မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးဝင်းအတွင်း မိုင်းသင်တန်းတွင် မိုင်းအစစ်နဲ့လေ့ကျင့်ရေးမိုင်း မှားယွင်းသဖြင့် သင်တန်းဆရာအပါအဝင် ၈ ဦးထိခိုက်ဒဏ်ရာရ

 မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးဝင်းအတွင်း မိုင်းသင်တန်းတွင် မိုင်းအစစ်နဲ့လေ့ကျင့်ရေးမိုင်း မှားယွင်းသဖြင့် သင်တန်းဆရာအပါအဝင် ၈ ဦးထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးဝင်းအတွင်း ယနေ့နံနက် ၉ နာရီကျော်အချိန်ခန့်က မိုင်းသင်တန်းပေးနေစဉ် မိုင်းအစစ်နဲ့လေ့ကျင့်ရေးမိုင်း မှားယွင်းအသုံးပြုမိလို့ ပေါက်ကွဲမှုဖြစ်ပြီး လူ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ် လို့ သတင်းရရှိပါတယ်။

မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးသင်တန်းခန်းမရှေ့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး မိုင်းအမျိုး အစားနှင့်မိုင်းရှာဖွေ ရှင်းလင်းခြင်း (ဆင့်ပွား) သင်တန်း (၁/၂၀၁၉) မှာ မိုင်းထောင်ခြင်းနဲ့မိုင်း ဖောက်ခြင်း သင်ခန်းစာ(ပလပ်စတစ်မိုင်း)ကို လက်တွေ့သရုပ်ပြသင်ကြားနေစဉ် သင်တန်းသားတစ်ဦးက မိုင်း ပေါ်တက်နင်းမိလို့ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။

ဒီဖြစ်စဉ်အပေါ် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးက မိုင်းထောင်ခြင်းနှင့်မိုင်းဖောက်ခြင်း သင်ခန်းစာလက်တွေ့သရုပ်ပြသင်ကြားနေစဉ် လေ့ကျင့်ရေး(ပလပ်စတစ်မိုင်းအသေး M-14)အစား မိုင်းအစစ်နဲ့မှားယွင်းအသုံးပြုမိတဲ့အတွက် ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ သတင်းထုတ်ပြန် ထားပါတယ်။

ပေါက်ကွဲမှုကြောင့် သင်တန်းဆရာတစ်ဦးအပါအဝင် လူ ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းတို့ကို မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး ဆီတင်ပို့ကုသမှုပေးထားကြောင်း၊ အခုနေ့လည်ပိုင်း မှာ တော့ လူ ၅ ဦးဆေးရုံကပြန်ဆင်းလာနိုင်ကြောင်း၊ ကျန် ၃ ဦးအနက် တစ်ဦး ဒဏ်ရာပြင်းကြောင်း ကနဦးသတင်းအရသိရပါတယ်။

KT
မန္တလေး မေ ၂၁

(  Zawgyi  )

 မႏၲေလးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕မႉး႐ုံးဝင္းအတြင္း ယေန႔နံနက္ ၉ နာရီေက်ာ္အခ်ိန္ခန႔္က မိုင္းသင္တန္းေပးေနစဥ္ မိုင္းအစစ္နဲ႔ေလ့က်င့္ေရးမိုင္း မွားယြင္းအသုံးျပဳမိလို႔ ေပါက္ကြဲမႈျဖစ္ၿပီး လူ ၈ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္ လို႔ သတင္းရရွိပါတယ္။

မႏၲေလးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕မႉး႐ုံးသင္တန္းခန္းမေရွ႕မွာျဖစ္ပြားခဲ့တာျဖစ္ၿပီး မိုင္းအမ်ိဳး အစားႏွင့္မိုင္းရွာေဖြ ရွင္းလင္းျခင္း (ဆင့္ပြား) သင္တန္း (၁/၂၀၁၉) မွာ မိုင္းေထာင္ျခင္းနဲ႔မိုင္း ေဖာက္ျခင္း သင္ခန္းစာ(ပလပ္စတစ္မိုင္း)ကို လက္ေတြ႕သ႐ုပ္ျပသင္ၾကားေနစဥ္ သင္တန္းသားတစ္ဦးက မိုင္း ေပၚတက္နင္းမိလို႔ေပါက္ကြဲမႈျဖစ္ပြားခဲ့တာပါ။

ဒီျဖစ္စဥ္အေပၚ မႏၲေလးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕မႉး႐ုံးက မိုင္းေထာင္ျခင္းႏွင့္မိုင္းေဖာက္ျခင္း သင္ခန္းစာလက္ေတြ႕သ႐ုပ္ျပသင္ၾကားေနစဥ္ ေလ့က်င့္ေရး(ပလပ္စတစ္မိုင္းအေသး M-14)အစား မိုင္းအစစ္နဲ႔မွားယြင္းအသုံးျပဳမိတဲ့အတြက္ ေပါက္ကြဲမႈျဖစ္ခဲ့တာလို႔ သတင္းထုတ္ျပန္ ထားပါတယ္။

ေပါက္ကြဲမႈေၾကာင့္ သင္တန္းဆရာတစ္ဦးအပါအဝင္ လူ ၈ ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း၊ ၎တို႔ကို မႏၲေလးအေထြေထြေရာဂါကုေဆး႐ုံႀကီး ဆီတင္ပို႔ကုသမႈေပးထားေၾကာင္း၊ အခုေန႔လည္ပိုင္း မွာ ေတာ့ လူ ၅ ဦးေဆး႐ုံကျပန္ဆင္းလာႏိုင္ေၾကာင္း၊ က်န္ ၃ ဦးအနက္ တစ္ဦး ဒဏ္ရာျပင္းေၾကာင္း ကနဦးသတင္းအရသိရပါတယ္။

KT
မႏၲေလး ေမ ၂၁