ဗစ်တိုးရီးယားလေးအတွက် တရားမျှတမှုရရှိရေး စီတန်းလှည့်လည် ဆန္ဒပြလှှုပ်ရှားမှု ရန်ကုန်တွင် စတင်

ဗစ်တိုးရီးယားလေးအတွက် တရားမျှတမှုရရှိရေး စီတန်းလှည့်လည် ဆန္ဒပြလှှုပ်ရှားမှု ရန်ကုန်တွင် စတင်

ဗစ်တိုးရီးယားလေးအတွက် တရားမျှတမှုရရှိရေး စီတန်းလှည့်လည် ဆန္ဒပြလှုပ်ရှားမှုကို ယနေ့ ဇူလိုင်လ ၆ ရက် နံနက် ၉ နာရီအချိန်မှ စတင်ပြီး ရန်ကုန်မြို့ ကျောက်တော်ကြီးဘုရားရှေ့တွင် စတင်စုဝေးခဲ့ကြပါတယ်။

ဆန္ဒထုတ်ဖော်သူများက ကျောက်တော်ကြီးဘုရားရှေ့တွင် စတင်စုဝေးပြီး လမ်းသစ်လမ်းအတိုင်း၊ ထိုမှတဆင့် အောက်မင်္ဂလာဒုံလမ်းမမှ အင်းစိန် စီအိုင်ဒီရုံးရှေ့သို့ ချီတက်ဆန္ဒထုတ်ဖော်ကြမှာ ဖြစ်ပါတယ်။

ဆန္ဒထုတ်ဖော်သူများက “ဗစ်တိုးရီးယားအတွက် တရားမျှတမှုကို ရှာဖွေပေးရေး။ကလေးသူငယ်များအတွက် လွတ်လပ်လုံခြုံတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးရေး။နောက်ထပ် ဗစ်တိုးရီးယားများ အလိုမရှိ “အစရှိတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြပါတယ်။အဆိုပါ လူထုလှုပ်ရှားမှုသည် ဗစ်တိုးရီးယားလေးအတွက် တရားမျှတမှုရရှိရေး၊ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း တရားဥပဒေစိုးမိုးရေး၊ ကလေးငယ်များအား လိင်အကြမ်းဖက်မှုများ ထပ်မံမပေါ်ပေါက်စေရေး၊ ကလေးငယ်များအတွက် လုံခြုံစိတ်ချရသော လူ့အဖွဲ့အစည်းတစ်ခုကို ဖန်တီးနိုင်ရေးတို့အတွက် ရည်ရွယ်ပြုလုပ်တယ်လို့ သိရှိရပါတယ်။

စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်မှုကို စောချစ်သန်းထွန်း အပါအဝင် ၃ ဦးက သက်ဆိုင်ရာ အာဏာပိုင်များထံ ခွင့်ပြုချက် တင်ပြတောင်းခံခဲ့ပြီး ဝိုင်းရံသူ ပြည်သူထောင်နဲ့ချီလည်း ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

နေပြည်တော် သပြေကုန်းရှိ Wisdom Hill မူကြိုကျောင်းမှ မိန်းကလေးငယ်တစ်ဦး လိင်အကြမ်းဖက်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ မိန်းကလေးငယ်၏ မိသားစုက မေ ၁၇ ရက်တွင် ဇမ္ဗူသီရိမြို့နယ် မြို့မရဲစန်း၌ အမှုဖွင့်ခဲ့ပြီး CID က လွှဲပြောင်းရယူ စစ်ဆေးခဲ့ပါတယ်။အမှုမှ သံသယရှိသူအဖြစ် ကျောင်းအုပ်ချုပ်ရေးမှူး ဒေါ်ဥမ္မာ၏ ယာဉ်မောင်းဖြစ်သူ အောင်ကျော်မျိုး(ခ)အောင်ကြီး ကို မေလ ၃၀ ရက်နေ့က ပထမအကြိမ် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဇွန်လ ၂၄ ရက်နေ့တွင် CID မှ ပြန်လည်လွှတ်ပေးခဲ့ပါတယ်။

အောင်ကျော်မျိုး(ခ)အောင်ကြီး ကို ထပ်မံစစ်ဆေးရန် ဇူလိုင်လ ၃ ရက်နေ့က ပြန်လည်ခေါ်ယူစစ်ဆေးခဲ့ပြီး ဇူလိုင်လ ၄ ရက်နေ့တွင် ဒက္ခိဏခရိုင် တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ ဇူလိုင် - ၆

( Zawgyi )

ဗစ္တိုးရီးယားေလးအတြက္ တရားမွ်တမႈရရွိေရး စီတန္းလွည့္လည္ ဆႏၵျပလႈပ္ရွားမႈကို ယေန႔ ဇူလိုင္လ ၆ ရက္ နံနက္ ၉ နာရီအခ်ိန္မွ စတင္ၿပီး ရန္ကုန္ၿမိဳ႕ ေက်ာက္ေတာ္ႀကီးဘုရားေရွ႕တြင္ စတင္စုေဝးခဲ့ၾကပါတယ္။

ဆႏၵထုတ္ေဖာ္သူမ်ားက ေက်ာက္ေတာ္ႀကီးဘုရားေရွ႕တြင္ စတင္စုေဝးၿပီး လမ္းသစ္လမ္းအတိုင္း၊ ထိုမွတဆင့္ ေအာက္မဂၤလာဒုံလမ္းမမွ အင္းစိန္ စီအိုင္ဒီ႐ုံးေရွ႕သို႔ ခ်ီတက္ဆႏၵထုတ္ေဖာ္ၾကမွာ ျဖစ္ပါတယ္။

ဆႏၵထုတ္ေဖာ္သူမ်ားက “ဗစ္တိုးရီးယားအတြက္ တရားမွ်တမႈကို ရွာေဖြေပးေရး။ကေလးသူငယ္မ်ားအတြက္ လြတ္လပ္လုံၿခဳံတဲ့ ပတ္ဝန္းက်င္ကို ဖန္တီးေပးေရး။ေနာက္ထပ္ ဗစ္တိုးရီးယားမ်ား အလိုမရွိ “အစရွိတဲ့ ေႂကြးေၾကာ္သံေတြကို ေႂကြးေၾကာ္ခဲ့ၾကပါတယ္။အဆိုပါ လူထုလႈပ္ရွားမႈသည္ ဗစ္တိုးရီးယားေလးအတြက္ တရားမွ်တမႈရရွိေရး၊ ျမန္မာ့လူ႔အဖြဲ႕အစည္းအတြင္း တရားဥပေဒစိုးမိုးေရး၊ ကေလးငယ္မ်ားအား လိင္အၾကမ္းဖက္မႈမ်ား ထပ္မံမေပၚေပါက္ေစေရး၊ ကေလးငယ္မ်ားအတြက္ လုံၿခဳံစိတ္ခ်ရေသာ လူ႔အဖြဲ႕အစည္းတစ္ခုကို ဖန္တီးႏိုင္ေရးတို႔အတြက္ ရည္႐ြယ္ျပဳလုပ္တယ္လို႔ သိရွိရပါတယ္။

စီတန္းလွည့္လည္ ဆႏၵထုတ္ေဖာ္မႈကို ေစာခ်စ္သန္းထြန္း အပါအဝင္ ၃ ဦးက သက္ဆိုင္ရာ အာဏာပိုင္မ်ားထံ ခြင့္ျပဳခ်က္ တင္ျပေတာင္းခံခဲ့ၿပီး ဝိုင္းရံသူ ျပည္သူေထာင္နဲ႔ခ်ီလည္း ပါဝင္ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။

ေနျပည္ေတာ္ သေျပကုန္းရွိ Wisdom Hill မူႀကိဳေက်ာင္းမွ မိန္းကေလးငယ္တစ္ဦး လိင္အၾကမ္းဖက္ခံရသည့္ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ မိန္းကေလးငယ္၏ မိသားစုက ေမ ၁၇ ရက္တြင္ ဇမၺဴသီရိၿမိဳ႕နယ္ ၿမိဳ႕မရဲစန္း၌ အမႈဖြင့္ခဲ့ၿပီး CID က လႊဲေျပာင္းရယူ စစ္ေဆးခဲ့ပါတယ္။အမႈမွ သံသယရွိသူအျဖစ္ ေက်ာင္းအုပ္ခ်ဳပ္ေရးမႉး ေဒၚဥမၼာ၏ ယာဥ္ေမာင္းျဖစ္သူ ေအာင္ေက်ာ္မ်ိဳး(ခ)ေအာင္ႀကီး ကို ေမလ ၃၀ ရက္ေန႔က ပထမအႀကိမ္ ဖမ္းဆီးထိန္းသိမ္းခဲ့ၿပီး ဇြန္လ ၂၄ ရက္ေန႔တြင္ CID မွ ျပန္လည္လႊတ္ေပးခဲ့ပါတယ္။

ေအာင္ေက်ာ္မ်ိဳး(ခ)ေအာင္ႀကီး ကို ထပ္မံစစ္ေဆးရန္ ဇူလိုင္လ ၃ ရက္ေန႔က ျပန္လည္ေခၚယူစစ္ေဆးခဲ့ၿပီး ဇူလိုင္လ ၄ ရက္ေန႔တြင္ ဒကၡိဏခ႐ိုင္ တရား႐ုံးသို႔ တရားစြဲဆို တင္ပို႔ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ဇူလိုင္ - ၆