မန္တလေးမြို့တည်နန်းတည်နှစ် ၁၆၀ ပြည့် အထိမ်းအမှတ်ပွဲတော် အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

မန္တလေးမြို့တည်နန်းတည်နှစ် ၁၆၀ ပြည့် အထိမ်းအမှတ်ပွဲတော် အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

မန္တလေးမြို့တည်နန်းတည်နှစ် ၁၆၀ ပြည့်အထိမ်းအမှတ်ပွဲတော်အခမ်းအနားကို လာမယ့်မေလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ၃ ရက်တိုင်အောင်စည်ကား သိုက်မြိုက်စွာကျင်းပသွားမှာဖြစ်တယ်လို့ ပွဲတော်ဖြစ်မြောက်ရေးကော်မတီဆီကသိရပါတယ်။

တိုင်းဒေသကြီးအစိုးရကလည်း ခွင့်ပြုပေးတယ် ပံ့ပိုးမှုတွေလုပ်ပေးတော့ စည်ကားသိုက်မြိုက်စွာကျင်းပသွားနိုင်ပြီဖြစ်ပါတယ်၊ အမျိုးသား ဇာတ်ရုံမှာ စာပေဟောပြောပွဲတွေလုပ်မယ်၊ မြနန်းစံကျော်ကြီးထဲမှာတော့ ဆရာတော်တွေကိုဆွမ်းဆက်ကပ်တာတွေ နောက်အထိမ်း အမှတ်ပွဲတော်ကိုတော့ သတ္တဌာနရှေ့မှာလုပ်မှာပါ လာမယ့်မေ ၂၄ ရက်ကနေ ၂၆ ရက်အ ထိစည်ကားသိုက်မြိုက်စွာကျင်းပသွားမှာပါ လို့ ပွဲတော်ဖြစ်မြောက်ရေးကော်မတီအတွင်းရေးမှူးထိပ်တင်ဝဏစိုးကပြောပါတယ်။

ရတနာပုံမ်(မန္တလေး)မြို့တည်နန်းတည်နှစ် ၁၆၀ ပြည့်အထိမ်းအမှတ်ပွဲတော် ဆိုပြီး ပွဲလမ်းသဘင် အခမ်းအနားတွေနဲ့ စည်ကား သိုက်မြိုက်စွာ ကျင်း ပသွား မှာပဲဖြစ်ပြီး ပွဲတော် ၃ ရက်စ လုံးမှာ စန္ဒာမုနိဘုရားဝင်းအတွင်း ဇာတ်ပွဲတွေအငြိမ့်ပွဲ တွေပျော်ပွဲရွှင်ပွဲတွေနဲ့ဈေးဆိုင်တန်းတွေ နဲ့ကျင်းပသွားမှာလို့သိရပါတယ်။ ကဇာတ်ရုံက ကျွန်တော်တို့ချည်းပဲဆို မငှားနိုင်ဘူးပေါ့ ဒါကိုအစိုးရကကူညီပေးလို့ ကဇာတ်ရုံထဲမှာ နိုင်ငံကျော် စာပေပညာရှင်ကြီးတွေရဲ့ စာပေဟောပြောပွဲတွေလည်းထည့်သွင်း ကျင်းပသွားမှာပါ၊ ဓာတ်ပုံပြပွဲတွေ သမိုင်းကြောင်းဆိုင်ရာပြခန်းတွေလည်းပါပါမယ် လို့လည်း ၎င်းကဆိုပါတယ်။

ပဉ္စမသင်္ဂါယနာတင် ဘဝရှင်မင်းတုန်းမင်းတရားကြီးတည်ထောင်ခဲ့တဲ့ ရတနာပုံမ်ရွှေမြို့တော် မန္တလေးမြို့တည်နန်းတည်နှစ် ၁၆၀ ပြည့်အထိမ်းအမှတ်ပွဲတော်ကို လာမယ့်မေလ ၂၄ ရက်နေ့ကစလို့ စည်ကားသိုက်မြိုက်စွာကျင်းပသွားမှာပဲဖြစ်ပြီး မေလ ၂၄ ရက်မနက်ပိုင်းမှာ မြနန်းစံကျော်ရွှေနန်းတော် အရှေ့စမုခ်ဆောင်မှာ သံဃာတော် ၁၀၈ ပါးကို ဆွမ်းကပ် ခြင်း၊ ညနေပိုင်းမှာ ၁၂ လမ်း နဲ့ ၆၆ လမ်းထောင့်က သတ္တဌာနရှေ့မှာရှိတဲ့ မြို့တည်နန်းတည်နှစ် ၁၆၀ ပြည့်အထိမ်းအမှတ်ပွဲတော်မုခ်ဦးကိုဖွင့်လှစ်ခြင်း၊ မေလ ၂၅ ရက်ညနေပိုင်းမှာ သုဓမ္မာဇ ရပ်တန်းမှာ သံဃာတော်အပါး ၁၆၀ ကို ဆွမ်းဆန်စိမ်းလောင်းလှူ ခြင်း၊ မေလ ၂၆ ရက်ညနေပိုင်းမှာ နှစ် ၁၆၀ ပြည့်ပွဲတော်ပိတ်ပွဲ အခမ်းအနား ကျင်းပခြင်းဆိုပြီး စီစဉ်ထားတယ်လို့သိရပါတယ်။

မန္တလေးမြို့တည်နန်းတည်နှစ် ၁၆၀ ပြည့်အထိမ်းအမှတ်ပွဲတော်ကို ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး သာယာစည်ပင်တိုးတက်ကာ တည်ငြိမ်အေးချမ်း ပျော် ရွင်စွာရှိနေမှုကို နိုင်ငံတကာကပိုမိုအသိအမှတ်ပြုစေရန်၊ ရှေးအစဉ်အလာမပျက် မြန်မာ့ထီးမူ နန်းရာ ရိုးရာ ယဉ်ကျေးမှုထွန်းကားရာ ရတနာပုံ မန္တလေးရွှေမြို့တော်ကြီးဖြစ်တဲ့အားလျော် စွာ သမိုင်းအမွေအနှစ်တွေကို နောင်အရှည်သဖြင့် မပျောက် မပျက် ဆက်လက် လက်ဆင့်ကမ်းသယ်ပိုးကြရန်၊ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ရာဇဝင်သမိုင်းကြောင်း၊ အရှည်လျားဆုံး သောဘွဲ့ကို ဆက်လက် ထိန်းသိမ်းမှတ်ကျောက်တင်ထားရှိရန်၊ ရတနာပုံမန္တလေးက ရှေးယခင်ကနေအခုထိတိုင်အောင် သမိုင်းရာဇဝင် ယဉ်ကျေးမှု ဘာသာတရား အဆီအနှစ်တို့နဲ့ ပြည့်လျှံကြွယ်ဝနေမှုကို Ecotourism အဖြစ်သိရှိလာစေပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာကာ တိုင်းရင်းသားများအတွက် ဘက်ပေါင်းစုံက စီးပွားရေးလုပ်ငန်းတွေပိုမိုဖွံ့ဖြိုး တိုးတက်တွင်ကျယ်လာစေရန်၊ မြန်မာ့ဟန်မြန်မာ့ယဉ်ကျေးမှုနဲ့ ဘာသာသာသနာ စာပေအနုပညာတို့ကို သမိုင်းအစဉ်အလာမပျက်ထွန်းလင်းဂုဏ်ရှိန်မြင့်စေရန်၊ မြန်မာနိုင်ငံတော်ဝင်အ နွယ်တော်များအစည်းအရုံးနဲ့ပြည်သူတို့ မခွဲအတူကြည်ဖြူစွာ ယှဉ်တွဲပေါင်းစည်းညီညွတ်ကြရန် ရည်ရွယ်ချက်နဲ့ကျင်းပမှာဖြစ်တယ်လို့ မြန်မာနိုင်ငံတော်ဝင် အနွယ်တော်များအစည်း အရုံးကကြေညာထားပါတယ်။

KT
မန္တလေး မေ ၈  

(   Zawgyi   )

 မႏၲေလးၿမိဳ႕တည္နန္းတည္ႏွစ္ ၁၆၀ ျပည့္အထိမ္းအမွတ္ပြဲေတာ္အခမ္းအနားကို လာမယ့္ေမလ ၂၄ ရက္ေန႔မွ ၂၆ ရက္ေန႔အထိ ၃ ရက္တိုင္ေအာင္စည္ကား သိုက္ၿမိဳက္စြာက်င္းပသြားမွာျဖစ္တယ္လို႔ ပြဲေတာ္ျဖစ္ေျမာက္ေရးေကာ္မတီဆီကသိရပါတယ္။

တိုင္းေဒသႀကီးအစိုးရကလည္း ခြင့္ျပဳေပးတယ္ ပံ့ပိုးမႈေတြလုပ္ေပးေတာ့ စည္ကားသိုက္ၿမိဳက္စြာက်င္းပသြားႏိုင္ၿပီျဖစ္ပါတယ္၊ အမ်ိဳးသား ဇာတ္႐ုံမွာ စာေပေဟာေျပာပြဲေတြလုပ္မယ္၊ ျမနန္းစံေက်ာ္ႀကီးထဲမွာေတာ့ ဆရာေတာ္ေတြကိုဆြမ္းဆက္ကပ္တာေတြ ေနာက္အထိမ္း အမွတ္ပြဲေတာ္ကိုေတာ့ သတၱဌာနေရွ႕မွာလုပ္မွာပါ လာမယ့္ေမ ၂၄ ရက္ကေန ၂၆ ရက္အ ထိစည္ကားသိုက္ၿမိဳက္စြာက်င္းပသြားမွာပါ လို႔ ပြဲေတာ္ျဖစ္ေျမာက္ေရးေကာ္မတီအတြင္းေရးမႉးထိပ္တင္ဝဏစိုးကေျပာပါတယ္။

ရတနာပုံမ္(မႏၲေလး)ၿမိဳ႕တည္နန္းတည္ႏွစ္ ၁၆၀ ျပည့္အထိမ္းအမွတ္ပြဲေတာ္ ဆိုၿပီး ပြဲလမ္းသဘင္ အခမ္းအနားေတြနဲ႔ စည္ကား သိုက္ၿမိဳက္စြာ က်င္း ပသြား မွာပဲျဖစ္ၿပီး ပြဲေတာ္ ၃ ရက္စ လုံးမွာ စႏၵာမုနိဘုရားဝင္းအတြင္း ဇာတ္ပြဲေတြအၿငိမ့္ပြဲ ေတြေပ်ာ္ပြဲ႐ႊင္ပြဲေတြနဲ႔ေဈးဆိုင္တန္းေတြ နဲ႔က်င္းပသြားမွာလို႔သိရပါတယ္။ ကဇာတ္႐ုံက ကြၽန္ေတာ္တို႔ခ်ည္းပဲဆို မငွားႏိုင္ဘူးေပါ့ ဒါကိုအစိုးရကကူညီေပးလို႔ ကဇာတ္႐ုံထဲမွာ ႏိုင္ငံေက်ာ္ စာေပပညာရွင္ႀကီးေတြရဲ႕ စာေပေဟာေျပာပြဲေတြလည္းထည့္သြင္း က်င္းပသြားမွာပါ၊ ဓာတ္ပုံျပပြဲေတြ သမိုင္းေၾကာင္းဆိုင္ရာျပခန္းေတြလည္းပါပါမယ္ လို႔လည္း ၎ကဆိုပါတယ္။

ပၪၥမသဂၤါယနာတင္ ဘဝရွင္မင္းတုန္းမင္းတရားႀကီးတည္ေထာင္ခဲ့တဲ့ ရတနာပုံမ္ေ႐ႊၿမိဳ႕ေတာ္ မႏၲေလးၿမိဳ႕တည္နန္းတည္ႏွစ္ ၁၆၀ ျပည့္အထိမ္းအမွတ္ပြဲေတာ္ကို လာမယ့္ေမလ ၂၄ ရက္ေန႔ကစလို႔ စည္ကားသိုက္ၿမိဳက္စြာက်င္းပသြားမွာပဲျဖစ္ၿပီး ေမလ ၂၄ ရက္မနက္ပိုင္းမွာ ျမနန္းစံေက်ာ္ေ႐ႊနန္းေတာ္ အေရွ႕စမုခ္ေဆာင္မွာ သံဃာေတာ္ ၁၀၈ ပါးကို ဆြမ္းကပ္ ျခင္း၊ ညေနပိုင္းမွာ ၁၂ လမ္း နဲ႔ ၆၆ လမ္းေထာင့္က သတၱဌာနေရွ႕မွာရွိတဲ့ ၿမိဳ႕တည္နန္းတည္ႏွစ္ ၁၆၀ ျပည့္အထိမ္းအမွတ္ပြဲေတာ္မုခ္ဦးကိုဖြင့္လွစ္ျခင္း၊ ေမလ ၂၅ ရက္ညေနပိုင္းမွာ သုဓမၼာဇ ရပ္တန္းမွာ သံဃာေတာ္အပါး ၁၆၀ ကို ဆြမ္းဆန္စိမ္းေလာင္းလႉ ျခင္း၊ ေမလ ၂၆ ရက္ညေနပိုင္းမွာ ႏွစ္ ၁၆၀ ျပည့္ပြဲေတာ္ပိတ္ပြဲ အခမ္းအနား က်င္းပျခင္းဆိုၿပီး စီစဥ္ထားတယ္လို႔သိရပါတယ္။

မႏၲေလးၿမိဳ႕တည္နန္းတည္ႏွစ္ ၁၆၀ ျပည့္အထိမ္းအမွတ္ပြဲေတာ္ကို ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္ႀကီး သာယာစည္ပင္တိုးတက္ကာ တည္ၿငိမ္ေအးခ်မ္း ေပ်ာ္ ႐ြင္စြာရွိေနမႈကို ႏိုင္ငံတကာကပိုမိုအသိအမွတ္ျပဳေစရန္၊ ေရွးအစဥ္အလာမပ်က္ ျမန္မာ့ထီးမူ နန္းရာ ႐ိုးရာ ယဥ္ေက်းမႈထြန္းကားရာ ရတနာပုံ မႏၲေလးေ႐ႊၿမိဳ႕ေတာ္ႀကီးျဖစ္တဲ့အားေလ်ာ္ စြာ သမိုင္းအေမြအႏွစ္ေတြကို ေနာင္အရွည္သျဖင့္ မေပ်ာက္ မပ်က္ ဆက္လက္ လက္ဆင့္ကမ္းသယ္ပိုးၾကရန္၊ အေရွ႕ေတာင္အာရွႏိုင္ငံေတြရဲ႕ ရာဇဝင္သမိုင္းေၾကာင္း၊ အရွည္လ်ားဆုံး ေသာဘြဲ႕ကို ဆက္လက္ ထိန္းသိမ္းမွတ္ေက်ာက္တင္ထားရွိရန္၊ ရတနာပုံမႏၲေလးက ေရွးယခင္ကေနအခုထိတိုင္ေအာင္ သမိုင္းရာဇဝင္ ယဥ္ေက်းမႈ ဘာသာတရား အဆီအႏွစ္တို႔နဲ႔ ျပည့္လွ်ံႂကြယ္ဝေနမႈကို Ecotourism အျဖစ္သိရွိလာေစၿပီး ခရီးသြားလုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္လာကာ တိုင္းရင္းသားမ်ားအတြက္ ဘက္ေပါင္းစုံက စီးပြားေရးလုပ္ငန္းေတြပိုမိုဖြံ႕ၿဖိဳး တိုးတက္တြင္က်ယ္လာေစရန္၊ ျမန္မာ့ဟန္ျမန္မာ့ယဥ္ေက်းမႈနဲ႔ ဘာသာသာသနာ စာေပအႏုပညာတို႔ကို သမိုင္းအစဥ္အလာမပ်က္ထြန္းလင္းဂုဏ္ရွိန္ျမင့္ေစရန္၊ ျမန္မာႏိုင္ငံေတာ္ဝင္အ ႏြယ္ေတာ္မ်ားအစည္းအ႐ုံးနဲ႔ျပည္သူတို႔ မခြဲအတူၾကည္ျဖဴစြာ ယွဥ္တြဲေပါင္းစည္းညီၫြတ္ၾကရန္ ရည္႐ြယ္ခ်က္နဲ႔က်င္းပမွာျဖစ္တယ္လို႔ ျမန္မာႏိုင္ငံေတာ္ဝင္ အႏြယ္ေတာ္မ်ားအစည္း အ႐ုံးကေၾကညာထားပါတယ္။

KT
မႏၲေလး ေမ ၈