ဘုရားသူခိုး ၂ ဦးအားဘားအံတွင်ဖမ်းမိ

ဘုရားသူခိုး ၂ ဦးအားဘားအံတွင်ဖမ်းမိ

ဘားအံမြို့နယ်တွင် သြဂုတ်လ ၂၆ ရက်နေ့က ဘုရားသူခိုး ၂ ဦး အားဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။ဖြစ်စဉ် မှာ သြဂုတ်လ ၂၆ ရက် နံနက် ၁၀ နာရီအချိန်ခန့်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကော့ဒါန်းမယ် ကျေး ရွာ၊မင်္ဂလာဇေယုံ ဘုန်းကြီးကျောင်း အောက်ထပ်ရှိ ဉာဏ်တော် ၁ ပေခွဲခန့် ကြေးဆင်းတုတော် ၁ ဆူအား အမျိုး သား ၂ ဦးမှ ခိုးယူပြီး ကျောင်းအရှေ့ဘက်မုခ်ဦးအနီး ချုံပုတ်အတွင်း၌ ဝှက်ထားခဲ့ကြောင်း ကျောင်းထိုင်ဆရာ တော် ထံ ရွာသားတစ်ဉီးမှ ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။

သတင်းအရ  ကော့ဒါန်းမယ် ရွာသားများက ချုံပုတ်အနီး၌ စောင့်ကြည့်ခဲ့ရာ မိနစ် ၃၀ ခန့်အကြာတွင် ချစ်သဲဦး (ခ)ရိုးရိုးလေး(၄၅)နှစ် ပါ ၂ ဦးမှာဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ကြေးဆင်းတုတော်အား တင်ဆောင်ရန် ပြုလုပ်နေစဉ် ဝိုင်းဝန်းဖမ်းဆီးရမိခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ချစ်သဲဦး (ခ)ရိုးရိုးလေးပါ ၂ ဦး အား ထုံးအိုင်နယ်မြေရဲစခန်း (ပ)၃၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀(ခိုးမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ဘားအံ ၊ သြဂုတ် ၂၇

(  Zawgyi  )

 ဘားအံၿမိဳ႕နယ္တြင္ ၾသဂုတ္လ ၂၆ ရက္ေန႔က ဘုရားသူခိုး ၂ ဦး အားဖမ္းဆီးရမိခဲ့တယ္လို႔ ျပည္ထဲေရးမွ သတင္းထုတ္ျပန္ခဲ့ပါတယ္။ျဖစ္စဥ္ မွာ ၾသဂုတ္လ ၂၆ ရက္ နံနက္ ၁၀ နာရီအခ်ိန္ခန႔္တြင္ ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕၊ ေကာ့ဒါန္းမယ္ ေက်း ႐ြာ၊မဂၤလာေဇယုံ ဘုန္းႀကီးေက်ာင္း ေအာက္ထပ္ရွိ ဉာဏ္ေတာ္ ၁ ေပခြဲခန႔္ ေၾကးဆင္းတုေတာ္ ၁ ဆူအား အမ်ိဳး သား ၂ ဦးမွ ခိုးယူၿပီး ေက်ာင္းအေရွ႕ဘက္မုခ္ဦးအနီး ခ်ဳံပုတ္အတြင္း၌ ဝွက္ထားခဲ့ေၾကာင္း ေက်ာင္းထိုင္ဆရာ ေတာ္ ထံ ႐ြာသားတစ္ဉီးမွ ဖုန္းဆက္အေၾကာင္းၾကားခဲ့ပါတယ္။

သတင္းအရ  ေကာ့ဒါန္းမယ္ ႐ြာသားမ်ားက ခ်ဳံပုတ္အနီး၌ ေစာင့္ၾကည့္ခဲ့ရာ မိနစ္ ၃၀ ခန႔္အၾကာတြင္ ခ်စ္သဲဦး (ခ)႐ိုး႐ိုးေလး(၄၅)ႏွစ္ ပါ ၂ ဦးမွာဆိုင္ကယ္ျဖင့္ ေရာက္ရွိလာၿပီး ေၾကးဆင္းတုေတာ္အား တင္ေဆာင္ရန္ ျပဳလုပ္ေနစဥ္ ဝိုင္းဝန္းဖမ္းဆီးရမိခဲ့ပါတယ္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ခ်စ္သဲဦး (ခ)႐ိုး႐ိုးေလးပါ ၂ ဦး အား ထုံးအိုင္နယ္ေျမရဲစခန္း (ပ)၃၂/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၀(ခိုးမႈ)ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ ရွိတယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ဘားအံ ၊ ၾသဂုတ္ ၂၇