ဘင်္ဂလားဒေ့ရ်ှ သို့ ထွက်ပြေးသွားသူများ အနက် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသူ ၂၆၅ ဦးထိရှိ

ဘင်္ဂလားဒေ့ရ်ှ သို့ ထွက်ပြေးသွားသူများ အနက် မြန်မာနိုင်ငံသို့   ပြန်လည်ဝင်ရောက်လာသူ ၂၆၅ ဦးထိရှိ

မောင်တောဒေသအကြမ်းဖက်ဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားသူများအနက် မြန်မာနိုင်ငံသို့ ၂၆၅ ဦး ပြန်လည် ဝင်ရောက် လာခဲ့ပြီးဖြစ်တယ်လို့ မောင်တောခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲထူးက ဆိုပါတယ်။“UEHRD အစီအစဉ်နဲ့လက်ခံထားတာ ၂၆၅ ဦးအထိရှိတယ်။ ၁၄-၄-၂၀၁၈ ရက်နေ့က မိသားစု ၅ ဦး တောင်ပြို လက်ဝဲသို့ စတင်ဝင်ရောက်လာတယ်။ နောက်ဆုံးဝင်တဲ့ဟာသည် အယောက် ၂၀ ရှိတယ်” လို့ဆိုပါတယ်။

မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လိုသူများက ဆက်သွယ်အကြောင်းကြားလာမှုကို စိစစ်ပြီး ပြန်လည်လက်ခံ ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။“အကြောင်းအမျိုးမျိုးနဲ့ ပြန်လာချင်တဲ့သူတွေ ကျွန်တော်တို့ဆီကို ဆက်သွယ်လာတယ်။ ကျွန်တော်တို့ကလည်း ဒီမှာ အဲ့လိုဆက်သွယ်လို့လာရင် အကြမ်းဖက် ဖြစ်စဉ်မှာ ပါဝင်ခဲ့ခြင်းရှိမရှိ၊ သူတို့တွေက အမှန်တကယ် ဒီမှာ နေခဲ့တာဟုတ်မဟုတ် ဆိုတာ သက်ဆိုင်ရာလုံခြုံရေးမှူးတွေဆီ ၊လ.ဝ.က အဖွဲ့တွေဆီ စာရင်းတွေစစ်တယ်။ ဟုတ်တယ်သူတို့က အမှန်အတိုင်းနေခဲ့တာ အကြမ်းဖက်ဖြစ်စဉ်မှာ မပါဝင်ခဲ့ဘူးဆိုရင် ကျွန်တော်တို့ က စိစစ် တင်ပြတာပေါ့ ပြီးတော့ UEHRD က ပြန်လာလို့ရှိရင်လက်ခံပါလို့အမိန့်ရရင် ကျွန်တော်တို့က စောင့်တယ်။ အချို့ကလည်း ဟိုဘက်က အခြေအနေပေး ရင်ရောက်လာတာလည်းရှိတယ်။နီးစပ်ရာ တောင်ပြိုနဲ့နီးရင် တောင်ပြို၊ငါးခူရ နဲ့ နီးရင် ငါးခူရ မှာလက်ခံတယ်” လို့ဆိုပါတယ်။

ပြန်လည်ဝင်ရောက်လာသူများတွင် ဟိန္ဒူ ၁၁ ဦးအပါအဝင် ကျား(၁၅၃) ဦး၊မ(၁၁၂) ဦး ပြန်လည်ဝင်ရောက် လာခဲ့ခြင်းဖြစ်ပါတယ်။၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်တွင် တစ်ကြိမ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် တစ်ကြိမ်၊၂၀၁၉ ခုနှစ် သြဂုတ်လ ၂၂ ရက် နေ့တွင် တစ်ကြိမ်  ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ နှစ်နိုင်ငံသဘောတူညီချက်အရ နေရပ်စွန့်ခွာသူ များပြန်လည်လက်ခံရေးအစီအစဉ်ကို ဆောင်ရွက် ခဲ့သော်လည်း တစ်ဦးမျှ ပြန်လည်ဝင်ရောက်လာခဲ့ခြင်းမရှိခဲ့ကြောင်းသိရှိရပါတယ်။

မင်းထွန်း(အုတ်ကျင်း)
မောင်တော ၊ စက်တင်ဘာ ၂

(  Zawgyi  )

 ေမာင္ေတာေဒသအၾကမ္းဖက္ျဖစ္စဥ္မ်ားေၾကာင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္သို႔ ထြက္ေျပးသြားသူမ်ားအနက္ ျမန္မာႏိုင္ငံသို႔ ၂၆၅ ဦး ျပန္လည္ ဝင္ေရာက္ လာခဲ့ၿပီးျဖစ္တယ္လို႔ ေမာင္ေတာခ႐ိုင္ ဒုတိယအုပ္ခ်ဳပ္ေရးမႉး ဦးရဲထူးက ဆိုပါတယ္။“UEHRD အစီအစဥ္နဲ႔လက္ခံထားတာ ၂၆၅ ဦးအထိရွိတယ္။ ၁၄-၄-၂၀၁၈ ရက္ေန႔က မိသားစု ၅ ဦး ေတာင္ၿပိဳ လက္ဝဲသို႔ စတင္ဝင္ေရာက္လာတယ္။ ေနာက္ဆုံးဝင္တဲ့ဟာသည္ အေယာက္ ၂၀ ရွိတယ္” လို႔ဆိုပါတယ္။

ျမန္မာႏိုင္ငံသို႔ ျပန္လည္ဝင္ေရာက္လိုသူမ်ားက ဆက္သြယ္အေၾကာင္းၾကားလာမႈကို စိစစ္ၿပီး ျပန္လည္လက္ခံ ခဲ့ျခင္းျဖစ္တယ္လို႔ဆိုပါတယ္။“အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ျပန္လာခ်င္တဲ့သူေတြ ကြၽန္ေတာ္တို႔ဆီကို ဆက္သြယ္လာတယ္။ ကြၽန္ေတာ္တို႔ကလည္း ဒီမွာ အဲ့လိုဆက္သြယ္လို႔လာရင္ အၾကမ္းဖက္ ျဖစ္စဥ္မွာ ပါဝင္ခဲ့ျခင္းရွိမရွိ၊ သူတို႔ေတြက အမွန္တကယ္ ဒီမွာ ေနခဲ့တာဟုတ္မဟုတ္ ဆိုတာ သက္ဆိုင္ရာလုံၿခဳံေရးမႉးေတြဆီ ၊လ.ဝ.က အဖြဲ႕ေတြဆီ စာရင္းေတြစစ္တယ္။ ဟုတ္တယ္သူတို႔က အမွန္အတိုင္းေနခဲ့တာ အၾကမ္းဖက္ျဖစ္စဥ္မွာ မပါဝင္ခဲ့ဘူးဆိုရင္ ကြၽန္ေတာ္တို႔ က စိစစ္ တင္ျပတာေပါ့ ၿပီးေတာ့ UEHRD က ျပန္လာလို႔ရွိရင္လက္ခံပါလို႔အမိန႔္ရရင္ ကြၽန္ေတာ္တို႔က ေစာင့္တယ္။ အခ်ိဳ႕ကလည္း ဟိုဘက္က အေျခအေနေပး ရင္ေရာက္လာတာလည္းရွိတယ္။နီးစပ္ရာ ေတာင္ၿပိဳနဲ႔နီးရင္ ေတာင္ၿပိဳ၊ငါးခူရ နဲ႔ နီးရင္ ငါးခူရ မွာလက္ခံတယ္” လို႔ဆိုပါတယ္။

ျပန္လည္ဝင္ေရာက္လာသူမ်ားတြင္ ဟိႏၵဴ ၁၁ ဦးအပါအဝင္ က်ား(၁၅၃) ဦး၊မ(၁၁၂) ဦး ျပန္လည္ဝင္ေရာက္ လာခဲ့ျခင္းျဖစ္ပါတယ္။၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ ၂၃ ရက္တြင္ တစ္ႀကိမ္၊ ႏိုဝင္ဘာလ ၁၅ ရက္ေန႔တြင္ တစ္ႀကိမ္၊၂၀၁၉ ခုႏွစ္ ၾသဂုတ္လ ၂၂ ရက္ ေန႔တြင္ တစ္ႀကိမ္  ဘဂၤလားေဒ့ရွ္ႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံတို႔ ႏွစ္ႏိုင္ငံသေဘာတူညီခ်က္အရ ေနရပ္စြန႔္ခြာသူ မ်ားျပန္လည္လက္ခံေရးအစီအစဥ္ကို ေဆာင္႐ြက္ ခဲ့ေသာ္လည္း တစ္ဦးမွ် ျပန္လည္ဝင္ေရာက္လာခဲ့ျခင္းမရွိခဲ့ေၾကာင္းသိရွိရပါတယ္။

မင္းထြန္း(အုတ္က်င္း)
ေမာင္ေတာ ၊ စက္တင္ဘာ ၂