မဒေါက်မြို့နှင့် မြဝတီမြို့နယ်အနီးရှိ မြစ်ရေကြီးမှု စိုးရိမ်ရေမှတ်အထက်ရောက်ရှိနေ

 
မဒေါက်မြို့နှင့် မြဝတီမြို့နယ်အနီးရှိ မြစ်ရေကြီးမှု  စိုးရိမ်ရေမှတ်အထက်ရောက်ရှိနေ

မဒေါက်မြို့နဲ့ မြဝတီမြို့နယ်အနီးမှာ မြစ်ရေကြီးမှုအခြေအနေက ယနေ့ သြဂုတ်လ ၃ ရက်နေ့၊ မနက် ၁၁ နာရီမှာ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေပြီလို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာ ထားပါတယ်။

ယနေ့  သြဂုတ်လ ၃ ရက်၊ မနက် ၁ဝ နာရီခွဲအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့မှာ ၁ ပေခွဲခန့် အဲ့ဒီမြို့ရဲ့ စိုးရိမ်ရေမှတ် အထက်ကို ကျော်လွန်နေပြီး လက်ရှိ ရေမှတ်မှ နောက် ၂ ရက်အတွင်း ၁ ပေခွဲခန့် ဆက်လက်တက်လာနိုင်ပါတယ်။ ဒါကြောင့် မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်တယ်လို့ မိုး/ဇလမှ ထုတ်ပြန်ထားပါတယ်။

သောင်ရင်းမြစ် စိုးရိမ်ရေမှတ်အခြေအနေကတော့ မြဝတီမြို့မှာ ၂ ပေခန့် အဲ့ဒီမြို့ရဲ့ စိုးရိမ်ရေမှတ် အထက်ကို ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း အဲ့ဒီမြို့ရဲ့  စိုးရိမ်ရေမှတ်အောက်ကို ပြန်လည်ကျဆင်းနိုင်ဘွယ်ရာ ရှိတယ်လို့ သိရပါတယ်။

စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိလာတဲ့  မြစ်ရေမြင့်တက်လာမှု အခြေအနေကြောင့် လက်ရှိ မှာတော့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မဒေါက်မြို့နဲ့  မြဝတီမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေကို အထူးသတိပြု နေထိုင်ကြဖို့အတွက် အကြံပြု ထားပါတယ်။

ရဲနိုင်(လောက်ကိုင်)
ရန်ကုန်၊ သြဂုတ် ၃

(  Zawgyi )

 မေဒါက္ၿမိဳ႕နဲ႔ ျမဝတီၿမိဳ႕နယ္အနီးမွာ ျမစ္ေရႀကီးမႈအေျခအေနက ယေန႔ ၾသဂုတ္လ ၃ ရက္ေန႔၊ မနက္ ၁၁ နာရီမွာ စိုးရိမ္ေရမွတ္အထက္ ေရာက္ရွိေနၿပီလို႔ မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ထုတ္ျပန္ေၾကညာ ထားပါတယ္။

ယေန႔  ၾသဂုတ္လ ၃ ရက္၊ မနက္ ၁ဝ နာရီခြဲအခ်ိန္ တိုင္းထြာခ်က္အရ စစ္ေတာင္းျမစ္ေရဟာ မေဒါက္ၿမိဳ႕မွာ ၁ ေပခြဲခန႔္ အဲ့ဒီၿမိဳ႕ရဲ႕ စိုးရိမ္ေရမွတ္ အထက္ကို ေက်ာ္လြန္ေနၿပီး လက္ရွိ ေရမွတ္မွ ေနာက္ ၂ ရက္အတြင္း ၁ ေပခြဲခန႔္ ဆက္လက္တက္လာႏိုင္ပါတယ္။ ဒါေၾကာင့္ မေဒါက္ၿမိဳ႕ရဲ႕ စိုးရိမ္ေရမွတ္အထက္ ဆက္လက္တည္ရွိႏိုင္တယ္လို႔ မိုး/ဇလမွ ထုတ္ျပန္ထားပါတယ္။

ေသာင္ရင္းျမစ္ စိုးရိမ္ေရမွတ္အေျခအေနကေတာ့ ျမဝတီၿမိဳ႕မွာ ၂ ေပခန႔္ အဲ့ဒီၿမိဳ႕ရဲ႕ စိုးရိမ္ေရမွတ္ အထက္ကို ေက်ာ္လြန္ေနၿပီး ေနာက္ ၁ ရက္အတြင္း အဲ့ဒီၿမိဳ႕ရဲ႕  စိုးရိမ္ေရမွတ္ေအာက္ကို ျပန္လည္က်ဆင္းႏိုင္ဘြယ္ရာ ရွိတယ္လို႔ သိရပါတယ္။

စိုးရိမ္ေရမွတ္အထက္ကို ေရာက္ရွိလာတဲ့  ျမစ္ေရျမင့္တက္လာမႈ အေျခအေနေၾကာင့္ လက္ရွိ မွာေတာ့ မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ မေဒါက္ၿမိဳ႕နဲ႔  ျမဝတီၿမိဳ႕နယ္အတြင္းရွိ ျမစ္ကမ္းအနီးနဲ႔ ေျမနိမ့္ပိုင္း ေနထိုင္သူေတြကို အထူးသတိျပဳ ေနထိုင္ၾကဖို႔အတြက္ အႀကံျပဳ ထားပါတယ္။

ရဲႏိုင္(ေလာက္ကိုင္)
ရန္ကုန္၊ ၾသဂုတ္ ၃