ဘင်္ဂလားဒေ့ရှ်လေယာဉ် ပြေးလမ်းချော်ခြင်းကြောင့်ဒဏ်ရာရ သူများ အနက် ပြင်းထန်သော ငါးဦးမှာ ပြန်သက်သာလာခဲ့

ဘင်္ဂလားဒေ့ရှ်လေယာဉ် ပြေးလမ်းချော်ခြင်းကြောင့်ဒဏ်ရာရ သူများ အနက် ပြင်းထန်သော ငါးဦးမှာ ပြန်သက်သာလာခဲ့

ယမန်နေ့(မေ ၈ရက်) ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပြေးလမ်းချော်တဲ့ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရသူတွေထဲက ဒဏ်ရာပြင်းထန်တဲ့ ငါးဦးဟာ ဒီကနေ့(မေလ ၉ရက်)မှာ ပြန်လည်သက်သာ ခဲ့တဲ့ အခြေအနေမျိုးရှိတယ်လို့ ဆေးရုံသို့ ကူညီပို့ဆောင်ပေးတဲ့ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။

အဆိုပါလေယာဉ်မှာ မြန်မာလူမျိုးခရီးသည်နှစ်ဦးအပါအဝင် ခရီးသည် ၃၃ ဦး ပါဝင်ပြီး ယင်းဖြစ်စဉ်ကြောင့် ၁၈ ဦးဒဏ်ရာရခဲ့ကာ ငါးဦးမှာ ဒဏ်ရာပြင်းထန်ခဲ့တာဖြစ်ပါတယ်။ “ဒဏ်ရာပြင်းတယ်ဆိုတာက ဟိုလိုတအား ဆိုးဆိုးရွားရွားကြီးကို ပြောတာတော့မဟုတ်ပါဘူး၊ တစ်ချို့က ပွန်းပဲ့တာမျိုးလည်း ပါတယ်ပေါ့၊ စုစုပေါင်း ၁၈ ဦး အထဲမှာ ငါးဦးက ပိုပြီး ထိခိုက်တဲ့အနေအထားမျိုးပါ၊ ပထမဆုံး မြောက်ဥက္ကလာဆေးရုံကို ပို့ပေးရပါတယ်၊ အဲ့ဒီကနေ ငါးဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ညတွင်းချင်းမှာပဲ လွှဲပြောင်းပို့ဆောင်ပေးရပါတယ်၊ ဒီနေ့ နေ့ခင်းမှာ ဆေးရုံကြီးကို လူနာပို့ရင်းရောက်လို့ သွားကြည့်တော့ အဲ့ဒီငါးဦးက စိုးရိမ်စရာမရှိဘူး၊ သက်သာလာတဲ့ အခြေအနေမျိုးကို တွေ့ရပါတယ်”လို့ ပရဟိတအနေဖြင့် သွားရောက်ကူညီခဲ့တဲ့ စမ်းချောင်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ ကိုထက်နိုင်လင်းက ဆိုပါတယ်။

ထိုဖြစ်စဉ်ကြောင့် လတ်တလောမှာ ပြည်တွင်းပြည်ပလေယာဉ်ခရီးစဉ်တွေကို ပယ်ဖျက်လိုက်ပေမယ့် ည ၉နာရီ ၀၁ မိနစ် အချိန်မှ စတင်ကာ ရန်ကုန်မှ ပြည်ပထွက်ခွာမယ့် လေယာဉ်တွေကို စတင်ကာ ခရီးစဉ်ပျံသန်းခွင့် ပြန်လည်ဖွင့်ပေးလိုက်ကြောင်း၊ ဒီကနေ့(မေလ ၉ရက်)မှာတော့ လေယာဉ်ကြောင်းခရီးစဉ်တွေကို ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီလို့လည်း လေကြောင်းဆိုင်ရာ ရဲတပ်ဖွဲ့ထံမှ သိရပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ မေ ၉

(  Zawgyi   )

 ယမန္ေန႔(ေမ ၈ရက္) ညပိုင္းက ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွာ ေျပးလမ္းေခ်ာ္တဲ့ျဖစ္စဥ္ေၾကာင့္ ထိခိုက္ဒဏ္ရာရသူေတြထဲက ဒဏ္ရာျပင္းထန္တဲ့ ငါးဦးဟာ ဒီကေန႔(ေမလ ၉ရက္)မွာ ျပန္လည္သက္သာ ခဲ့တဲ့ အေျခအေနမ်ိဳးရွိတယ္လို႔ ေဆး႐ုံသို႔ ကူညီပို႔ေဆာင္ေပးတဲ့ ပရဟိတအဖြဲ႕ေတြဆီက သိရပါတယ္။

အဆိုပါေလယာဥ္မွာ ျမန္မာလူမ်ိဳးခရီးသည္ႏွစ္ဦးအပါအဝင္ ခရီးသည္ ၃၃ ဦး ပါဝင္ၿပီး ယင္းျဖစ္စဥ္ေၾကာင့္ ၁၈ ဦးဒဏ္ရာရခဲ့ကာ ငါးဦးမွာ ဒဏ္ရာျပင္းထန္ခဲ့တာျဖစ္ပါတယ္။ “ဒဏ္ရာျပင္းတယ္ဆိုတာက ဟိုလိုတအား ဆိုးဆိုး႐ြား႐ြားႀကီးကို ေျပာတာေတာ့မဟုတ္ပါဘူး၊ တစ္ခ်ိဳ႕က ပြန္းပဲ့တာမ်ိဳးလည္း ပါတယ္ေပါ့၊ စုစုေပါင္း ၁၈ ဦး အထဲမွာ ငါးဦးက ပိုၿပီး ထိခိုက္တဲ့အေနအထားမ်ိဳးပါ၊ ပထမဆုံး ေျမာက္ဥကၠလာေဆး႐ုံကို ပို႔ေပးရပါတယ္၊ အဲ့ဒီကေန ငါးဦးကို ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးကို ညတြင္းခ်င္းမွာပဲ လႊဲေျပာင္းပို႔ေဆာင္ေပးရပါတယ္၊ ဒီေန႔ ေန႔ခင္းမွာ ေဆး႐ုံႀကီးကို လူနာပို႔ရင္းေရာက္လို႔ သြားၾကည့္ေတာ့ အဲ့ဒီငါးဦးက စိုးရိမ္စရာမရွိဘူး၊ သက္သာလာတဲ့ အေျခအေနမ်ိဳးကို ေတြ႕ရပါတယ္”လို႔ ပရဟိတအေနျဖင့္ သြားေရာက္ကူညီခဲ့တဲ့ စမ္းေခ်ာင္းၿမိဳ႕နယ္ အရန္မီးသတ္တပ္ဖြဲ႕မွ ကိုထက္ႏိုင္လင္းက ဆိုပါတယ္။

ထိုျဖစ္စဥ္ေၾကာင့္ လတ္တေလာမွာ ျပည္တြင္းျပည္ပေလယာဥ္ခရီးစဥ္ေတြကို ပယ္ဖ်က္လိုက္ေပမယ့္ ည ၉နာရီ ၀၁ မိနစ္ အခ်ိန္မွ စတင္ကာ ရန္ကုန္မွ ျပည္ပထြက္ခြာမယ့္ ေလယာဥ္ေတြကို စတင္ကာ ခရီးစဥ္ပ်ံသန္းခြင့္ ျပန္လည္ဖြင့္ေပးလိုက္ေၾကာင္း၊ ဒီကေန႔(ေမလ ၉ရက္)မွာေတာ့ ေလယာဥ္ေၾကာင္းခရီးစဥ္ေတြကို ပုံမွန္အတိုင္း ျပန္လည္ေျပးဆြဲေနၿပီလို႔လည္း ေလေၾကာင္းဆိုင္ရာ ရဲတပ္ဖြဲ႕ထံမွ သိရပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ ေမ ၉