ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းရပ်ဝန်း အိန္ဒိယ ကုန်းတွင်းပိုင်းသို့ စတင်ဝင်ရောက်
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းရပ်ဝန်း အိန္ဒိယ ကုန်းတွင်းပိုင်းသို့ စတင်ဝင်ရောက်
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းရပ်ဝန်းသည် အိန္ဒိယကုန်းတွင်းပိုင်းသို့ စတင်ဝင်ရောက်လျှက်ရှိတယ်လို့ မိုး/ဇလ မှ ယနေ့ မွန်းလွဲပိုင်းကသတင်းထုတ်ပြန်ခဲ့ပါတယ်။
“ ဇူလိုင်လ ၂ ရက် ၁ နာရီ ခွဲ အချိန်တိုင်းထွာချက်အရ လေဖိအားနည်းရပ်ဝန်းသည် ဩရိဿကမ်း‌ခြေမြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက် ရှိသော အိန္ဒိယနိုင်ငံ၊ အ‌နောက်ဘင်္ဂလားပြည်နယ်သို့ ရွေ့လျားဝင်ရောက်ခဲ့ပြီး ဖြစ်ပါသည်” လို့ မိုး/ဇလ က ဆိုပါတယ်။ အဆိုပါလေဖိအား နည်း ရပ်ဝန်းဟာ အိန္ဒိယကုန်းတွင်းသို့ ဝင်ရောက်သည့် အချိန်မှာ ပိုမိုအားကောင်းပြီး မုန်တိုင်းငယ် ဖြစ်လာနိူင်တယ်လို့ခန့်မှန်းထားမှုတွေရှိပါတယ်။
“သင်္ချာမော်ဒန်ပြုပုံစံတွေရဲ့တွက်ထုတ်ချက်အရ အိန္ဒိယကုန်းတွင်းထဲကို ဝင်တဲ့ အချိန်မှ အားကောင်းလာနိုင်တဲ့ အနေအထားမျိုးလေးတွေ တွေ့ရတယ်” လို့ မိုး/ဇလ ညွှန်ချုပ် ဦးကျော်မိုးဦးက Opinion Leaders Media ကို ပြောပါတယကဆိုပါတယ်။
မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ ဇူလိုင် ၂ 
(  Zawgyi  )
မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ ဇူလိုင် ၂