မန္တလေးမြို့ရဲ့အရပ်ဓလေ့ကစားနည်းတစ်ခုဖြစ်သည့် သီးသီးထုပွဲ တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေ

မန္တလေးမြို့ရဲ့အရပ်ဓလေ့ကစားနည်းတစ်ခုဖြစ်သည့် သီးသီးထုပွဲ တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေ

မန္တလေးမြို့မှာတစ်နှစ်မှတစ်ခါကျင်းပတဲ့သီးသီးထုပွဲက အခုဆိုရင်တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေပါပြီ။ သီးသီးထုပွဲဆိုတာက မန္တလေးမြို့ မလွန်ဆန်ဈေးဆန်လှူတော်အသင်းကြီးရဲ့ နှစ်စဉ်ကျင်းပပြုလုပ်နေကျတရားပွဲမှာ ပွဲဈေးတန်းထဲ ပါဝင်ဆင်နွှဲတဲ့ အရပ်ဓလေ့ ကစားနည်း တစ်မျိုး ပဲဖြစ်ပြီး နှစ်ပေါင်းသက်တမ်းရာချီရှိနေပြီလို့သိရပါတယ်။

အရင်ကတော့ မလွန်ဈေးဆန်လှူတော်အသင်းကြီးရဲ့နှစ်စဉ်တရားပွဲပွဲဈေးတန်းတစ်လျှောက် သီးသီးထုပွဲတွေနဲ့စည်ကားခဲ့ပေမယ့်လည်း လွန်ခဲ့လေးငါး နှစ်လောက်ကစလို့ သီးသီးရောင်းချသူတစ်သည်ပဲရှိတော့တာလို့လည်း သီးသီးထုပွဲနှစ်စဉ် လာရောက် ဆင်နွှဲတတ်ကြသူတွေ ကဆိုပါတယ်။

မှတ်မိသလောက်ပြောရရင် ၂၀၀၆ လောက်ကစပြီး တစ်သည်ပဲရှိတော့တာပါ၊ ကျွန်တော်တို့ငယ်ငယ်အရွယ်အထိ ပွဲဈေးတန်း တစ်လျှောက် သီးသီးသည် တွေကနည်းနည်းမှမဟုတ်တာ၊ အခုတော့ ဒီတစ်သည်ပဲရှိတော့တယ်၊ ပျော်စရာမကောင်းတော့ဘူးပေါ့ဗျာ လို့ မန္တလေးမြို့ခံ ကိုဝေယံက Opinion Leaders Media ကိုပြောပါတယ်။

သီးသီးထုပွဲတိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်ရတာက သီးသီးပင်တွေခုတ်လှဲခံရတာကနေ သီးသီးရှားပါးမှုကြောင့်လည်းဖြစ်သလို အရပ်ဓလေ့ ကစား နည်းတွေအပေါ် လူစိတ်ဝင်စားမှုလျော့နည်းလာတာကြောင့်လည်းဖြစ်တယ်လို့ သီးသီးသည်တွေကပြောပါတယ်။ အပင်တွေ ခုတ်လှဲ ခံရတာတော့ သီးသီးတွေရှားလာတယ်၊ သီးသီးကအခုမှထစိုက်လို့ရတာမျိုးလည်းမဟုတ်တော့ အသီးရဖို့ခက်ခဲလာတာပေါ့၊ နောက်တစ်ခုက ခုခေတ်ကလေးတွေက ဂိမ်းကစားတာလောက်ဘာကိုမှစိတ်မဝင်စားတတ်ကြတာများတယ်လေ၊ တစ်ချို့လည်းမိဘတွေက ဒီနေရာကို ခေါ်လာ တယ် သူတို့ကိုယ်တိုင်ကစားပြတယ်၊ ဒါပေမယ့်လည်း ကလေးတွေကစိတ်မဝင်စားကြဘူး၊ ခေတ်ကမတူတော့ဘူးလေ လို့ ပွဲဈေးတန်းမှာတစ် သည်ပဲရှိတော့တဲ့သီးသီး သည်ဒေါ်ချိုချိုဦးကပြောပါတယ်။

သီးသီးထုပွဲဆိုတာက ဟိုတုန်းက လူငယ်တွေပွဲဈေးတန်းလည်ကြပတ်ကြရင်း သီးသီးဝယ်ယူရာကနေ အချင်းချင်းအပျော်တမ်း ထုကြ ကစားကြ ရာကနေ နောက်တော့သီးသီးထုပွဲဆိုပြီး ဖြစ်လာတာလို့ မလွန်ရပ်ကွက်နေသူတွေကပြောပါတယ်။ တစ်ဦးနဲ့တစ်ဦး စိတ်ကြိုက် သီးသီးတစ်လုံး ဆီကိုင်ပြီး တစ်ဦးကထုတဲ့အခါမှာတစ်ဦးကခံရပြီး နှစ်ဦးနှစ်ဖက်အပြန်အလှန်ထုကစားကြရင်း တစ်ချို့လည်း အပျော်သဘောမျိုး လောင်း ကစားကြတယ်လို့လည်းဆိုပါတယ်။

သီးသီးတွေဟာအများအားဖြင့် မန္တလေးအနီးဝန်းကျင် အမရပူရ တံတားဦး ပုလိပ်အစရှိတဲ့မြို့တွေအပြင် စစ်ကိုင်းမြို့ အနီးဝန်းကျင် မှာထွက် ရှိတယ်လို့ သိရပြီး ဟိုတုန်းကတော့ သီးသီးတစ်လုံးရဲ့တန်ဖိုးက ခေတ်အလိုက်ငွေကြေးတန်ကြေးရှိခဲ့သလို ဒီနေ့သီးသီး တစ်လုံး ရဲ့ပေါက်ဈေး ကတော့ ကျပ်နှစ်ရာ ဝန်းကျင်ရှိတယ်လို့သိရပါတယ်။

ကျွန်တော်က အခုနောက်ပိုင်းမရောင်းဖြစ်တော့ပါဘူး ရောင်းချင်တဲ့သူကိုလွှဲပေးလိုက်တာပါ၊ သီးသီးထုပွဲလာသူတွေကတော့ အခုအထိ လာနေကြ တုန်း ပါပဲ တစ်ရက်ကိုအလုံးရေငါးရာဝန်းကျင်တော့ရောင်းနေရပါတယ်၊ ကျွန်တော် ဒီဓလေ့လေးကိုပျောက်ကွယ်မသွားစေချင်ဘူး၊ ဖြစ်နိုင်ရင် တစ်ခြားပွဲဈေး တန်းတွေမှာပါဖြစ်စေချင်တယ် မန္တလေး မှာကမကြာခင်မှာ ပဲဘုရားပွဲအရပ်ပွဲတွေလာတော့မှာ၊ စစ်ကိုင်းကဘဲဥထုပွဲလိုပဲ သီးသီးထုပွဲကိုရှင်သန်စေချင် တယ် လို့ မလွန်တရားပွဲဈေးတန်းထဲဟိုတုန်းကသီးသီးရောင်းချခဲ့သူတစ်ဦးဖြစ်တဲ့ဦးတင်ဆန်းကပြောပါတယ်။

မလွန်ဈေးဆန်လှူအသင်းကြီးရဲ့တရားပွဲတွေကို ဒီနှစ်မှာလည်း  တော်သလင်းလဆန်း ၅ ရက်နေ့ကစလို့ တော်သလင်းလပြည့်နေ့ အထိ ကျင်းပနေတာပါ။

KT                                                                          
မန္တလေး၊ စက်တင်ဘာ ၁၁

(  Zawgyi  )

 
မႏၲေလးၿမိဳ႕မွာတစ္ႏွစ္မွတစ္ခါက်င္းပတဲ့သီးသီးထုပြဲက အခုဆိုရင္တိမ္ျမဳပ္ေပ်ာက္ကြယ္လုနီးပါးျဖစ္ေနပါၿပီ။ သီးသီးထုပြဲဆိုတာက မႏၲေလးၿမိဳ႕ မလြန္ဆန္ေဈးဆန္လႉေတာ္အသင္းႀကီးရဲ႕ ႏွစ္စဥ္က်င္းပျပဳလုပ္ေနက်တရားပြဲမွာ ပြဲေဈးတန္းထဲ ပါဝင္ဆင္ႏႊဲတဲ့ အရပ္ဓေလ့ ကစားနည္း တစ္မ်ိဳး ပဲျဖစ္ၿပီး ႏွစ္ေပါင္းသက္တမ္းရာခ်ီရွိေနၿပီလို႔သိရပါတယ္။

အရင္ကေတာ့ မလြန္ေဈးဆန္လႉေတာ္အသင္းႀကီးရဲ႕ႏွစ္စဥ္တရားပြဲပြဲေဈးတန္းတစ္ေလွ်ာက္ သီးသီးထုပြဲေတြနဲ႔စည္ကားခဲ့ေပမယ့္လည္း လြန္ခဲ့ေလးငါး ႏွစ္ေလာက္ကစလို႔ သီးသီးေရာင္းခ်သူတစ္သည္ပဲရွိေတာ့တာလို႔လည္း သီးသီးထုပြဲႏွစ္စဥ္ လာေရာက္ ဆင္ႏႊဲတတ္ၾကသူေတြ ကဆိုပါတယ္။

မွတ္မိသေလာက္ေျပာရရင္ ၂၀၀၆ ေလာက္ကစၿပီး တစ္သည္ပဲရွိေတာ့တာပါ၊ ကြၽန္ေတာ္တို႔ငယ္ငယ္အ႐ြယ္အထိ ပြဲေဈးတန္း တစ္ေလွ်ာက္ သီးသီးသည္ ေတြကနည္းနည္းမွမဟုတ္တာ၊ အခုေတာ့ ဒီတစ္သည္ပဲရွိေတာ့တယ္၊ ေပ်ာ္စရာမေကာင္းေတာ့ဘူးေပါ့ဗ်ာ လို႔ မႏၲေလးၿမိဳ႕ခံ ကိုေဝယံက Opinion Leaders Media ကိုေျပာပါတယ္။

သီးသီးထုပြဲတိမ္ျမဳပ္ေပ်ာက္ကြယ္လုနီးပါးျဖစ္ရတာက သီးသီးပင္ေတြခုတ္လွဲခံရတာကေန သီးသီးရွားပါးမႈေၾကာင့္လည္းျဖစ္သလို အရပ္ဓေလ့ ကစား နည္းေတြအေပၚ လူစိတ္ဝင္စားမႈေလ်ာ့နည္းလာတာေၾကာင့္လည္းျဖစ္တယ္လို႔ သီးသီးသည္ေတြကေျပာပါတယ္။ အပင္ေတြ ခုတ္လွဲ ခံရတာေတာ့ သီးသီးေတြရွားလာတယ္၊ သီးသီးကအခုမွထစိုက္လို႔ရတာမ်ိဳးလည္းမဟုတ္ေတာ့ အသီးရဖို႔ခက္ခဲလာတာေပါ့၊ ေနာက္တစ္ခုက ခုေခတ္ကေလးေတြက ဂိမ္းကစားတာေလာက္ဘာကိုမွစိတ္မဝင္စားတတ္ၾကတာမ်ားတယ္ေလ၊ တစ္ခ်ိဳ႕လည္းမိဘေတြက ဒီေနရာကို ေခၚလာ တယ္ သူတို႔ကိုယ္တိုင္ကစားျပတယ္၊ ဒါေပမယ့္လည္း ကေလးေတြကစိတ္မဝင္စားၾကဘူး၊ ေခတ္ကမတူေတာ့ဘူးေလ လို႔ ပြဲေဈးတန္းမွာတစ္ သည္ပဲရွိေတာ့တဲ့သီးသီး သည္ေဒၚခ်ိဳခ်ိဳဦးကေျပာပါတယ္။

သီးသီးထုပြဲဆိုတာက ဟိုတုန္းက လူငယ္ေတြပြဲေဈးတန္းလည္ၾကပတ္ၾကရင္း သီးသီးဝယ္ယူရာကေန အခ်င္းခ်င္းအေပ်ာ္တမ္း ထုၾက ကစားၾက ရာကေန ေနာက္ေတာ့သီးသီးထုပြဲဆိုၿပီး ျဖစ္လာတာလို႔ မလြန္ရပ္ကြက္ေနသူေတြကေျပာပါတယ္။ တစ္ဦးနဲ႔တစ္ဦး စိတ္ႀကိဳက္ သီးသီးတစ္လုံး ဆီကိုင္ၿပီး တစ္ဦးကထုတဲ့အခါမွာတစ္ဦးကခံရၿပီး ႏွစ္ဦးႏွစ္ဖက္အျပန္အလွန္ထုကစားၾကရင္း တစ္ခ်ိဳ႕လည္း အေပ်ာ္သေဘာမ်ိဳး ေလာင္း ကစားၾကတယ္လို႔လည္းဆိုပါတယ္။

သီးသီးေတြဟာအမ်ားအားျဖင့္ မႏၲေလးအနီးဝန္းက်င္ အမရပူရ တံတားဦး ပုလိပ္အစရွိတဲ့ၿမိဳ႕ေတြအျပင္ စစ္ကိုင္းၿမိဳ႕ အနီးဝန္းက်င္ မွာထြက္ ရွိတယ္လို႔ သိရၿပီး ဟိုတုန္းကေတာ့ သီးသီးတစ္လုံးရဲ႕တန္ဖိုးက ေခတ္အလိုက္ေငြေၾကးတန္ေၾကးရွိခဲ့သလို ဒီေန႔သီးသီး တစ္လုံး ရဲ႕ေပါက္ေဈး ကေတာ့ က်ပ္ႏွစ္ရာ ဝန္းက်င္ရွိတယ္လို႔သိရပါတယ္။

ကြၽန္ေတာ္က အခုေနာက္ပိုင္းမေရာင္းျဖစ္ေတာ့ပါဘူး ေရာင္းခ်င္တဲ့သူကိုလႊဲေပးလိုက္တာပါ၊ သီးသီးထုပြဲလာသူေတြကေတာ့ အခုအထိ လာေနၾက တုန္း ပါပဲ တစ္ရက္ကိုအလုံးေရငါးရာဝန္းက်င္ေတာ့ေရာင္းေနရပါတယ္၊ ကြၽန္ေတာ္ ဒီဓေလ့ေလးကိုေပ်ာက္ကြယ္မသြားေစခ်င္ဘူး၊ ျဖစ္ႏိုင္ရင္ တစ္ျခားပြဲေဈး တန္းေတြမွာပါျဖစ္ေစခ်င္တယ္ မႏၲေလး မွာကမၾကာခင္မွာ ပဲဘုရားပြဲအရပ္ပြဲေတြလာေတာ့မွာ၊ စစ္ကိုင္းကဘဲဥထုပြဲလိုပဲ သီးသီးထုပြဲကိုရွင္သန္ေစခ်င္ တယ္ လို႔ မလြန္တရားပြဲေဈးတန္းထဲဟိုတုန္းကသီးသီးေရာင္းခ်ခဲ့သူတစ္ဦးျဖစ္တဲ့ဦးတင္ဆန္းကေျပာပါတယ္။

မလြန္ေဈးဆန္လႉအသင္းႀကီးရဲ႕တရားပြဲေတြကို ဒီႏွစ္မွာလည္း  ေတာ္သလင္းလဆန္း ၅ ရက္ေန႔ကစလို႔ ေတာ္သလင္းလျပည့္ေန႔ အထိ က်င္းပေနတာပါ။

KT                                                                          
မႏၲေလး၊ စက္တင္ဘာ ၁၁