ဘုရားပွဲရာသီ အတွက် အမရပူရ တပ်ကြီးကျေးရွာ မှ မြေထည် မီးဖုတ်ပစ္စည်း လုပ်ငန်း ယနေ့တိုင် တွင်ကျယ်လျက်ရှိ

ဘုရားပွဲရာသီ အတွက် အမရပူရ တပ်ကြီးကျေးရွာ မှ မြေထည် မီးဖုတ်ပစ္စည်း လုပ်ငန်း ယနေ့တိုင် တွင်ကျယ်လျက်ရှိ

မန္တလေးနဲ့အထက်မြန်မာပြည်မြို့ကြီးတွေမှာ ဘုရားပွဲတွေနတ်ပွဲတွေ မကြာခင်မှာပဲ ကျင်းပတော့ မှာမို့လို့ ဒီပွဲတော်တွေမှာတည်ခင်းရောင်းချသွားမယ့် မြေထည်မီးဖုတ်ပစ္စည်းတွေကို မန္တလေး အမရပူရမြို့နယ် တပ်ကြီးကျေးရွာမှာထုတ်လုပ်နေကြပြီဖြစ်ပါတယ်။

ကစားစရာရောင်စုံအိုးပုတ်တွေပါဝင်တဲ့ မြေထည်မီးဖုတ်ပစ္စည်းတွေပဲ ဖြစ်ပြီး ဒီမြေထည် မီးဖုတ် ပစ္စည်းတွေ ကို တပ်ကြီးကျေးရွာအနောက်ပိုင်းက ရွာလုံးကျွတ်နီးပါးထုတ်လုပ်လုပ်ကိုင်နေကြတာပါ။"ဒါက မိရိုးဖလာဘိုးဘွားတွေလက်ထက်ကတည်းက လုပ်လာတာပါ၊ ကျွန်မတို့ရွာမှာက ရွာအနောက် ပိုင်းနဲ့အရှေ့ပိုင်းဆိုပြီးရှိတာမှာ အနောက်ပိုင်းကလူအကုန်နီးပါးက အိုးပုတ်လုပ်ငန်းလုပ်ကြတယ် အရှေ့ပိုင်းက ယက္ကန်းလုပ်တာပေါ့၊ အခုလုပ်နေတဲ့အိုးပုတ်လေးတွေက တောင်ပြုန်းပွဲနဲ့ အိုးပုတ် ပွဲတော်အတွက်ပါ" လို့ တပ်ကြီးကျေးရွာသူဒေါ်စန်းက Opinion Leaders Media ကိုပြောပါတယ်။

အထက်မြန်မာပြည်မှာအစောဆုံးကျင်းပတတ်တဲ့ အထင်ကရဘုရားပွဲတွေနတ်ပွဲတွေထဲမှာ စစ်ကိုင်းမြို့ က ရွှေကျွန်းပင်နတ်ပွဲပြီးရင် မန္တလေးမြို့ကအိုးပုတ်ပွဲတော်နဲ့တောင်ပြုန်းပွဲလည်းပါဝင်ပြီး ဒီမြေထည်မီးဖုတ်ပစ္စည်းတွေဟာ ဒီပွဲတော်တွေရဲ့ အမှတ်အသား တစ်ခုအဖြစ်ရောင်းဝယ်ဖောက်ကားလေ့ရှိတဲ့ မြန်မာမှုပစ္စည်းတွေလည်းဖြစ်ပါတယ်။

တပ်ကြီးကျေးရွာမှာ ကလေးကစားစရာမြေထည်အိုးခွက်ပန်းကန်တွေ၊ ရောင်စုံဒီဇိုင်းမျိုးစုံ အိုးပုတ်တွေ အပြင် ဘုရားညောင်ရေအိုးတွေကနေ ဟိုတယ်သုံးမြေထည်မီးဖုတ်ပစ္စည်းတွေအထိ ထုတ်လုပ်နေ တာပဲဖြစ်ပြီး မန္တလေး အမရပူရမြို့နယ် ဘုန်းတော်နိုင်ငံကျေးရွာမှာလည်း အလားတူ ထုတ်လုပ် တဲ့ လုပ်ငန်းရှိတယ်လို့သိရပါတယ်။

"ကျွန်မတို့ကလုပ်ငန်းက တစ်နှစ်ပတ်လုံးဈေးကွက်ရှိပါတယ် ၁၂ ပွဲဈေးသည်တော်တော်များများက ဒီမှာပဲလာယူကြတာပါ တစ်ခြမ်းမှာ အလုံးရေငါးရာပါတဲ့ခြင်းတွေကို သူတို့နိုင်သလောက် လာဝယ်ပြီးရောင်းကြတာပေါ့ ဖောက်သည်ဈေးနဲ့ ပြန်ရောင်းဈေးနဲ့ တော့မတူဘူးပေါ့" လို့ တပ်ကြီးကျေးရွာ သူဒေါ်မြင့်မြင့် ကပြောပါတယ်။

အထက်မြန်မာပြည်မှာသာမက မြန်မာနိုင်ငံမှာအစောဆုံးကျင်းပတယ်ဆိုတဲ့ စစ်ကိုင်းမြို့က ရွှေကျွန်းပင် နတ်ပွဲက ဒီကနေ့မှာပဲစတင်ကျင်းပနေပြီဖြစ်ပါတယ်။ မကြာခင်မှာပဲ မန္တလေးမြို့ရဲ့အထင် ကရ အိုးဘိုရပ်ကအိုးပုတ်ပွဲတော်၊ တောင်ပြုန်းပွဲတော်နဲ့ ရတနာ့ဂူနတ်ပွဲတို့ကို ဆက်လက်ကျင်းပ သွားမှာဖြစ်ပြီး ဒီမြေထည်မီးဖုတ်ပစ္စည်းတွေက အဲဒီဘုရားပွဲနတ်ပွဲတွေမှာ ရောင်းချသွား မှာတွေဖြစ် တယ်လို့ တပ်ကြီးကျေးရွာနေသူတွေကပြောပါတယ်။

"ဘယ်လောက်ပဲ ခေတ်ပေါ်ပစ္စည်းတွေပေါ်လာပေမယ့်လည်း ဒိအိုးပုတ်အရုပ်လေးတွေက အခုအချိန်အထိ ရောင်းတန်းဝင်နေဆဲပါပဲ ဒီလိုရာသီစာတစ်ပွဲကို အလုံးရေသိန်းနဲ့ချီပြီး ထုတ်လုပ်ရ ပါတယ်" လို့ အိုးပုတ်လုပ်ငန်းရှင်ကိုမောင်ခိုင်ကပြောပါတယ်။

KT                    
မန္တလေး သြဂုတ် ၃

(  Zawgyi  )

 မႏၲေလးနဲ႔အထက္ျမန္မာျပည္ၿမိဳ႕ႀကီးေတြမွာ ဘုရားပြဲေတြနတ္ပြဲေတြ မၾကာခင္မွာပဲ က်င္းပေတာ့ မွာမို႔လို႔ ဒီပြဲေတာ္ေတြမွာတည္ခင္းေရာင္းခ်သြားမယ့္ ေျမထည္မီးဖုတ္ပစၥည္းေတြကို မႏၲေလး အမရပူရၿမိဳ႕နယ္ တပ္ႀကီးေက်း႐ြာမွာထုတ္လုပ္ေနၾကၿပီျဖစ္ပါတယ္။

ကစားစရာေရာင္စုံအိုးပုတ္ေတြပါဝင္တဲ့ ေျမထည္မီးဖုတ္ပစၥည္းေတြပဲ ျဖစ္ၿပီး ဒီေျမထည္ မီးဖုတ္ ပစၥည္းေတြ ကို တပ္ႀကီးေက်း႐ြာအေနာက္ပိုင္းက ႐ြာလုံးကြၽတ္နီးပါးထုတ္လုပ္လုပ္ကိုင္ေနၾကတာပါ။"ဒါက မိ႐ိုးဖလာဘိုးဘြားေတြလက္ထက္ကတည္းက လုပ္လာတာပါ၊ ကြၽန္မတို႔႐ြာမွာက ႐ြာအေနာက္ ပိုင္းနဲ႔အေရွ႕ပိုင္းဆိုၿပီးရွိတာမွာ အေနာက္ပိုင္းကလူအကုန္နီးပါးက အိုးပုတ္လုပ္ငန္းလုပ္ၾကတယ္ အေရွ႕ပိုင္းက ယကၠန္းလုပ္တာေပါ့၊ အခုလုပ္ေနတဲ့အိုးပုတ္ေလးေတြက ေတာင္ျပဳန္းပြဲနဲ႔ အိုးပုတ္ ပြဲေတာ္အတြက္ပါ" လို႔ တပ္ႀကီးေက်း႐ြာသူေဒၚစန္းက Opinion Leaders Media ကိုေျပာပါတယ္။

အထက္ျမန္မာျပည္မွာအေစာဆုံးက်င္းပတတ္တဲ့ အထင္ကရဘုရားပြဲေတြနတ္ပြဲေတြထဲမွာ စစ္ကိုင္းၿမိဳ႕ က ေ႐ႊကြၽန္းပင္နတ္ပြဲၿပီးရင္ မႏၲေလးၿမိဳ႕ကအိုးပုတ္ပြဲေတာ္နဲ႔ေတာင္ျပဳန္းပြဲလည္းပါဝင္ၿပီး ဒီေျမထည္မီးဖုတ္ပစၥည္းေတြဟာ ဒီပြဲေတာ္ေတြရဲ႕ အမွတ္အသား တစ္ခုအျဖစ္ေရာင္းဝယ္ေဖာက္ကားေလ့ရွိတဲ့ ျမန္မာမႈပစၥည္းေတြလည္းျဖစ္ပါတယ္။

တပ္ႀကီးေက်း႐ြာမွာ ကေလးကစားစရာေျမထည္အိုးခြက္ပန္းကန္ေတြ၊ ေရာင္စုံဒီဇိုင္းမ်ိဳးစုံ အိုးပုတ္ေတြ အျပင္ ဘုရားေညာင္ေရအိုးေတြကေန ဟိုတယ္သုံးေျမထည္မီးဖုတ္ပစၥည္းေတြအထိ ထုတ္လုပ္ေန တာပဲျဖစ္ၿပီး မႏၲေလး အမရပူရၿမိဳ႕နယ္ ဘုန္းေတာ္ႏိုင္ငံေက်း႐ြာမွာလည္း အလားတူ ထုတ္လုပ္ တဲ့ လုပ္ငန္းရွိတယ္လို႔သိရပါတယ္။

"ကြၽန္မတို႔ကလုပ္ငန္းက တစ္ႏွစ္ပတ္လုံးေဈးကြက္ရွိပါတယ္ ၁၂ ပြဲေဈးသည္ေတာ္ေတာ္မ်ားမ်ားက ဒီမွာပဲလာယူၾကတာပါ တစ္ျခမ္းမွာ အလုံးေရငါးရာပါတဲ့ျခင္းေတြကို သူတို႔ႏိုင္သေလာက္ လာဝယ္ၿပီးေရာင္းၾကတာေပါ့ ေဖာက္သည္ေဈးနဲ႔ ျပန္ေရာင္းေဈးနဲ႔ ေတာ့မတူဘူးေပါ့" လို႔ တပ္ႀကီးေက်း႐ြာ သူေဒၚျမင့္ျမင့္ ကေျပာပါတယ္။

အထက္ျမန္မာျပည္မွာသာမက ျမန္မာႏိုင္ငံမွာအေစာဆုံးက်င္းပတယ္ဆိုတဲ့ စစ္ကိုင္းၿမိဳ႕က ေ႐ႊကြၽန္းပင္ နတ္ပြဲက ဒီကေန႔မွာပဲစတင္က်င္းပေနၿပီျဖစ္ပါတယ္။ မၾကာခင္မွာပဲ မႏၲေလးၿမိဳ႕ရဲ႕အထင္ ကရ အိုးဘိုရပ္ကအိုးပုတ္ပြဲေတာ္၊ ေတာင္ျပဳန္းပြဲေတာ္နဲ႔ ရတနာ့ဂူနတ္ပြဲတို႔ကို ဆက္လက္က်င္းပ သြားမွာျဖစ္ၿပီး ဒီေျမထည္မီးဖုတ္ပစၥည္းေတြက အဲဒီဘုရားပြဲနတ္ပြဲေတြမွာ ေရာင္းခ်သြား မွာေတြျဖစ္ တယ္လို႔ တပ္ႀကီးေက်း႐ြာေနသူေတြကေျပာပါတယ္။

"ဘယ္ေလာက္ပဲ ေခတ္ေပၚပစၥည္းေတြေပၚလာေပမယ့္လည္း ဒိအိုးပုတ္အ႐ုပ္ေလးေတြက အခုအခ်ိန္အထိ ေရာင္းတန္းဝင္ေနဆဲပါပဲ ဒီလိုရာသီစာတစ္ပြဲကို အလုံးေရသိန္းနဲ႔ခ်ီၿပီး ထုတ္လုပ္ရ ပါတယ္" လို႔ အိုးပုတ္လုပ္ငန္းရွင္ကိုေမာင္ခိုင္ကေျပာပါတယ္။

KT                    
မႏၲေလး ၾသဂုတ္ ၃