မန္တလေးမြို့တွင် ဓားပြတိုက်မှုဖြစ်ပွား

မန္တလေးမြို့တွင် ဓားပြတိုက်မှုဖြစ်ပွား

မန္တလေး ပြည်ကြီးတံခွန်မြို့နယ်မှာ ယမန်နေ့မနက် ၁ နာရီခွဲအချိန်ခန့်က ဓားပြတိုက်မှု တစ်ခုဖြစ်ပွားခဲ့တယ်လို့ နယ်မြေခံရဲတပ်ဖွဲ့ဆီကသိရပါတယ်။ ပြည်ကြီးတံခွန်မြို့နယ် ဈ ရပ်ကွက်၊ ၆၃ လမ်းနဲ့ ကနောင်မင်းသားကြီး လမ်းကြားက နေအိမ်တစ်အိမ်ကို လောက်လေးဂွတွေ ဓားရှည်တွေကိုင်ဆောင် ထားတဲ့ အမျိုးသား ၇ ဦးက ဝင်ရောက်ဓားပြတိုက်ခဲ့တာဖြစ်ပြီး ဓားပြ ၆ဦးကိုတော့နေ့ချင်းပဲဖမ်းဆီးနိုင် ခဲ့တယ်လို့ နယ်မြေခံရဲစခန်းတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဖြစ်စဉ်မှာ သြဂုတ်လ ၂ ရက်နေ့မနက် ၁ နာရီ ၃၀ မိနစ်အချိန်ခန့်က အဆိုပါနေအိမ်သို့ မျက်နှာဖုံးတွေ တပ်ထားတဲ့အမည်မသိအမျိုးသား ၇ ဦး လောက်လေးဂွတွေဓားရှည်တွေကိုင်ဆောင် လျက်ရောက် ရှိလာကြောင်း၊ နေအိမ်အတွင်းဝင်ရောက်ပြီး မိသားစုဝင်တွေဆီကနေ ရွှေငွေပစ္စည်းတွေထုတ်ပေးဖို့ ခြိမ်းခြောက်တောင်းခဲ့ကြောင်း၊ အိမ်ရှင်ဖြစ်သူက ငွေ ၇ သိန်းကျပ်ခန့်ထုတ်ပေးပေမယ့်လည်း ဓားပြ တိုက်သူတွေက အိမ်ရှင်ဖြစ်သူရဲ့တူမဖြစ်သူဝတ်ဆင်ထားတဲ့ ကျောက်နီပါရွှေနားကပ်တစ်ရံ၊ လက်ကိုင်ဖုန်း ၉ လုံး၊ လက်ပ်တော့တစ်လုံးတို့ကိုသာ ယူဆောင်သွားကြောင်း၊ ဒီဖြစ်စဉ်အပေါ် အိမ်ရှင်ဖြစ်သူ ဦးစိုးလှိုင်ဝင်းက နယ်မြေအပိုင်ရဲစခန်းဖြစ်တဲ့ စက်မှုနယ်မြေ ရဲစခန်းဆီ တယ်လီဖုန်းနဲ့ အကြောင်းကြား လို့သိခဲ့တာဖြစ်ကြောင်းသိရပါတယ်။

ဓားပြတိုက်မှုနဲ့ပတ်သက်လို့ ရဲစခန်းတာဝန်ရှိသူတွေက စုံစမ်းရှာဖွေတာမှာ အဲဒီနေ့မနက် ၂ နာရီအချိန်ခန့်မှာပဲ နေအိမ်ရဲ့အရှေ့ဘက် ၁၅ ကိုက်ခန့်အကွာချုံတော တစ်ခုအတွင်း မင်းထက်(ခ) ကစ်ကစ်(အသက် ၂၀ နှစ်)နဲ့ စည်သူဗိုလ်(ခ)စည်ကြီး(အသက် ၁၃ နှစ်)တို့နှစ်ဦးအား ဓားတစ်ချောင်း လောက်လေးဂွနှစ်လက်၊ မော် တော်ဆိုင်ကယ်တစ်စီးတို့နဲ့အတူဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား စစ်ဆေးပေါ်ပေါက်ချက်အရ ဟိန်းသော်ဦး(ခ)ဖိုးသဲ(ခ)နဂါးအား မွန်းလွဲ ၁ နာရီအချိန်မှာလည်းကောင်း၊ ဒိုးလေး(အသက် ၁၈ နှစ်) အောင်ဇင်မင်း(အသက် ၁၇ နှစ်)နဲ့စစ်သိန်းတန်(ခ)စစ်ကြီး(အသက် ၁၈ နှစ်)တို့ ၃ ဦးအား လက်ပ်တော့တစ်လုံး ဖုန်း ၃ လုံး၊ ဓားရှည် ၃ ချောင်း၊ ဓားမြှောင် ၁ ချောင်း လောက်လေးဂွ ၁ လက် မော်တော်ဆိုင်ကယ်နှစ်စီးနဲ့အတူ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့် မှာလည်းကောင်း အသီးသီးဖမ်းဆီးနိုင်ခဲ့ကြောင်း လည်းရဲမှတ်တမ်းကဖော်ပြထားပါတယ်။

ဒီဓားပြတိုက်မှုဖြစ်စဉ်မှာ အောင်ဝင်းဘို(ခ)ရုပ်ဆိုးဆိုသူကိုတော့ ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ ရဲစခန်းတာဝန်ရှိသူကပြောထားပြီး ပြစ်မှုကျူးလွန်သူ ၇ ဦးစလုံးကို တော့ (ပ)၃၃၄/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၅(တစ်သက်တစ် ကျွန်းအထိ ပြစ်ဒဏ်ချမှတ် နိုင်သည့်ဓားပြမှု)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။

KT
မန္တလေး သြဂုတ် ၃

(  Zawgyi  )

 မႏၲေလး ျပည္ႀကီးတံခြန္ၿမိဳ႕နယ္မွာ ယမန္ေန႔မနက္ ၁ နာရီခြဲအခ်ိန္ခန႔္က ဓားျပတိုက္မႈ တစ္ခုျဖစ္ပြားခဲ့တယ္လို႔ နယ္ေျမခံရဲတပ္ဖြဲ႕ဆီကသိရပါတယ္။ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ ဈ ရပ္ကြက္၊ ၆၃ လမ္းနဲ႔ ကေနာင္မင္းသားႀကီး လမ္းၾကားက ေနအိမ္တစ္အိမ္ကို ေလာက္ေလးဂြေတြ ဓားရွည္ေတြကိုင္ေဆာင္ ထားတဲ့ အမ်ိဳးသား ၇ ဦးက ဝင္ေရာက္ဓားျပတိုက္ခဲ့တာျဖစ္ၿပီး ဓားျပ ၆ဦးကိုေတာ့ေန႔ခ်င္းပဲဖမ္းဆီးႏိုင္ ခဲ့တယ္လို႔ နယ္ေျမခံရဲစခန္းတာဝန္ရွိသူတစ္ဦးကေျပာပါတယ္။

ျဖစ္စဥ္မွာ ၾသဂုတ္လ ၂ ရက္ေန႔မနက္ ၁ နာရီ ၃၀ မိနစ္အခ်ိန္ခန႔္က အဆိုပါေနအိမ္သို႔ မ်က္ႏွာဖုံးေတြ တပ္ထားတဲ့အမည္မသိအမ်ိဳးသား ၇ ဦး ေလာက္ေလးဂြေတြဓားရွည္ေတြကိုင္ေဆာင္ လ်က္ေရာက္ ရွိလာေၾကာင္း၊ ေနအိမ္အတြင္းဝင္ေရာက္ၿပီး မိသားစုဝင္ေတြဆီကေန ေ႐ႊေငြပစၥည္းေတြထုတ္ေပးဖို႔ ၿခိမ္းေျခာက္ေတာင္းခဲ့ေၾကာင္း၊ အိမ္ရွင္ျဖစ္သူက ေငြ ၇ သိန္းက်ပ္ခန႔္ထုတ္ေပးေပမယ့္လည္း ဓားျပ တိုက္သူေတြက အိမ္ရွင္ျဖစ္သူရဲ႕တူမျဖစ္သူဝတ္ဆင္ထားတဲ့ ေက်ာက္နီပါေ႐ႊနားကပ္တစ္ရံ၊ လက္ကိုင္ဖုန္း ၉ လုံး၊ လက္ပ္ေတာ့တစ္လုံးတို႔ကိုသာ ယူေဆာင္သြားေၾကာင္း၊ ဒီျဖစ္စဥ္အေပၚ အိမ္ရွင္ျဖစ္သူ ဦးစိုးလႈိင္ဝင္းက နယ္ေျမအပိုင္ရဲစခန္းျဖစ္တဲ့ စက္မႈနယ္ေျမ ရဲစခန္းဆီ တယ္လီဖုန္းနဲ႔ အေၾကာင္းၾကား လို႔သိခဲ့တာျဖစ္ေၾကာင္းသိရပါတယ္။

ဓားျပတိုက္မႈနဲ႔ပတ္သက္လို႔ ရဲစခန္းတာဝန္ရွိသူေတြက စုံစမ္းရွာေဖြတာမွာ အဲဒီေန႔မနက္ ၂ နာရီအခ်ိန္ခန႔္မွာပဲ ေနအိမ္ရဲ႕အေရွ႕ဘက္ ၁၅ ကိုက္ခန႔္အကြာခ်ဳံေတာ တစ္ခုအတြင္း မင္းထက္(ခ) ကစ္ကစ္(အသက္ ၂၀ ႏွစ္)နဲ႔ စည္သူဗိုလ္(ခ)စည္ႀကီး(အသက္ ၁၃ ႏွစ္)တို႔ႏွစ္ဦးအား ဓားတစ္ေခ်ာင္း ေလာက္ေလးဂြႏွစ္လက္၊ ေမာ္ ေတာ္ဆိုင္ကယ္တစ္စီးတို႔နဲ႔အတူဖမ္းဆီးရမိခဲ့ၿပီး ၎တို႔အား စစ္ေဆးေပၚေပါက္ခ်က္အရ ဟိန္းေသာ္ဦး(ခ)ဖိုးသဲ(ခ)နဂါးအား မြန္းလြဲ ၁ နာရီအခ်ိန္မွာလည္းေကာင္း၊ ဒိုးေလး(အသက္ ၁၈ ႏွစ္) ေအာင္ဇင္မင္း(အသက္ ၁၇ ႏွစ္)နဲ႔စစ္သိန္းတန္(ခ)စစ္ႀကီး(အသက္ ၁၈ ႏွစ္)တို႔ ၃ ဦးအား လက္ပ္ေတာ့တစ္လုံး ဖုန္း ၃ လုံး၊ ဓားရွည္ ၃ ေခ်ာင္း၊ ဓားေျမႇာင္ ၁ ေခ်ာင္း ေလာက္ေလးဂြ ၁ လက္ ေမာ္ေတာ္ဆိုင္ကယ္ႏွစ္စီးနဲ႔အတူ မြန္းလြဲ ၂ နာရီခြဲအခ်ိန္ခန႔္ မွာလည္းေကာင္း အသီးသီးဖမ္းဆီးႏိုင္ခဲ့ေၾကာင္း လည္းရဲမွတ္တမ္းကေဖာ္ျပထားပါတယ္။

ဒီဓားျပတိုက္မႈျဖစ္စဥ္မွာ ေအာင္ဝင္းဘို(ခ)႐ုပ္ဆိုးဆိုသူကိုေတာ့ ဖမ္းဆီးရမိျခင္းမရွိေသးဘူးလို႔ ရဲစခန္းတာဝန္ရွိသူကေျပာထားၿပီး ျပစ္မႈက်ဴးလြန္သူ ၇ ဦးစလုံးကို ေတာ့ (ပ)၃၃၄/၂၀၁၉၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၉၅(တစ္သက္တစ္ ကြၽန္းအထိ ျပစ္ဒဏ္ခ်မွတ္ ႏိုင္သည့္ဓားျပမႈ)နဲ႔ အမႈဖြင့္အေရးယူထားတယ္လို႔သိရပါတယ္။

KT
မႏၲေလး ၾသဂုတ္ ၃