ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများအဖွဲ့ချုပ်(ဗကသ)ဖွဲ့စည်းတည်ထောင်ခြင်း (၈၃)နှစ်ပြည့် အခမ်းအနားကျင်းပ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများအဖွဲ့ချုပ်(ဗကသ)ဖွဲ့စည်းတည်ထောင်ခြင်း (၈၃)နှစ်ပြည့် အခမ်းအနားကျင်းပ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများအဖွဲ့ချုပ်(ဗကသ)ဖွဲ့စည်းတည်ထောင်ခြင်း (၈၃)နှစ်ပြည့် အခမ်းအနားကို ဒီကနေ့ မေလ ၈ ရက်၊နံနက် ၁၀ နာရီအချိန်က ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်ရှိ စိတ်တိုင်းကျ စားရိပ်မြုံမှာပြုလုပ်ခဲ့ပါတယ်။

ဒီကနေ့ကျင်းပတဲ့ အခမ်းအနားမှာ(ဗကသ)မျိုးဆက်သစ်အသီသီးရဲ့တွေ့ဆုံပွဲကိုလည်း ထည့် သွင်းပြုလုပ်ခဲ့ပြီး (ဗကသ)အဖွဲ့ချုပ် များ တည်ထောင်ခြင်း(၈၃)နှစ်ပြည့်(၁၉၃၆ ခုနှစ်မှ ၂၀၁၉)အထိ ထုတ်ပြန်ကြေညာချက် တစ်စောင်ကိုလည်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (အောက်မြန်မာပြည်)က ထုတ်ပြန်ခဲ့ပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများအဖွဲ့ချုပ် (ဗကသ)ကို (၁၉၃၆)ခုနှစ်၊မေလ (၈)ရက်နေ့မှာ ဗကသမူ(၅)ချက်နှင့်အညီ အမျိုးသားပြန် လည်သင့်မြတ်ရေး၊စစ်အာဏာရှင်ချုပ်ငြိမ်း ရေး၊ဒီမို ကရေစီရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးတို့အတွက် မဆုတ်မနစ်ကြိုးစားပြီး အမျိုးသား ခွပ်ဒေါင်း အလံကို ပြည်သူတစ်ရပ်လုံး နှင့်တိုက်ပွဲဝင်ရန် ရည်ရွယ်ချက်နှင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

ပြေသိမ်း
ရန်ကုန်၊မေ ၈  

(   Zawgyi   )

ဗမာႏိုင္ငံလုံးဆိုင္ရာေက်ာင္းသားမ်ားအဖြဲ႕ခ်ဳပ္(ဗကသ)ဖြဲ႕စည္းတည္ေထာင္ျခင္း (၈၃)ႏွစ္ျပည့္ အခမ္းအနားကို ဒီကေန႔ ေမလ ၈ ရက္၊နံနက္ ၁၀ နာရီအခ်ိန္က ရန္ကုန္ၿမိဳ႕၊ေတာင္ဥကၠလာပၿမိဳ႕နယ္ရွိ စိတ္တိုင္းက် စားရိပ္ၿမဳံမွာျပဳလုပ္ခဲ့ပါတယ္။

ဒီကေန႔က်င္းပတဲ့ အခမ္းအနားမွာ(ဗကသ)မ်ိဳးဆက္သစ္အသီသီးရဲ႕ေတြ႕ဆုံပြဲကိုလည္း ထည့္ သြင္းျပဳလုပ္ခဲ့ၿပီး (ဗကသ)အဖြဲ႕ခ်ဳပ္ မ်ား တည္ေထာင္ျခင္း(၈၃)ႏွစ္ျပည့္(၁၉၃၆ ခုႏွစ္မွ ၂၀၁၉)အထိ ထုတ္ျပန္ေၾကညာခ်က္ တစ္ေစာင္ကိုလည္း ဗမာႏိုင္ငံလုံးဆိုင္ရာေက်ာင္းသား သမဂၢမ်ားအဖြဲ႕ခ်ဳပ္ (ေအာက္ျမန္မာျပည္)က ထုတ္ျပန္ခဲ့ပါတယ္။

ဗမာႏိုင္ငံလုံးဆိုင္ရာေက်ာင္းသားမ်ားအဖြဲ႕ခ်ဳပ္ (ဗကသ)ကို (၁၉၃၆)ခုႏွစ္၊ေမလ (၈)ရက္ေန႔မွာ ဗကသမူ(၅)ခ်က္ႏွင့္အညီ အမ်ိဳးသားျပန္ လည္သင့္ျမတ္ေရး၊စစ္အာဏာရွင္ခ်ဳပ္ၿငိမ္း ေရး၊ဒီမို ကေရစီေရးႏွင့္ ျပည္တြင္းၿငိမ္းခ်မ္းေရးတို႔အတြက္ မဆုတ္မနစ္ႀကိဳးစားၿပီး အမ်ိဳးသား ခြပ္ေဒါင္း အလံကို ျပည္သူတစ္ရပ္လုံး ႏွင့္တိုက္ပြဲဝင္ရန္ ရည္႐ြယ္ခ်က္ႏွင့္ ဖြဲ႕စည္းခဲ့ျခင္းျဖစ္တယ္လို႔လည္း သိရပါတယ္။

ေျပသိမ္း
ရန္ကုန္၊ေမ ၈