မဏ္ဍိုင်ကြီး(၄)ရပ်၊တတိယအကြိမ်တွေဆုံသည့်အလုပ်ရုံဆွေးနွေးပွဲ နေပြည်တော်တွင် ကျင်းပပြုလုပ်

မဏ္ဍိုင်ကြီး(၄)ရပ်၊တတိယအကြိမ်တွေဆုံသည့်အလုပ်ရုံဆွေးနွေးပွဲ နေပြည်တော်တွင် ကျင်းပပြုလုပ်

 ဥပဒေပြုရေး၊အုပ်ချုပ်ရေး၊တရားစီရင်ရေးနှင့်သတင်းမီဒီယာ၊မဏ္ဍိုင်ကြီး(၄)ရပ်၊ တတိယအကြိမ် တွေဆုံသည့် အလုပ်ရုံဆွေးနွေးပွဲ ကို နေပြည်တော်ပြန်ကြားရေးဝန်ကြီးဌာန ၌ ယနေ့ ဧပြီလ ၃၀ ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဆွေးနွေးပွဲသို့ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့် တက်ရောက်ခဲ့ပြီး အဖွင့်အမှာ စကားပြောကြားရာတွင် “မဏ္ဍိုင် များလို့ပြောတဲ့အခါမှာ စတုတ္ထမဏ္ဍိုင်အပါအဝင်မဏ္ဍိုင်လေး ရပ်လို့ ပြော တယ်၊ပြောတဲ့အခါမှာ ဥပဒေပြုမဏ္ဍိုင် ရှိတယ်၊တရားရေးမဏ္ဍိုင်ရှိတယ်၊ အုပ်ချုပ်ရေးမဏ္ဍိုင်ရှိတယ်၊အဲ့တော့ ဒီမဏ္ဍိုင်များသည် ပြည်သူကအပ်နှင်းတဲ့ ပြည်သူကပေးအပ်တဲ့ လုပ်ကိုင်ဆောင်ရွက်ခွင့် အာဏာပေါ့နော်၊ ဒါကို အပ်နှင်း ခြင်းခံထားရ တဲ့ပုဂ္ဂိုလ် တွေ ဖြစ်တယ်၊အဲ့တော့တစ်ချို့ လည်းသိတယ်။ ဒီမဏ္ဍိုင်အသီးသီးသည် တစ်ခု ကိုတစ်ခု Check & Balance ဆိုတဲ့ မဏ္ဍိုင်တွေဖြစ်တယ်။သူတို့ရဲ့ရပ်တည်မှုသည် ဘယ်ပေါ်မူတည်သလဲ ဆိုရင် ကိုယ့်ရဲ့လုပ်ပိုင်ခွင့် အာဏာ ဘောင် ထဲမှာ မှန်မှန်ကန်ကန်လုပ်ကိုင်နိုင်သရွှေ့ ခိုင်မာတယ်၊ရပ်တည် နိုင်တယ်။အဲ့ဒီတော့ အပြန်အလှန် ထိန်း ကျောင်းမှု၊ထောက်ပြဝေဖန်မှု ဆိုတာကို ခံယူနေရတဲ့ မဏ္ဍိုင် များဖြစ်ပါတယ်၊ အချင်းချင်းဝေဖန် ထောက်ပြ တာကို ခံနိုင်ရမှာဖြစ်သလို မီဒီယာများရဲ့ ထောက်ပြေ၀ ဖန်မှုကိုလည်းမပြတ်ခံနေရတာဖြစ်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ယင်းတတိယအကြိမ်းမဏ္ဍိုင်ကြီး(၄)ရပ်တွေ့အလုပ်ရုံဆွေးနွေးပွဲဖွင်းပွဲအခမ်းအနားတွင် ပြန်ကြား ရေးဝန်ကြီး ဌာန မှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီးဦးအောင်လှထွန်း၊ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီ ဥက္ကဋ္ဌ ဦးအုန်းကြိုင်၊ ဒုတိယဥက္ကဌ (၁)ဒေါက်တာမျိုးသန့်တင်၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစား ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ စံရွှေဝင်း၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဦးညိုထွန်း နှင့် တပ်မတော် သတင်းမှန်ပြန်ကြား ရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်း ထွန်းတို့မှ အမှာစကားအသီးသီးပြော ကြားခဲ့ကြပါတယ်။

မြန်မာ့ မီဒီယာ ကဏ္ဍ ဖွံ့ဖြိုး တိုးတက် ရေး အတွက် မဏ္ဍိုင် လေးရပ် အကြား ပူးပေါင်းဆောင်ရွက်နိုင်မှု အရှိန် အဟုန် မြှင့်တင်ရေး၊ သတင်း မီဒီယာများ ကျင့်ဝတ် စည်းကမ်းနှင့် အညီ သတင်းရယူရေး၊ သတင်း အချက် အလက်ရယူခြင်းနှင့် ပတ်သက်သော စိန်ခေါ်မှုများကို ပူးပေါင်းဖြေရှင်းနိုင်ရေး၊ သတင်း မီဒီယာသမားများ စနစ်တကျ မှတ်ပုံတင်နိုင်ရေးနှင့် ဘေးကင်းလုံခြုံရေး၊ ပုံနှိပ် မီဒီယာကဏ္ဍ ရေရှည်ရှင်သန် ရပ်တည်နိုင်ရေး၊ သတင်းမှားများ ပပျောက်ရေး အစရှိတဲ့ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ အတွက် ဆွေးနွေးခဲ့ကြ ခြင်းဖြစ်ပါတယ်။

အလုပ်ရုံ ဆွေးနွေးပွဲသို့၊အစိုးရဝန်ကြီးဌာန မှ တာဝန်ရှိသူများ၊တပ်မတော်၊လွှတ်တော်၊ပြည်ထောင်စုတရား လွှတ်တော်ချုပ်မှ တာဝန်ရှိသူများ၊ သတင်းမီဒီယာကောင်စီမ ှတာဝန်ရှိသူများ သတင်းစာဆရာအသင်းမှ တာဝန်ရှိသူများ၊ ဖိတ်ကြားခံရသည့် မီဒီယာ ကိုယ်စားလှယ် များ၊တက်ရောက်ခဲ့ကြပါတယ်။

PTG
 နေပြည်တော်၊ဧပြီ ၃၀

(  Zawgyi  )






PTG
 နေပြည်တော်၊ဧပြီ ၃၀