ဘဏ်တွင် မေ့ကျန်ခဲ့သည့် တန်ဖိုးရှိပစ္စည်းများ တွေ့ရှိအပ်နှံခဲ့သော လုံခြုံရေး ဝန်ထမ်း ကို ကျပ် ၁ဝ သိန်းချီးမြှင့်

ဘဏ်တွင် မေ့ကျန်ခဲ့သည့် တန်ဖိုးရှိပစ္စည်းများ တွေ့ရှိအပ်နှံခဲ့သော လုံခြုံရေး ဝန်ထမ်း ကို ကျပ် ၁ဝ သိန်းချီးမြှင့်

ဧရာဝတီဘဏ်သို့ လာရောက်ခဲ့သည့် Customer တစ်ဦး မေ့ကျန်ရစ်ခဲ့သော စာရွက်စာတမ်းနှင့် အဖိုးတန် လက်ဝတ် ရတနာပစ္စည်းများကို တွေ့ရှိကာ သိမ်းဆည်းအပ်နှံခဲ့သည့် လုံခြုံရေးဝန်ထမ်းကို ဘဏ်မှ တာဝန်ရှိသူများက ရိုးသားမှု ကို ဂုဏ်ပြုသည့်အနေဖြင့် ကျပ် ၁ဝ သိန်း ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။

ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်၊ နေ့လည်ပိုင်းတွင် ဧရာဝတီဘဏ်သို့ လာရောက်ခဲ့သည့် Customer တစ်ဦး မေ့ကျန်ရစ်ခဲ့သော အဆိုပါ တန်ဖိုးရှိ ပစ္စည်းများကို တွေ့ရှိပြီးနောက် ဘဏ်ခွဲတာဝန်ခံထံ ရိုးသားစွာ အပ်နှံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ဘဏ်ခွဲတာဝန်ခံမှ CCTV မှတ်တမ်းမှ တစ်ဆင့် ပြန်လည်ကြည့်ရှု စစ်ဆေးပြီးနောက် ပစ္စည်းပိုင်ရှင် Customer အား ဆက်သွယ်၍ ဇူလိုင်လ ၃၁ ရက်နေ့၊ ညနေပိုင်းတွင် ပစ္စည်းများကို ပိုင်ရှင်ထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ရာ ပစ္စည်းပိုင်ရှင်မှ လုံခြုံရေးဝန်ထမ်း ဦးနိုင်လင်းဦးအား ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် ၅၀,၀၀၀ (ကျပ် ငါးသောင်း) အား ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဧရာဝတီဘဏ် Board of Directors အဖွဲ့နှင့် အကြီးတန်း စီမံအုပ်ချုပ်မှုအဖွဲ့မှ တာဝန်သိ ရိုးသားသူ လုံခြုံရေးဝန်ထမ်း ဦးနိုင်လင်းဦးအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အတူ ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်းကို သြဂုတ်လ ၁ ရက်နေ့တွင် တာဝန်ရှိသူများမှ ပေးအပ်ခဲ့ပြီး ၎င်းမှာ  ဧရာဝတီ ဘဏ်လီမိတက်(ရုံးချုပ်) (ROWE) ၌ တည်ရှိသည့် ရန်ကုန် -၂၆ (ကျောက်တံတား) ဘဏ်ခွဲတွင် တာဝန်ထမ်းဆောင်နေသော လုံခြုံရေးဝန်ထမ်း ဖြစ်ကြောင်းသိရပါတယ်။

 ရဲနိုင် ၊ ဓာတ်ပုံ- AYA Bank
 ရန်ကုန်၊ သြဂုတ် ၁

(  Zawgyi  )

 ဧရာဝတီဘဏ္သို႔ လာေရာက္ခဲ့သည့္ Customer တစ္ဦး ေမ့က်န္ရစ္ခဲ့ေသာ စာ႐ြက္စာတမ္းႏွင့္ အဖိုးတန္ လက္ဝတ္ ရတနာပစၥည္းမ်ားကို ေတြ႕ရွိကာ သိမ္းဆည္းအပ္ႏွံခဲ့သည့္ လုံၿခဳံေရးဝန္ထမ္းကို ဘဏ္မွ တာဝန္ရွိသူမ်ားက ႐ိုးသားမႈ ကို ဂုဏ္ျပဳသည့္အေနျဖင့္ က်ပ္ ၁ဝ သိန္း ခ်ီးျမႇင့္ေပးအပ္ခဲ့ပါတယ္။

ၿပီးခဲ့သည့္ ဇူလိုင္လ ၃၀ ရက္၊ ေန႔လည္ပိုင္းတြင္ ဧရာဝတီဘဏ္သို႔ လာေရာက္ခဲ့သည့္ Customer တစ္ဦး ေမ့က်န္ရစ္ခဲ့ေသာ အဆိုပါ တန္ဖိုးရွိ ပစၥည္းမ်ားကို ေတြ႕ရွိၿပီးေနာက္ ဘဏ္ခြဲတာဝန္ခံထံ ႐ိုးသားစြာ အပ္ႏွံခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။ ဘဏ္ခြဲတာဝန္ခံမွ CCTV မွတ္တမ္းမွ တစ္ဆင့္ ျပန္လည္ၾကည့္ရႈ စစ္ေဆးၿပီးေနာက္ ပစၥည္းပိုင္ရွင္ Customer အား ဆက္သြယ္၍ ဇူလိုင္လ ၃၁ ရက္ေန႔၊ ညေနပိုင္းတြင္ ပစၥည္းမ်ားကို ပိုင္ရွင္ထံသို႔ ျပန္လည္လႊဲေျပာင္းေပးအပ္ခဲ့ရာ ပစၥည္းပိုင္ရွင္မွ လုံၿခဳံေရးဝန္ထမ္း ဦးႏိုင္လင္းဦးအား ဂုဏ္ျပဳခ်ီးျမႇင့္ေငြ က်ပ္ ၅၀,၀၀၀ (က်ပ္ ငါးေသာင္း) အား ေပးအပ္ခဲ့ေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။

ဧရာဝတီဘဏ္ Board of Directors အဖြဲ႕ႏွင့္ အႀကီးတန္း စီမံအုပ္ခ်ဳပ္မႈအဖြဲ႕မွ တာဝန္သိ ႐ိုးသားသူ လုံၿခဳံေရးဝန္ထမ္း ဦးႏိုင္လင္းဦးအား ဂုဏ္ျပဳမွတ္တမ္းလႊာႏွင့္အတူ ဂုဏ္ျပဳခ်ီးျမႇင့္ေငြက်ပ္ ၁၀ သိန္းကို ၾသဂုတ္လ ၁ ရက္ေန႔တြင္ တာဝန္ရွိသူမ်ားမွ ေပးအပ္ခဲ့ၿပီး ၎မွာ  ဧရာဝတီ ဘဏ္လီမိတက္(႐ုံးခ်ဳပ္) (ROWE) ၌ တည္ရွိသည့္ ရန္ကုန္ -၂၆ (ေက်ာက္တံတား) ဘဏ္ခြဲတြင္ တာဝန္ထမ္းေဆာင္ေနေသာ လုံၿခဳံေရးဝန္ထမ္း ျဖစ္ေၾကာင္းသိရပါတယ္။

 ရဲႏိုင္ ၊ ဓာတ္ပုံ- AYA Bank
 ရန္ကုန္၊ ၾသဂုတ္ ၁