မန္တလေး ရတနာပုံတက္ကသိုလ်အား ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် ယနေ့စတင်ကြေညာ

မန္တလေး ရတနာပုံတက္ကသိုလ်အား ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် ယနေ့စတင်ကြေညာ

မန္တလေး ရတနာပုံတက္ကသိုလ်ကို ဒီကနေ့ကစလို့ ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် တရားဝင်ကြေညာလိုက်ပြီ ဖြစ်တာကြောင့် ကျောင်းတွင်း ဝင်ထွက်သွားလာကြတဲ့ မိဘပြည်သူတွေဘက်ကလည်း ဝိုင်းဝန်းပါဝင်ကူညီပေးကြဖို့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့က မေတ္တာရပ်ခံထားပါတယ်။

ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို များစွာထိခိုက်စေနိုင်တာကြောင့် တက္ကသိုလ်နယ်မြေအတွင်း ဆေးလိပ်မသောက်တဲ့ အလေ့အထကောင်းဖြစ်စေဖို့အတွက် လွန်ခဲ့တဲ့တစ်နှစ်ခန့်က စတင်ကာ ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် ကြေညာနိုင်ဖို့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့က South East Asia Tobacco Control Aliance (SEATCA) ရဲ့ အကူအညီနဲ့ စတင်လှုပ်ရှားခဲ့တာလို့ သိရပါတယ်။

SEATCA အဖွဲ့အစည်းက မြန်မာနိုင်ငံက ကျောင်းတွေ တက္ကသိုလ်တွေကို ဆေးလိပ်ငွေ့ကင်းစင်ဇုန်ဖြစ်ဖို့ ဖိတ်ခေါ်မှုအရ ကျွန်မတို့က ပူူးပေါင်းပြီးဆောင်ရွက်ခဲ့တာပါ၊ လုပ်ငန်းစီမံချက်တွေ ရေးဆွဲပြီးအ ဆင့်ဆင့်လုပ်ဆောင်ခဲ့ပြီးမှ ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် ဒီနေ့ကြေညာနိုင်တာပါလို့ ရတနာပုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ (ရတနာပုံတက္ကသိုလ် ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် သတ်မှတ်ပြဌာန်းရေး ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ) က Opinion Leaders Media ကို ပြောပါတယ်။

ရတနာပုံတက္ကသိုလ်ကို ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် တရားဝင်ကြေညာနိုင်ဖို့ လုပ်ဆောင်ရာမှာ စီမံချက်တွေ အသေးစိတ်ရေးဆွဲပြီး လုပ်ငန်းတာဝန်ခွဲဝေကာ မူဝါဒရေးဆွဲခြင်း၊ ဆေးလိပ်မသောက်ရဇုန်တွေ သတ်မှတ်ခြင်း၊ ဈေးှဆိုင်ခန်းတွေဘက်ကလည်း ဆေးလိပ်လုံးဝမရောင်းချဖို့ ပညာပေးတိုက်တွန်းခြင်း အစရှိတဲ့ စီမံချက်တွေနဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက စတင်လှုပ်ရှား ဆောင်ရွက်ခဲ့ကြတာလို့ သိရပါတယ်။

ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် ကြေညာပြီး ဘာဆက်လုပ်သွားမလဲဆိုတော့ ကျောင်းဝင်းထဲမှာ ဆေးလိပ်သောက်သုံးတာတွေ ဆက်မရှိနေဖို့ ဆက်ကြိုးပမ်းသွားရမှာပါပဲ၊ ဆေးလိပ်သောက်တာတွေ့ရင် သောက်တဲ့သူကို ခေါ်ပြီးသတိပေးမယ်၊ ဥပဒေနဲ့အရေးယူသွားမယ်၊ အားလုံးက ဆေးလိပ်မသောက်ခြင်းဖြင့် ဝိုင်းဝန်းပါဝင်ကူညီပေးကြဖို့လည်း မေတ္တာရပ်ခံပါတယ်လို့ ရတနာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနိုင်နိုင် က ပြောပါတယ်။

ရတနာပုံတက္ကသိုလ်ကို ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် တရားဝင်ကြေညာခြင်း အခမ်းအနားကိုလည်း ဒီကနေ့မနက်ပိုင်းက ရတနာပုံတက္ကသိုလ် ပြည်ထောင်စုခန်းမမှာ ကျင်းပတာမှာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင် ကိုယ်တိုင် တက်ရောက်ဂုဏ်ပြုပေးခဲ့ပါတယ်။                                     

KT
မန္တလေး၊ စက်တင်ဘာ - ၁၀

( Zawgyi )

မႏၲေလး ရတနာပုံတကၠသိုလ္ကို ဒီကေန႔ကစလို႔ ေဆးလိပ္ေငြ႕ကင္းစင္နယ္ေျမအျဖစ္ တရားဝင္ေၾကညာလိုက္ၿပီ ျဖစ္တာေၾကာင့္ ေက်ာင္းတြင္း ဝင္ထြက္သြားလာၾကတဲ့ မိဘျပည္သူေတြဘက္ကလည္း ဝိုင္းဝန္းပါဝင္ကူညီေပးၾကဖို႔ ေက်ာင္းအုပ္ခ်ဳပ္ေရးအဖြဲ႕က ေမတၱာရပ္ခံထားပါတယ္။

ေဆးလိပ္ေသာက္ျခင္းဟာ က်န္းမာေရးကို မ်ားစြာထိခိုက္ေစႏိုင္တာေၾကာင့္ တကၠသိုလ္နယ္ေျမအတြင္း ေဆးလိပ္မေသာက္တဲ့ အေလ့အထေကာင္းျဖစ္ေစဖို႔အတြက္ လြန္ခဲ့တဲ့တစ္ႏွစ္ခန႔္က စတင္ကာ ေဆးလိပ္ေငြ႕ကင္းစင္နယ္ေျမအျဖစ္ ေၾကညာႏိုင္ဖို႔ ေက်ာင္းအုပ္ခ်ဳပ္ေရးအဖြဲ႕က South East Asia Tobacco Control Aliance (SEATCA) ရဲ႕ အကူအညီနဲ႔ စတင္လႈပ္ရွားခဲ့တာလို႔ သိရပါတယ္။

SEATCA အဖြဲ႕အစည္းက ျမန္မာႏိုင္ငံက ေက်ာင္းေတြ တကၠသိုလ္ေတြကို ေဆးလိပ္ေငြ႕ကင္းစင္ဇုန္ျဖစ္ဖို႔ ဖိတ္ေခၚမႈအရ ကြၽန္မတို႔က ပူူးေပါင္းၿပီးေဆာင္႐ြက္ခဲ့တာပါ၊ လုပ္ငန္းစီမံခ်က္ေတြ ေရးဆြဲၿပီးအ ဆင့္ဆင့္လုပ္ေဆာင္ခဲ့ၿပီးမွ ေဆးလိပ္ေငြ႕ကင္းစင္နယ္ေျမအျဖစ္ ဒီေန႔ေၾကညာႏိုင္တာပါလို႔ ရတနာပုံတကၠသိုလ္ ဒုတိယပါေမာကၡခ်ဳပ္ ေဒါက္တာတင့္မိုးသူဇာ (ရတနာပုံတကၠသိုလ္ ေဆးလိပ္ေငြ႕ကင္းစင္နယ္ေျမအျဖစ္ သတ္မွတ္ျပဌာန္းေရး ဦးစီးေကာ္မတီ ဒုတိယဥကၠ႒) က Opinion Leaders Media ကို ေျပာပါတယ္။

ရတနာပုံတကၠသိုလ္ကို ေဆးလိပ္ေငြ႕ကင္းစင္နယ္ေျမအျဖစ္ တရားဝင္ေၾကညာႏိုင္ဖို႔ လုပ္ေဆာင္ရာမွာ စီမံခ်က္ေတြ အေသးစိတ္ေရးဆြဲၿပီး လုပ္ငန္းတာဝန္ခြဲေဝကာ မူဝါဒေရးဆြဲျခင္း၊ ေဆးလိပ္မေသာက္ရဇုန္ေတြ သတ္မွတ္ျခင္း၊ ေဈးွဆိုင္ခန္းေတြဘက္ကလည္း ေဆးလိပ္လုံးဝမေရာင္းခ်ဖို႔ ပညာေပးတိုက္တြန္းျခင္း အစရွိတဲ့ စီမံခ်က္ေတြနဲ႔ ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလက စတင္လႈပ္ရွား ေဆာင္႐ြက္ခဲ့ၾကတာလို႔ သိရပါတယ္။

ေဆးလိပ္ေငြ႕ကင္းစင္နယ္ေျမအျဖစ္ ေၾကညာၿပီး ဘာဆက္လုပ္သြားမလဲဆိုေတာ့ ေက်ာင္းဝင္းထဲမွာ ေဆးလိပ္ေသာက္သုံးတာေတြ ဆက္မရွိေနဖို႔ ဆက္ႀကိဳးပမ္းသြားရမွာပါပဲ၊ ေဆးလိပ္ေသာက္တာေတြ႕ရင္ ေသာက္တဲ့သူကို ေခၚၿပီးသတိေပးမယ္၊ ဥပေဒနဲ႔အေရးယူသြားမယ္၊ အားလုံးက ေဆးလိပ္မေသာက္ျခင္းျဖင့္ ဝိုင္းဝန္းပါဝင္ကူညီေပးၾကဖို႔လည္း ေမတၱာရပ္ခံပါတယ္လို႔ ရတနာတကၠသိုလ္ ပါေမာကၡခ်ဳပ္ ေဒါက္တာႏိုင္ႏိုင္ က ေျပာပါတယ္။

ရတနာပုံတကၠသိုလ္ကို ေဆးလိပ္ေငြ႕ကင္းစင္နယ္ေျမအျဖစ္ တရားဝင္ေၾကညာျခင္း အခမ္းအနားကိုလည္း ဒီကေန႔မနက္ပိုင္းက ရတနာပုံတကၠသိုလ္ ျပည္ေထာင္စုခန္းမမွာ က်င္းပတာမွာ မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕ဝင္ ရွမ္းတိုင္းရင္းသားေရးရာဝန္ႀကီး ဦးစိုင္းပန္းဆိုင္ ကိုယ္တိုင္ တက္ေရာက္ဂုဏ္ျပဳေပးခဲ့ပါတယ္။                                     

KT
မႏၲေလး၊ စက္တင္ဘာ - ၁၀