မန္တလေးတွင် AA လက်နက်ကိုင်အဖွဲ့ဝင် ၄ ဦးအား ဖောက်ခွဲရေးပစ္စည်းများနှင့်အတူဖမ်းမိ

မန္တလေးတွင် AA လက်နက်ကိုင်အဖွဲ့ဝင် ၄ ဦးအား ဖောက်ခွဲရေးပစ္စည်းများနှင့်အတူဖမ်းမိ

AA လက်နက်ကိုင်အဖွဲ့ဝင် ၄ ဦးအား ဖောက်ခွဲရေးပစ္စည်းတွေနဲ့အတူ ယမန်နေ့က မန္တလေးမြို့မှာဖမ်းဆီးရမိလိုက်တယ်လို့ သက်ဆိုင်ရာနယ်မြေ ရဲတပ်ဖွဲ့ဆီကသိရပါတယ်။

မန္တလေး ချမ်းမြသာစည်မြို့နယ် မြို့သစ် ၅ ရပ်ကွက်ထဲက နေအိမ်တစ်အိမ်အတွင်းဖမ်းဆီးရမိလိုက်တာဖြစ်ပြီး ၎င်းတို့ကို ဖောက်ခွဲဖျက်ဆီး တဲ့နေရာ မှာအသုံးပြုတဲ့ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့လည်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှတ်တမ်းမှာဖော်ပြထားပါတယ်။ဖြစ်စဉ် မှာ စက်တင်ဘာ ၁၀ ရက်မနက် ၈ နာရီခန့်က မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မှုခင်းအကူဌာနစိတ်ဦးစီးတဲ့ မန္တလေးခရိုင်ရဲတပ်ဖွဲ့၊ မှုခင်းနှိမ်နင်းရေးအဖွဲ့နဲ့ အမှတ် ၁၁ နယ်မြေရဲစခန်းတို့ပါဝင်တဲ့ပူးပေါင်းအဖွဲ့ဟာ သတင်းအရ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့သက်သေတွေနဲ့အတူ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၅ ရပ်ကွက်ထဲကနေအိမ်တစ်အိမ်ဆီဝင်ရောက်ရှာဖွေတာမှာ အောင်လင်းထက်(ရန်ကုန် ပြည်လမ်း အင်းစိန်မြို့နယ်)၊ ဦးမြတ်ခိုင်(ရခိုင်ပြည်နယ် မြောက်ဦးမြို့)၊ ချမ်းငြိမ်း(ရခိုင်ပြည်နယ် မင်းပြားမြို့နယ်)တို့အားတွေ့ရှိလို့ ၎င်းတို့အားစစ်မေးမှုအရ နေအိမ်အပေါ်ထပ်အခန်းအတွင်းမှခTHLIRAYA XT-ITTE Satellite Phone အသစ်အလုံး ၄၀၊ ရုရှားနိုင်ငံလုပ်မှန်ပြောင်းအခု ၃၀၊ GARMIN (GPS+GLONASS) ၂၅ လုံး၊ ယမ်းတုံးလို့ယူဆရတဲ့ အထုပ် ၂၈ ထုပ်၊ ဒီတိုနီတာ ၁၀၀ ထုပ်ပါ ၁၀ ထုပ်၊ ဖယောင်းချောင်း ၃၅ ချောင်း၊ စက္ကူဖြူ  ၁၅ လိပ်ပါ ၃ ထုပ်၊ စက္ကူညို ၁ ထုပ်၊ ယမ်းဖြူလို့ယူဆရတဲ့အိတ် ၅ အိတ်တို့ တွေ့ရှိသိမ်းဆည်းရမိခဲ့တာလို့ ရဲစခန်းမှတ်တမ်းအရသိရပါတယ်။

ပစ္စည်းတွေနဲ့အတူထမ်းဆီးရမိသူတွေကို ဆက်လက်စစ်ဆေးနေစဉ်မှာပဲ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်နေ ဖိုးကျော် ဆိုသူရောက်ရှိလာလို့ ၎င်းကိုပါစစ်ဆေးနေတယ်လို့လည်း ရဲမှတ်တမ်းကဖော်ပြထားပါတယ်။ ဒီဖြစ်စဉ်အပေါ် ပါဝင်ပတ်သက်သူ ၄ ဦးစလုံးအား မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးဆီခေါ်ဆောင်စစ်ဆေးနေတယ်လို့သိရပြီး AA တပ်ဖွဲ့ဝင် ၄ ဦးဟုတ်မဟုတ်နဲ့ပတ်သက်လို့တော့ AA တပ်ဖွဲ့ဝင်တွေဖြစ် တယ်လို့ ကနဦးသိထားကြောင်းနဲ့ လက်ရှိအခြေအနေမှာစစ်ဆေးနေဆဲဖြစ်ကြောင်း အမှတ် ၁၁ နယ်မြေရဲစခန်းမှ တာဝန်ကျရဲတပ်ကြပ်ကြီး တစ်ဦးကပြော ပါတယ်။
                                            
 KT
မန္တလေး ၊ စက်တင်ဘာ ၁၁

(  Zawgyi  )

 AA လက္နက္ကိုင္အဖြဲ႕ဝင္ ၄ ဦးအား ေဖာက္ခြဲေရးပစၥည္းေတြနဲ႔အတူ ယမန္ေန႔က မႏၲေလးၿမိဳ႕မွာဖမ္းဆီးရမိလိုက္တယ္လို႔ သက္ဆိုင္ရာနယ္ေျမ ရဲတပ္ဖြဲ႕ဆီကသိရပါတယ္။

မႏၲေလး ခ်မ္းျမသာစည္ၿမိဳ႕နယ္ ၿမိဳ႕သစ္ ၅ ရပ္ကြက္ထဲက ေနအိမ္တစ္အိမ္အတြင္းဖမ္းဆီးရမိလိုက္တာျဖစ္ၿပီး ၎တို႔ကို ေဖာက္ခြဲဖ်က္ဆီး တဲ့ေနရာ မွာအသုံးျပဳတဲ့ပစၥည္းေတြနဲ႔အတူ ဖမ္းဆီးရမိခဲ့တာလို႔လည္း မႏၲေလးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွတ္တမ္းမွာေဖာ္ျပထားပါတယ္။ျဖစ္စဥ္ မွာ စက္တင္ဘာ ၁၀ ရက္မနက္ ၈ နာရီခန႔္က မႏၲေလးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕၊ မႈခင္းအကူဌာနစိတ္ဦးစီးတဲ့ မႏၲေလးခ႐ိုင္ရဲတပ္ဖြဲ႕၊ မႈခင္းႏွိမ္နင္းေရးအဖြဲ႕နဲ႔ အမွတ္ ၁၁ နယ္ေျမရဲစခန္းတို႔ပါဝင္တဲ့ပူးေပါင္းအဖြဲ႕ဟာ သတင္းအရ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕သက္ေသေတြနဲ႔အတူ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ၿမိဳ႕သစ္ ၅ ရပ္ကြက္ထဲကေနအိမ္တစ္အိမ္ဆီဝင္ေရာက္ရွာေဖြတာမွာ ေအာင္လင္းထက္(ရန္ကုန္ ျပည္လမ္း အင္းစိန္ၿမိဳ႕နယ္)၊ ဦးျမတ္ခိုင္(ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕)၊ ခ်မ္းၿငိမ္း(ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္)တို႔အားေတြ႕ရွိလို႔ ၎တို႔အားစစ္ေမးမႈအရ ေနအိမ္အေပၚထပ္အခန္းအတြင္းမွခTHLIRAYA XT-ITTE Satellite Phone အသစ္အလုံး ၄၀၊ ႐ုရွားႏိုင္ငံလုပ္မွန္ေျပာင္းအခု ၃၀၊ GARMIN (GPS+GLONASS) ၂၅ လုံး၊ ယမ္းတုံးလို႔ယူဆရတဲ့ အထုပ္ ၂၈ ထုပ္၊ ဒီတိုနီတာ ၁၀၀ ထုပ္ပါ ၁၀ ထုပ္၊ ဖေယာင္းေခ်ာင္း ၃၅ ေခ်ာင္း၊ စကၠဴျဖဴ  ၁၅ လိပ္ပါ ၃ ထုပ္၊ စကၠဴညိဳ ၁ ထုပ္၊ ယမ္းျဖဴလို႔ယူဆရတဲ့အိတ္ ၅ အိတ္တို႔ ေတြ႕ရွိသိမ္းဆည္းရမိခဲ့တာလို႔ ရဲစခန္းမွတ္တမ္းအရသိရပါတယ္။

ပစၥည္းေတြနဲ႔အတူထမ္းဆီးရမိသူေတြကို ဆက္လက္စစ္ေဆးေနစဥ္မွာပဲ ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္ေန ဖိုးေက်ာ္ ဆိုသူေရာက္ရွိလာလို႔ ၎ကိုပါစစ္ေဆးေနတယ္လို႔လည္း ရဲမွတ္တမ္းကေဖာ္ျပထားပါတယ္။ ဒီျဖစ္စဥ္အေပၚ ပါဝင္ပတ္သက္သူ ၄ ဦးစလုံးအား မႏၲေလးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မႉး႐ုံးဆီေခၚေဆာင္စစ္ေဆးေနတယ္လို႔သိရၿပီး AA တပ္ဖြဲ႕ဝင္ ၄ ဦးဟုတ္မဟုတ္နဲ႔ပတ္သက္လို႔ေတာ့ AA တပ္ဖြဲ႕ဝင္ေတြျဖစ္ တယ္လို႔ ကနဦးသိထားေၾကာင္းနဲ႔ လက္ရွိအေျခအေနမွာစစ္ေဆးေနဆဲျဖစ္ေၾကာင္း အမွတ္ ၁၁ နယ္ေျမရဲစခန္းမွ တာဝန္က်ရဲတပ္ၾကပ္ႀကီး တစ္ဦးကေျပာ ပါတယ္။
                                            
 KT
မႏၲေလး ၊ စက္တင္ဘာ ၁၁