ဖွဲ့စည်းပုံ ပြင်ဆင်ရာတွင် လက်ရှိပုံစံများ ယိုင်ရွဲ့ပြီး နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲ မှုထိ ခိုက်လာမည်ကို စိုးရိမ်ဟုဆို

 
ဖွဲ့စည်းပုံ ပြင်ဆင်ရာတွင် လက်ရှိပုံစံများ ယိုင်ရွဲ့ပြီး နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲ မှုထိ ခိုက်လာမည်ကို စိုးရိမ်ဟုဆို

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် လက်ရှိပုံစံများ ယိုင်ရွဲ့ပြီး နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲမှုကို ထိခိုက်လာမှာကို စိုးရိမ်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်မှပြောပါတယ်။ ဗိုလ်မှူးချုပ်မောင်မောင် က “ အစီရင်ခံစာ ကိုအတည်ပြုတဲ့ကိစ္စနဲ့ပတ်သက်လို့ အစကတည်းက ကော်မ တီဖွဲ့တယ်၊ပြီးတော့ဆွေးနွေးကြတယ် အစီရင်ခံစာ တင်တယ်၊ အစီရင်ခံစာကို အတည်ပြုတယ် ။ ဒါကတော့ သူ့ရဲ့ လုပ်ထုံးလုပ်နည်း နဲ့ လုပ်တာပေါ့၊ ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့အနေနဲ့ကတော့ဆွေးနွေးတုန်းက လည်း ဝင်ရောက်ဆွေးနွေးခြင်းမပြုတဲ့အတွက် ဘာမှသီးခြားပြောစရာမရှိပါဘူး။သူတို့ ပထမအစီရင်ခံစာတင် က တည်းက အစုအဖွဲ့ ၉ဖွဲ့နဲ့ ဥပဒေကြမ်း ပူးပေါင်းရေးဆွဲပြီးဆောင်ရွက်မယ်။ ၄၅ဦးကော်မတီ ဆက်လက် ဆောင်ရွက် မယ်လို့ပြောထားတာရှိပါတယ်။

 ဒီအစုအဖွဲ့ ၉ဖွဲ့ နဲ့ ဥပဒေကြမ်းရေးဆွဲဖို့ ဘယ်လောက်ထိ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်မလဲဆိုတာစောင့်ကြည့်နေပါတယ်။ အဲ့ဒီ ဟာလည်း သူတို့ဘယ်လောက်ထိ ကျယ်ကျယ် ပြန့်ပြန့် လုပ်မလဲဒီလိုပဲသာမန်လေးပဲအစုအဖွဲ့၉ဖွဲ့အကြံဉာဏ်လေးပေး ပါဦးဆိုပြီး သာမန်လေးပဲ လုပ်သွားမလား၊ ယခင်လုပ်ခဲ့သလို ပဲ တကယ်ကို အစုအဖွဲ့ထဲကနေပြီးတော့ ထိထိရောက်ရောက် တွဲဖက်လုပ်မလား ဆိုတာ လည်းစောင့်ကြည့် ရ ဦးမှာပေါ့၊ စိုးရိမ်မှုက ဘာဖြစ်မလဲ ဆိုတော့ကျွန်တော်တို့အနေနဲ့ကတော့ အစကတည်း ကပြောခဲ့ပါတယ်။ ဖွဲ့စည်းပုံ ပြင်မယ်ဆိုရင် အချက်တွေ အများကြီးပြင်ရလိမ့်မယ်။ တချို့ ပြောတယ် တူရာတူရာ စုလိုက်ရင် မများဘူးလို့ပြောတယ်။ အဲ့တော့ ဥပဒေတစ်ခုအပေါ်မှာ အဖွဲ့ ၃၊၄ဖွဲ့ကနေ ပြီးတော့ သဘောထား တွေ ပေးကြတယ်။ အဲ့တာတစ်ခုရဖို့ ဘယ်လိုတူရာ စုမလဲ ။အလွန်ခက်ခဲပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော် တို့ ယခင်လည်းပြောခဲ့ဖူးတယ်။ ဖွဲ့စည်းပုံဟာ ကိုယ့်နိုင်ငံအတွက် အရေးကြီးတယ်။ ဒီဟာကို ပြင်တဲ့အခါမှာ ပုံစံတွေ ယိုင်ရွဲ့သွားပြီးတော့ ကိုယ့်နိုင်ငံရဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမှုကို ထိခိုက်လာနိုင်တယ် ဆိုရင်တော့ စိုးရိမ်စရာ ဖြစ်ပါတယ်။

ဘယ်လောက်ထိကျယ်ကျယ်ပြန့်ပြန့်လုပ်မလဲ ဆိုတာကို ဆောက်ရွက်မှု ကိုစောင့်ကြည့် မှာပါ “လို့ သတင်းထောက်များအားပြောကြားခဲ့ပါတယ်။

PTG
နေပြည်တော် သြဂုတ် ၉

(  Zawgyi  )

 ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ရာတြင္ လက္ရွိပုံစံမ်ား ယိုင္႐ြဲ႕ၿပီး ႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာ တည္တံ့ ခိုင္ၿမဲမႈကို ထိခိုက္လာမွာကို စိုးရိမ္ေၾကာင္း တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ ဗိုလ္မႉးခ်ဳပ္ေမာင္ေမာင္မွေျပာပါတယ္။ ဗိုလ္မႉးခ်ဳပ္ေမာင္ေမာင္ က “ အစီရင္ခံစာ ကိုအတည္ျပဳတဲ့ကိစၥနဲ႔ပတ္သက္လို႔ အစကတည္းက ေကာ္မ တီဖြဲ႕တယ္၊ၿပီးေတာ့ေဆြးေႏြးၾကတယ္ အစီရင္ခံစာ တင္တယ္၊ အစီရင္ခံစာကို အတည္ျပဳတယ္ ။ ဒါကေတာ့ သူ႔ရဲ႕ လုပ္ထုံးလုပ္နည္း နဲ႔ လုပ္တာေပါ့၊ ဒါနဲ႔ပတ္သက္ၿပီးေတာ့ ကြၽန္ေတာ္တို႔အေနနဲ႔ကေတာ့ေဆြးေႏြးတုန္းက လည္း ဝင္ေရာက္ေဆြးေႏြးျခင္းမျပဳတဲ့အတြက္ ဘာမွသီးျခားေျပာစရာမရွိပါဘူး။သူတို႔ ပထမအစီရင္ခံစာတင္ က တည္းက အစုအဖြဲ႕ ၉ဖြဲ႕နဲ႔ ဥပေဒၾကမ္း ပူးေပါင္းေရးဆြဲၿပီးေဆာင္႐ြက္မယ္။ ၄၅ဦးေကာ္မတီ ဆက္လက္ ေဆာင္႐ြက္ မယ္လို႔ေျပာထားတာရွိပါတယ္။

 ဒီအစုအဖြဲ႕ ၉ဖြဲ႕ နဲ႔ ဥပေဒၾကမ္းေရးဆြဲဖို႔ ဘယ္ေလာက္ထိ က်ယ္က်ယ္ျပန႔္ျပန႔္ ပူးေပါင္းေဆာင္႐ြက္မလဲဆိုတာေစာင့္ၾကည့္ေနပါတယ္။ အဲ့ဒီ ဟာလည္း သူတို႔ဘယ္ေလာက္ထိ က်ယ္က်ယ္ ျပန႔္ျပန႔္ လုပ္မလဲဒီလိုပဲသာမန္ေလးပဲအစုအဖြဲ႕၉ဖြဲ႕အႀကံဉာဏ္ေလးေပး ပါဦးဆိုၿပီး သာမန္ေလးပဲ လုပ္သြားမလား၊ ယခင္လုပ္ခဲ့သလို ပဲ တကယ္ကို အစုအဖြဲ႕ထဲကေနၿပီးေတာ့ ထိထိေရာက္ေရာက္ တြဲဖက္လုပ္မလား ဆိုတာ လည္းေစာင့္ၾကည့္ ရ ဦးမွာေပါ့၊ စိုးရိမ္မႈက ဘာျဖစ္မလဲ ဆိုေတာ့ကြၽန္ေတာ္တို႔အေနနဲ႔ကေတာ့ အစကတည္း ကေျပာခဲ့ပါတယ္။ ဖြဲ႕စည္းပုံ ျပင္မယ္ဆိုရင္ အခ်က္ေတြ အမ်ားႀကီးျပင္ရလိမ့္မယ္။ တခ်ိဳ႕ ေျပာတယ္ တူရာတူရာ စုလိုက္ရင္ မမ်ားဘူးလို႔ေျပာတယ္။ အဲ့ေတာ့ ဥပေဒတစ္ခုအေပၚမွာ အဖြဲ႕ ၃၊၄ဖြဲ႕ကေန ၿပီးေတာ့ သေဘာထား ေတြ ေပးၾကတယ္။ အဲ့တာတစ္ခုရဖို႔ ဘယ္လိုတူရာ စုမလဲ ။အလြန္ခက္ခဲပါတယ္။ ဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္ တို႔ ယခင္လည္းေျပာခဲ့ဖူးတယ္။ ဖြဲ႕စည္းပုံဟာ ကိုယ့္ႏိုင္ငံအတြက္ အေရးႀကီးတယ္။ ဒီဟာကို ျပင္တဲ့အခါမွာ ပုံစံေတြ ယိုင္႐ြဲ႕သြားၿပီးေတာ့ ကိုယ့္ႏိုင္ငံရဲ႕အခ်ဳပ္အျခာအာဏာ တည္တံ့ခိုင္ၿမဲမႈကို ထိခိုက္လာႏိုင္တယ္ ဆိုရင္ေတာ့ စိုးရိမ္စရာ ျဖစ္ပါတယ္။

ဘယ္ေလာက္ထိက်ယ္က်ယ္ျပန႔္ျပန႔္လုပ္မလဲ ဆိုတာကို ေဆာက္႐ြက္မႈ ကိုေစာင့္ၾကည့္ မွာပါ “လို႔ သတင္းေထာက္မ်ားအားေျပာၾကားခဲ့ပါတယ္။

PTG
ေနျပည္ေတာ္ ၾသဂုတ္ ၉