ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း တစ်ခု ဖြစ်ပေါ်လာနိုင်

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း တစ်ခု ဖြစ်ပေါ်လာနိုင်

ဘင်္ဂလားပင်လယ်အော် တွင် လေဖိအားနည်းရပ်ဝန်း တစ်ခု ဖြစ်ပေါ်လာနိုင်တယ်လို့ မိုး/ဇလ မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ယနေ့ ဇွန် ၂၇ ရက် မွန်းလွဲ ၁ နာရီ အချိန်တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ် ‌အော်မြောက်ပိုင်းတွင် နောက်(၇၂)နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ် နဲ့ ကမ်းရိုးတန်းဒေသတို့တွင် နောက် ၂ ရက် အတွင်း မိုးပိုလာနိုင်တယ်လို့ ဆိုပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ ဇွန် ၂၇

(  Zawgyi  )




မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ ဇွန် ၂၇