုင္အမ်ိဳးသားပါတီ ဌာနခ်ဳပ္ကေနၿပီးေတာ့ ပါတီရဲ႕ကိုယ္စား၊ (၄၅) ဦးေကာ္မတီမွာ ပါဝင္ဖို႔ တာဝန္ေပးထားတဲ့ ကိုယ္စားလွယ္ (၂) ဦးကို ျပန္ၿပီးေတာ့ တာဝန္မွ႐ုတ္သိမ္းလိုက္တယ္ေပါ့၊ အဲ့စာကေတာ့ မေန႔ကရတယ္၊ အဲဒီေတာ့ ကာယကံရွင္ေတြက (၄၅) ဦးေကာ္မတီကို တင္ျပရမယ္လို႔ သတင္းၾကားပါတယ္၊ (ပါတီအေနနဲ႔ ဘာေၾကာင့္႐ုတ္သိမ္းရပါသလဲ) အဲဒါကေတာ့ အက်ယ္တဝင့္မပါဘူး။ဒါေပမဲ့ ပါတီက ဒီလုပ္ငန္းစဥ္ေပၚမွာ အယုံအၾကည္မရွိေတာ့ဘူးေပါ့။အဲ့ေတာ့ ဆက္လက္ပါဝင္ရန္ ဆႏၵမရွိဘူးဆိုၿပီး တိုတိုတုတ္တုတ္ဘဲ ေရးထားတယ္။ပါတီကလည္း မၾကာခင္ ေၾကျငာခ်က္ထြက္ပါလိမ့္မယ္" ဟု သတင္းေထာက္မ်ားအား ေျပာၾကားပါတယ္။

ယေန႔ျပဳလုပ္သည့္ ျပည္သူ႔လႊတ္ေတာ္ (၁၃) ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး၊ ေခတၱအနားေပးခ်ိန္တြင္ သတင္းေထာက္မ်ားမွ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရး (၄၅) ဦး ပူးေပါင္းေကာ္မတီမွ ရခိုင္အမ်ိဳးသားပါတီမွ ကိုယ္စားလွယ္ (၂) ဦး ႏႈတ္ထြက္စာတင္သည့္ကိစၥအား ေမးျမန္းခဲ့ရာတြင္ ေျဖၾကားခဲ့ျခင္းျဖစ္ပါတယ္။

PTG
ေနျပည္ေတာ္၊ စက္တင္ဘာ - ၃