ဘုရင့်နောင်ပွဲရုံနှင့် ယာဉ်ရပ်နားစခန်းစီမံကိန်း၌ ယင်းမာလမ်းကို အပိုင်းနှစ်ပိုင်းခွဲ၍ပြုပြင်နေ

ဘုရင့်နောင်ပွဲရုံနှင့် ယာဉ်ရပ်နားစခန်းစီမံကိန်း၌ ယင်းမာလမ်းကို အပိုင်းနှစ်ပိုင်းခွဲ၍ပြုပြင်နေ

ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင်ယာဉ်ရပ်နားစခန်းစီမံကိန်းအရ အဓိကလမ်းမကြီးတစ်ခုဖြစ်တဲ့ ယင်းမာလမ်းမကြီး ကို ယခုအခါ အပိုင်းနှစ်ပိုင်းခွဲကာ ပြုပြင်လုပ်ဆောင်နေတယ်လို့ ဘုရင့်နောင်ပွဲရုံ သာယာလှပရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှ သိရပါတယ်။

အဆိုပါ လမ်းမကြီးပြုပြင်ရာတွင် အပိုင်း(၁)ကို ကျပ်သန်း ၁၀၀ နဲ့ အပိုင်း(၂)ကို ကျပ် ၁၉၀ ဒသမ ၅၀၀ သန်း ကုန်ကျခံကာ လုပ်ဆောင်နေ တယ်လို့ သိရပါတယ်။ “စီမံကိန်းလုပ်ငန်းတွေအနေနဲ့ လောလောဆယ်မှာ ကံ့ကော်လမ်းမကြီးကိုလည်း ကွန်ကရစ်ခင်းကျင်းပြီးတော့ ပြင်ဆင်ပြီးပါပြီ၊ ရိုးကြီးချောင်းပတ်လမ်း ကားပါကင်ပြုလုပ် ပြီးပါပြီ၊ ကားကြီးဝင်း ရေဆေးဆီထိုးနေရာကို ကုန်တင်ယာဉ်ရပ်နားရန် ကားပါကင်ကို ပြုလုပ်ပြီးစီးပါပြီ၊ ယင်းမာလမ်းကို ကွန်ကရစ်ခင်းတာတွေအပါအဝင် ကျန်တဲ့လုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်”လို့ ဘုရင့်နောင်ပွဲရုံ သာယာလှပရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျင်သိန်းက ပြောပါတယ်။

ထိုယင်းမာလမ်းမကြီးမှာ ၅၂ ပေအကျယ်ရှိကာ အရှည် ၁၉၀၀ ကျော် ရှိတဲ့ လေးလမ်းသွားလမ်းကြီး အဖြစ် ၁၁ လက်မထု အထူရှိတဲ့ ကွန်ကရစ်ခင်းကျင်းတာတွေကို လုပ်ဆောင်နေသလို လမ်းခင်းကျင်းတဲ့လုပ်ငန်းပြီးစီးတဲ့ အခါ လုံခြုံရေးကိစ္စအတွက် ဓာတ်မီးတိုင်များ အဆင့်မြှင့်တင် တပ်ဆင်တာတွေကို လုပ်ဆောင်သွားဖို့ ရှိနေ သေးတယ်လို့ သိရပါတယ်။ ထိုစီမံကိန်းဟာ အစိုးရဘတ်ဂျက်ပံ့ပိုးမှုဖြင့် လုပ်ဆောင်နေတာဖြစ်သလို စီမံကိန်း လုပ်ငန်းတွေထဲမှာ အုတ်ရေမြောင်းများ လုပ်ဆောင်တာတွေ၊ ရေတံခါး သုံးခုတပ်ဆင်တာတွေ၊ ကားကြီးဝင်း သုံးခုအတွက် high mast သုံးခုတပ်ဆင်တာတွေ၊ ဘုရင့်နောင်ဆိပ်ကမ်းမှာ အုတ်ရေမြောင်း၊ Box Culvert တွေ လုပ်ဆောင် တာတွေ၊ ဆိပ်ကမ်းကျောက်စီမြေထိန်းနံရံ ပြုလုပ်တာတွေ၊ ကျွန်းရွှေဝါလမ်း၊ ဆိပ်ကမ်းလမ်း၊ ကံ့ကော်လမ်းတွေကို ကွန်ကရစ်ခင်းကျင်းတာတွေ၊ ရိုးကြီးချောင်း ပတ်လမ်း ကားပါကင် ပြုလုပ်တာတွေ  ရေဆေးဆီထိုးမြေနေရာကို ကားပါကင်ပြုလုပ်တာတွေ အစရှိတဲ့ လုပ်ငန်းတွေပါဝင်သလို ယခု ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ဘတ်ဂျက်ငွေအဖြစ် ကျပ် ၁၆၃၂ ဒသမ ၉၈၆ သန်းဖြင့် လုပ်ဆောင်နေတယ်လို့ ဘုရင့်နောင်ပွဲရုံ သာယာလှပရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှ သိရပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ မေ ၁၄ 

(  Zawgyi  )

 ဘုရင့္ေနာင္ပြဲ႐ုံႏွင့္ ကုန္တင္ယာဥ္ရပ္နားစခန္းစီမံကိန္းအရ အဓိကလမ္းမႀကီးတစ္ခုျဖစ္တဲ့ ယင္းမာလမ္းမႀကီး ကို ယခုအခါ အပိုင္းႏွစ္ပိုင္းခြဲကာ ျပဳျပင္လုပ္ေဆာင္ေနတယ္လို႔ ဘုရင့္ေနာင္ပြဲ႐ုံ သာယာလွပေရးႏွင့္ စည္းကမ္း ထိန္းသိမ္းေရးအဖြဲ႕မွ သိရပါတယ္။

အဆိုပါ လမ္းမႀကီးျပဳျပင္ရာတြင္ အပိုင္း(၁)ကို က်ပ္သန္း ၁၀၀ နဲ႔ အပိုင္း(၂)ကို က်ပ္ ၁၉၀ ဒသမ ၅၀၀ သန္း ကုန္က်ခံကာ လုပ္ေဆာင္ေန တယ္လို႔ သိရပါတယ္။ “စီမံကိန္းလုပ္ငန္းေတြအေနနဲ႔ ေလာေလာဆယ္မွာ ကံ့ေကာ္လမ္းမႀကီးကိုလည္း ကြန္ကရစ္ခင္းက်င္းၿပီးေတာ့ ျပင္ဆင္ၿပီးပါၿပီ၊ ႐ိုးႀကီးေခ်ာင္းပတ္လမ္း ကားပါကင္ျပဳလုပ္ ၿပီးပါၿပီ၊ ကားႀကီးဝင္း ေရေဆးဆီထိုးေနရာကို ကုန္တင္ယာဥ္ရပ္နားရန္ ကားပါကင္ကို ျပဳလုပ္ၿပီးစီးပါၿပီ၊ ယင္းမာလမ္းကို ကြန္ကရစ္ခင္းတာေတြအပါအဝင္ က်န္တဲ့လုပ္ငန္းေတြကို ဆက္လက္ လုပ္ကိုင္ေနၾကတာ ျဖစ္ပါတယ္”လို႔ ဘုရင့္ေနာင္ပြဲ႐ုံ သာယာလွပေရးႏွင့္ စည္းကမ္း ထိန္းသိမ္းေရးအဖြဲ႕ ဥကၠ႒ ဦးက်င္သိန္းက ေျပာပါတယ္။

ထိုယင္းမာလမ္းမႀကီးမွာ ၅၂ ေပအက်ယ္ရွိကာ အရွည္ ၁၉၀၀ ေက်ာ္ ရွိတဲ့ ေလးလမ္းသြားလမ္းႀကီး အျဖစ္ ၁၁ လက္မထု အထူရွိတဲ့ ကြန္ကရစ္ခင္းက်င္းတာေတြကို လုပ္ေဆာင္ေနသလို လမ္းခင္းက်င္းတဲ့လုပ္ငန္းၿပီးစီးတဲ့ အခါ လုံၿခဳံေရးကိစၥအတြက္ ဓာတ္မီးတိုင္မ်ား အဆင့္ျမႇင့္တင္ တပ္ဆင္တာေတြကို လုပ္ေဆာင္သြားဖို႔ ရွိေန ေသးတယ္လို႔ သိရပါတယ္။ ထိုစီမံကိန္းဟာ အစိုးရဘတ္ဂ်က္ပံ့ပိုးမႈျဖင့္ လုပ္ေဆာင္ေနတာျဖစ္သလို စီမံကိန္း လုပ္ငန္းေတြထဲမွာ အုတ္ေရေျမာင္းမ်ား လုပ္ေဆာင္တာေတြ၊ ေရတံခါး သုံးခုတပ္ဆင္တာေတြ၊ ကားႀကီးဝင္း သုံးခုအတြက္ high mast သုံးခုတပ္ဆင္တာေတြ၊ ဘုရင့္ေနာင္ဆိပ္ကမ္းမွာ အုတ္ေရေျမာင္း၊ Box Culvert ေတြ လုပ္ေဆာင္ တာေတြ၊ ဆိပ္ကမ္းေက်ာက္စီေျမထိန္းနံရံ ျပဳလုပ္တာေတြ၊ ကြၽန္းေ႐ႊဝါလမ္း၊ ဆိပ္ကမ္းလမ္း၊ ကံ့ေကာ္လမ္းေတြကို ကြန္ကရစ္ခင္းက်င္းတာေတြ၊ ႐ိုးႀကီးေခ်ာင္း ပတ္လမ္း ကားပါကင္ ျပဳလုပ္တာေတြ  ေရေဆးဆီထိုးေျမေနရာကို ကားပါကင္ျပဳလုပ္တာေတြ အစရွိတဲ့ လုပ္ငန္းေတြပါဝင္သလို ယခု ၂၀၁၈- ၂၀၁၉ ဘ႑ာႏွစ္အတြင္း ဘတ္ဂ်က္ေငြအျဖစ္ က်ပ္ ၁၆၃၂ ဒသမ ၉၈၆ သန္းျဖင့္ လုပ္ေဆာင္ေနတယ္လို႔ ဘုရင့္ေနာင္ပြဲ႐ုံ သာယာလွပေရးႏွင့္ စည္းကမ္း ထိန္းသိမ္းေရးအဖြဲ႕မွ သိရပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ ေမ ၁၄