ဘုံအကျိုးကိုရှေ့ရှုပြီး အလုပ်သဘော ယုံကြည်မှုကို အခြေခံကာ ခိုင်မာပြီး မဟာဗျူဟာ ကျတဲ့စုစည်းမှုကိုစဉ်းစားကြဖို့ အလှည့်ကျသဘာပတိ KNU ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး တိုက်တွန်းပြောကြား

 ဘုံအကျိုးကိုရှေ့ရှုပြီး အလုပ်သဘော ယုံကြည်မှုကို အခြေခံကာ ခိုင်မာပြီး မဟာဗျူဟာ ကျတဲ့စုစည်းမှုကိုစဉ်းစားကြဖို့ အလှည့်ကျသဘာပတိ KNU ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး တိုက်တွန်းပြောကြား

အားလုံးရဲ့ဘုံအကျိုးကိုရှေ့ရှုပြီး ဘုံမျှော်မှန်းချက်အတွက် အလုပ်သဘော ယုံကြည်မှုကို အခြေခံကာ ခိုင်မာပြီးမဟာဗျူဟာ ကျတဲ့ စုစည်းမှုကို စဉ်းစားကြဖို့ စတုတ္ထအကြိမ်မြောက် NCA-S EAO ထိပ်သီးညီလာခံ၏ အလှည့်ကျသဘာပတိဖြစ်သူ ကရင်အမျိုးသားအစည်းအရုံး(KNU) ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး ကပြောကြားလိုက်ပါတယ်။

အဆိုပါပြောကြားမှုကို ဒီကနေ့မေ ၁၅ ရက်တွင် ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့မှာဆက်လက်ပြုလုပ်လျက်ရှိတဲ့ NCA ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ စတုထ္ထကြိမ်မြောက် အစည်းအဝေးဒုတိယနေ့မှာ ယခုကဲ့သို့တိုက်တွန်းပြောကြား လိုက်တာဖြစ်ပါတယ်။

“အားလုံးတစ်သားထဲကျတဲ့အမြင်နဲ့သုံးသပ်ချက်မဟုတ်ရင်တောင် ငြိမ်းချမ်းရေးဖြစ်စဉ်ဟာလမ်းကြောင်း တိမ်းစောင်းနေပြီလို့ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအချို့က သုံးသပ်ထားပါတယ်။ ဒါကြောင့်အားလုံးလက်တွဲ ညီညီနဲ့ ဆက်သွားနိုင်ဖို့ လိုအပ်တဲ့အပေါ်မှာကျနော်တို့တွေဟာ တစ်ဆို့မှုတွေကိုရှင်းလင်းဖယ်ရှားနိုင်ဖို့၊စိန်ခေါ်မှုတွေကို ကျော်လွှားဖြတ်သန်းနိုင်ဖို့ နည်းလမ်း ရှာကြရမယ်ဆိုတာကတော့ ကျနော်တို့ အားလုံးရဲ့ဘုံနားလည်မှုနဲ့ရပ်တည်ချက် ဖြစ်တယ်လို့ကျနော်တို့နားလည် ထားပါတယ်။ ဒီလိုနည်းလမ်း ရှာတာဟာအဖွဲ့အစည်းတစ်ခု၊ နှစ်ခုအတွက်ပဲထွက်ပေါက်ရှာတာလို့မမြင်ကြဖို့လိုပါတယ်။တစ်ဆို့မှုအချို့ဟာအဖွဲ့အချို့အတွက်ပမာဏအရ ပိုကြီးပြီး အချို့အဖွဲ့တွေအတွက်သိပ်ပြီးမပြောပလောက်တဲ့တစ်ဆို့မှုမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒါကလည်းကျနော်တို့အဖွဲ့ အစည်းတွေရဲ့ တစ်ဖွဲ့ချင်း ပကတိအနေအထားတွေအပေါ်မှာ အများကြီးမူတည်နေတာဖြစ်တယ်။

ဘယ်လိုပဲဖြစ်ဖြစ်ကျနော်တို့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို အနှစ်သာရရှိရှိဆက်လျှောက်လှမ်းနိုင်ဖို့၊ကျနော်တို့ရဲ့အန္တိမပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ဆိုရင်ကျနော်တို့အားလုံးစုစည်းဖို့လိုပါတယ်။ကျနော်တို့ စုစည်းတဲ့နေရာမှာလည်းစုစည်းမှုဟာ မဟာဗျူဟာကျကျစုစည်းမှုဖြစ်ပါရမယ်။ဒါမှကျနော်တို့အတွက် အမှန်တကယ်အထောက်အကူဖြစ်စေမယ့် စုစည်းမှုဖြစ်လာ မှာဖြစ်သလို ကျနော်တို့ကြားမှာလည်း စည်းနှောင်အားရှိပြီးကျနော်တို့ လိုချင်တဲ့ပန်းတိုင်ရောက်ဖို့ တိကျသေချာတဲ့အထောက်အကူပေးတဲ့ပုံစံမျိုးကို လည်းရှာကြံရွေးချယ်ဖို့အရေးကြီးပါတယ်။”လို့ အလှည့်ကျသဘာပတိ KNU ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး ကပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဒီကနေ့ထိပ်သီးညီလာခံတွင် မဟာဗျူဟာကျကျစုစည်းမှုကိုဖော်ဆောင်နိုင်ဖို့လိုအပ်သလို အဖွဲ့ကြီးတယ်၊ အဖွဲ့ငယ်တယ် ဆိုတာကို လည်း အခြေခံပြီးမစဉ်းစားစေချင်ဘူးလို့ KNU ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး က၎င်း၏ သဘာပတိမိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါသေးတယ်။“အဖွဲ့ကြီးက အဖွဲ့ငယ်ကိုဒရွတ်တိုက်ဆွဲခေါ်တာမျိုးမဖြစ်သင့်သလို အဖွဲ့ငယ်ကမပါလို့ အဖွဲ့ကြီးမသွားနိုင် တာမျိုးလည်းမဖြစ် သင့်ပါဘူး။ အဲ့ဒါကြောင့် အားလုံးရဲ့ဘုံအကျိုးကိုရှေ့ရှုပြီး၊ဘုံမျှော်မှန်းချက်အတွက် အလုပ်သဘောယုံကြည်မှု(functional trust) ကိုအခြေခံပြီးတော့ ခိုင်မာပြီးမဟာဗျူဟာကျတဲ့စုစည်းမှုကို စဉ်းစားကြဖို့တိုက်တွန်းလိုပါတယ်။”လို့ KNU ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး ကပြောကြားခဲ့တာပါ။

ယခုကျင်းပလျက်ရှိတဲ့ NCA ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ စတုထ္ထကြိမ်မြောက် အစည်းအဝေး ကို မေ ၁၄ ရက်မှ ၁၉ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့မှာ (၆)ရက်ကြာကျင်းပမှာဖြစ်ပါတယ်။ယင်းအစည်းအဝေးသို့ NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၈)ဖွဲ့နှင့် NCA အကောင်အထည်ဖော်ဖက်များဖြစ်ကြသည့် မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ အပါအဝင် ညီနောင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှလည်းလေ့လာသူများအဖြစ် တက်ရောက်လျက်ရှိကြတယ်လို့ သိရပါတယ်။

ပြေသိမ်း
ချင်းမိုင်၊မေ ၁၅
ဓါတ်ပုံ -  NCA-S EAO

(   Zawgyi  )

 အားလုံးရဲ႕ဘုံအက်ိဳးကိုေရွ႕ရႈၿပီး ဘုံေမွ်ာ္မွန္းခ်က္အတြက္ အလုပ္သေဘာ ယုံၾကည္မႈကို အေျခခံကာ ခိုင္မာၿပီးမဟာဗ်ဴဟာ က်တဲ့ စုစည္းမႈကို စဥ္းစားၾကဖို႔ စတုတၳအႀကိမ္ေျမာက္ NCA-S EAO ထိပ္သီးညီလာခံ၏ အလွည့္က်သဘာပတိျဖစ္သူ ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU) ဗိုလ္ခ်ဳပ္ႀကီး ေစာမူတူးေဆးဖိုး ကေျပာၾကားလိုက္ပါတယ္။

အဆိုပါေျပာၾကားမႈကို ဒီကေန႔ေမ ၁၅ ရက္တြင္ ထိုင္းႏိုင္ငံ၊ခ်င္းမိုင္ၿမိဳ႕မွာဆက္လက္ျပဳလုပ္လ်က္ရွိတဲ့ NCA ေရးထိုးထားေသာ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ ထိပ္သီးေခါင္းေဆာင္မ်ား၏ စတုထၳႀကိမ္ေျမာက္ အစည္းအေဝးဒုတိယေန႔မွာ ယခုကဲ့သို႔တိုက္တြန္းေျပာၾကား လိုက္တာျဖစ္ပါတယ္။

“အားလုံးတစ္သားထဲက်တဲ့အျမင္နဲ႔သုံးသပ္ခ်က္မဟုတ္ရင္ေတာင္ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ဟာလမ္းေၾကာင္း တိမ္းေစာင္းေနၿပီလို႔က်ေနာ္တို႔ တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕အစည္းအခ်ိဳ႕က သုံးသပ္ထားပါတယ္။ ဒါေၾကာင့္အားလုံးလက္တြဲ ညီညီနဲ႔ ဆက္သြားႏိုင္ဖို႔ လိုအပ္တဲ့အေပၚမွာက်ေနာ္တို႔ေတြဟာ တစ္ဆို႔မႈေတြကိုရွင္းလင္းဖယ္ရွားႏိုင္ဖို႔၊စိန္ေခၚမႈေတြကို ေက်ာ္လႊားျဖတ္သန္းႏိုင္ဖို႔ နည္းလမ္း ရွာၾကရမယ္ဆိုတာကေတာ့ က်ေနာ္တို႔ အားလုံးရဲ႕ဘုံနားလည္မႈနဲ႔ရပ္တည္ခ်က္ ျဖစ္တယ္လို႔က်ေနာ္တို႔နားလည္ ထားပါတယ္။ ဒီလိုနည္းလမ္း ရွာတာဟာအဖြဲ႕အစည္းတစ္ခု၊ ႏွစ္ခုအတြက္ပဲထြက္ေပါက္ရွာတာလို႔မျမင္ၾကဖို႔လိုပါတယ္။တစ္ဆို႔မႈအခ်ိဳ႕ဟာအဖြဲ႕အခ်ိဳ႕အတြက္ပမာဏအရ ပိုႀကီးၿပီး အခ်ိဳ႕အဖြဲ႕ေတြအတြက္သိပ္ၿပီးမေျပာပေလာက္တဲ့တစ္ဆို႔မႈမ်ိဳးလည္းျဖစ္ႏိုင္ပါတယ္။ ဒါကလည္းက်ေနာ္တို႔အဖြဲ႕ အစည္းေတြရဲ႕ တစ္ဖြဲ႕ခ်င္း ပကတိအေနအထားေတြအေပၚမွာ အမ်ားႀကီးမူတည္ေနတာျဖစ္တယ္။

ဘယ္လိုပဲျဖစ္ျဖစ္က်ေနာ္တို႔ ဒီၿငိမ္းခ်မ္းေရးျဖစ္စဥ္ကို အႏွစ္သာရရွိရွိဆက္ေလွ်ာက္လွမ္းႏိုင္ဖို႔၊က်ေနာ္တို႔ရဲ႕အႏၲိမပန္းတိုင္ျဖစ္တဲ့ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ႏိုင္ဖို႔ဆိုရင္က်ေနာ္တို႔အားလုံးစုစည္းဖို႔လိုပါတယ္။က်ေနာ္တို႔ စုစည္းတဲ့ေနရာမွာလည္းစုစည္းမႈဟာ မဟာဗ်ဴဟာက်က်စုစည္းမႈျဖစ္ပါရမယ္။ဒါမွက်ေနာ္တို႔အတြက္ အမွန္တကယ္အေထာက္အကူျဖစ္ေစမယ့္ စုစည္းမႈျဖစ္လာ မွာျဖစ္သလို က်ေနာ္တို႔ၾကားမွာလည္း စည္းေႏွာင္အားရွိၿပီးက်ေနာ္တို႔ လိုခ်င္တဲ့ပန္းတိုင္ေရာက္ဖို႔ တိက်ေသခ်ာတဲ့အေထာက္အကူေပးတဲ့ပုံစံမ်ိဳးကို လည္းရွာႀကံေ႐ြးခ်ယ္ဖို႔အေရးႀကီးပါတယ္။”လို႔ အလွည့္က်သဘာပတိ KNU ဗိုလ္ခ်ဳပ္ႀကီး ေစာမူတူးေဆးဖိုး ကေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ဒီကေန႔ထိပ္သီးညီလာခံတြင္ မဟာဗ်ဴဟာက်က်စုစည္းမႈကိုေဖာ္ေဆာင္ႏိုင္ဖို႔လိုအပ္သလို အဖြဲ႕ႀကီးတယ္၊ အဖြဲ႕ငယ္တယ္ ဆိုတာကို လည္း အေျခခံၿပီးမစဥ္းစားေစခ်င္ဘူးလို႔ KNU ဗိုလ္ခ်ဳပ္ႀကီး ေစာမူတူးေဆးဖိုး က၎၏ သဘာပတိမိန႔္ခြန္းမွာထည့္သြင္းေျပာၾကားခဲ့ပါေသးတယ္။“အဖြဲ႕ႀကီးက အဖြဲ႕ငယ္ကိုဒ႐ြတ္တိုက္ဆြဲေခၚတာမ်ိဳးမျဖစ္သင့္သလို အဖြဲ႕ငယ္ကမပါလို႔ အဖြဲ႕ႀကီးမသြားႏိုင္ တာမ်ိဳးလည္းမျဖစ္ သင့္ပါဘူး။ အဲ့ဒါေၾကာင့္ အားလုံးရဲ႕ဘုံအက်ိဳးကိုေရွ႕ရႈၿပီး၊ဘုံေမွ်ာ္မွန္းခ်က္အတြက္ အလုပ္သေဘာယုံၾကည္မႈ(functional trust) ကိုအေျခခံၿပီးေတာ့ ခိုင္မာၿပီးမဟာဗ်ဴဟာက်တဲ့စုစည္းမႈကို စဥ္းစားၾကဖို႔တိုက္တြန္းလိုပါတယ္။”လို႔ KNU ဗိုလ္ခ်ဳပ္ႀကီး ေစာမူတူးေဆးဖိုး ကေျပာၾကားခဲ့တာပါ။

ယခုက်င္းပလ်က္ရွိတဲ့ NCA ေရးထိုးထားေသာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ထိပ္သီးေခါင္းေဆာင္မ်ား၏ စတုထၳႀကိမ္ေျမာက္ အစည္းအေဝး ကို ေမ ၁၄ ရက္မွ ၁၉ ရက္ေန႔အထိ ထိုင္းႏိုင္ငံ၊ခ်င္းမိုင္ၿမိဳ႕မွာ (၆)ရက္ၾကာက်င္းပမွာျဖစ္ပါတယ္။ယင္းအစည္းအေဝးသို႔ NCA ေရးထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္း(၈)ဖြဲ႕ႏွင့္ NCA အေကာင္အထည္ေဖာ္ဖက္မ်ားျဖစ္ၾကသည့္ မြန္ျပည္သစ္ပါတီ (NMSP)ႏွင့္ လားဟူဒီမိုကရက္တစ္အစည္းအ႐ုံး(LDU)တို႔ အပါအဝင္ ညီေနာင္တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားမွလည္းေလ့လာသူမ်ားအျဖစ္ တက္ေရာက္လ်က္ရွိၾကတယ္လို႔ သိရပါတယ္။

ေျပသိမ္း
ခ်င္းမိုင္၊ေမ ၁၅
ဓါတ္ပုံ -  NCA-S EAO