မန္တလေး ရဲဘော်ကွက်သစ်ရှိ ရေဝပ်နေရာ နေသူများ နောက်တစ်ကြိမ် မြစ်ရေတက်မည်ကို စိုးရိမ်နေ

မန္တလေး ရဲဘော်ကွက်သစ်ရှိ ရေဝပ်နေရာ နေသူများ နောက်တစ်ကြိမ် မြစ်ရေတက်မည်ကို စိုးရိမ်နေ

မန္တလေး ပြည်ကြီးတံခွန်မြို့နယ် ရဲဘော်ကွက်သစ်အတွင်း ရေဝပ်နေရာ တော်တော်များများမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့လောက်ကစပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့တာမှာ အိမ်ထောင်စု တော်တော်များများ ရေလွတ်ရာနေရာတွေဆီ ပြောင်းရွှေ့နေထိုင်နေကြရပါတယ်။

"မြစ်ရေဝင်တာပါ နှစ်တိုင်းဖြစ်နေကျလို့ ပြောရမှာပါပဲ၊ ဝါဆို ဝါခေါင် ရေကြီးချိန်ဆို ဒီနေရာတွေ ရေဝင်ပါတယ် တစ်ချို့နှစ်တွေမှာ အိမ်လယ်လောက်အထိ မြုပ်တာမျိုးရှိတယ် ဒီနှစ်က အဲဒီလောက်တော့ မဖြစ်သေးပါဘူး ရေဆိုးပိုက်လိုင်းကြောင့် ရေနစ်တယ်ဆိုတာ မဟုတ်ပါဘူး မြစ်ရေတက်လို့ ရေဝင်တာပါ" လို့ အဲဒီရပ်ကွက်ရဲ့ ရာအိမ်မှူး ဦးသိန်းစိုး က Opinion Leaders Media ကို ပြောပါတယ်။

မန္တလေး ပြည်ကြီးတံခွန်မြို့နယ် ငွေတော်ကျည်ကုန်းရပ်ကွက် ရဲဘော်ကွက်သစ်ထဲက အကွက်အမှတ် ၁၀ (ခ) မှာ နှစ်စဉ် ဖြစ်နေကျအတိုင်း မြစ်ရေကြီးချိန် မြစ်ရေဝင်ရောက်မှုကြောင့် လူနေအိမ်ခြေတွေ ရေဝင်နစ်မြုပ်မှု ဖြစ်နေတာပါ။ဒီကနေ့ မျက်မြင်အခြေအနေမှာတော့ ရေဝပ်ဧရိယာတွေမှာသာ ရေမဆင်းသေးတဲ့ အခြေအနေ တွေ့ခဲ့ရပြီး အိမ်ထောင်စုတစ်ချို့ကျတော့ ရေလွတ်ရာ နေရာတွေဆီ ဝင်ရောက်နေထိုင်နေကြပါတယ်။

"တစ်နှစ်ကို ၃ ကြိမ်ရေတက်ပါတယ် ပထမတစ်ကြိမ်က အခုလောက်ပါပဲ နောက်ဆုံးအကြိမ်လည်း သိပ်အများကြီးမဟုတ်ဘူး ဒုတိယအကြိမ်ကတော့ အပေါ်ရေ (မိုးရွာ) နဲ့ အောက်ရေ (မြစ်ရေ) ပေါင်းပြီး ရေအရမ်းကြီးပါတယ် မကြာခင် ဒုတိယအကြိမ် လာတော့မှာပါ" လို့ ရဲဘော်ရပ်ကွက် အကွက်အမှတ် ၁၀ (ခ) မှ ဒေါ်သန်းသန်း က ပြောပါတယ်။

ရေဝင်ရောက်မှုကြောင့် ရေနစ်မြုပ်ခံနေရတဲ့ အိမ်ခြေတွေဟာ အခုအချိန်အထိ ၁၅၀ ခန့် ရှိနေတယ်လို့ သိရပြီး အိမ်ခြေ ၅၀ ခန့်ကတော့ ရေလွတ်ရာဆီ ဝင်ရောက်နေထိုင်နေကြရပါတယ်။

"ရေတကယ်ကြီးပြီဆိုရင် အိမ်ခြေအလုံးလိုက် မြုပ်တာတွေလည်း ရှိပါတယ် မကြာခင်မှာ ဒုတိယအကြိမ် ရေကြီးတာ လာတော့မှာဆိုတော့ စိတ်ပူပြီးပဲ နေကြရပါတယ် အကူအညီကတော့ အဲလ်ုအချိန်တွေဆို အစားအသောက်တွေ ကူညီပေးတာမျိုးရှိပါတယ် အခုအထိတော့ အကူအညီမရှိသေးပါဘူး" လို့ အဲဒီရပ်ကွက်က ဒေါ်သောင်းရီ က ပြောပါတယ်။

မန္တလေးမြို့ရဲ့ဧရာဝတီမြစ်ရေဟာ လက်ရှိအခြေအနေမှာတော့ စိုးရိမ်ရေမှတ်အောက် ပြန်ဆင်းသွားတာ ၄ ရက်လောက်ရှိနေပြီဖြစ်ပြီး မိုးရွာသွန်းမှုတော့ မရှိသေးပါဘူး

KT
မန္တလေး၊ ဇူလိုင် - ၂၉

( Zawgyi )

မႏၲေလး ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ ရဲေဘာ္ကြက္သစ္အတြင္း ေရဝပ္ေနရာ ေတာ္ေတာ္မ်ားမ်ားမွာ ၿပီးခဲ့တဲ့ ဇူလိုင္လ ၁၉ ရက္ေန႔ေလာက္ကစၿပီး ေရႀကီးေရလွ်ံမႈေတြ ျဖစ္ခဲ့တာမွာ အိမ္ေထာင္စု ေတာ္ေတာ္မ်ားမ်ား ေရလြတ္ရာေနရာေတြဆီ ေျပာင္းေ႐ႊ႕ေနထိုင္ေနၾကရပါတယ္။

"ျမစ္ေရဝင္တာပါ ႏွစ္တိုင္းျဖစ္ေနက်လို႔ ေျပာရမွာပါပဲ၊ ဝါဆို ဝါေခါင္ ေရႀကီးခ်ိန္ဆို ဒီေနရာေတြ ေရဝင္ပါတယ္ တစ္ခ်ိဳ႕ႏွစ္ေတြမွာ အိမ္လယ္ေလာက္အထိ ျမဳပ္တာမ်ိဳးရွိတယ္ ဒီႏွစ္က အဲဒီေလာက္ေတာ့ မျဖစ္ေသးပါဘူး ေရဆိုးပိုက္လိုင္းေၾကာင့္ ေရနစ္တယ္ဆိုတာ မဟုတ္ပါဘူး ျမစ္ေရတက္လို႔ ေရဝင္တာပါ" လို႔ အဲဒီရပ္ကြက္ရဲ႕ ရာအိမ္မႉး ဦးသိန္းစိုး က Opinion Leaders Media ကို ေျပာပါတယ္။

မႏၲေလး ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ ေငြေတာ္က်ည္ကုန္းရပ္ကြက္ ရဲေဘာ္ကြက္သစ္ထဲက အကြက္အမွတ္ ၁၀ (ခ) မွာ ႏွစ္စဥ္ ျဖစ္ေနက်အတိုင္း ျမစ္ေရႀကီးခ်ိန္ ျမစ္ေရဝင္ေရာက္မႈေၾကာင့္ လူေနအိမ္ေျခေတြ ေရဝင္နစ္ျမဳပ္မႈ ျဖစ္ေနတာပါ။ဒီကေန႔ မ်က္ျမင္အေျခအေနမွာေတာ့ ေရဝပ္ဧရိယာေတြမွာသာ ေရမဆင္းေသးတဲ့ အေျခအေန ေတြ႕ခဲ့ရၿပီး အိမ္ေထာင္စုတစ္ခ်ိဳ႕က်ေတာ့ ေရလြတ္ရာ ေနရာေတြဆီ ဝင္ေရာက္ေနထိုင္ေနၾကပါတယ္။

"တစ္ႏွစ္ကို ၃ ႀကိမ္ေရတက္ပါတယ္ ပထမတစ္ႀကိမ္က အခုေလာက္ပါပဲ ေနာက္ဆုံးအႀကိမ္လည္း သိပ္အမ်ားႀကီးမဟုတ္ဘူး ဒုတိယအႀကိမ္ကေတာ့ အေပၚေရ (မိုး႐ြာ) နဲ႔ ေအာက္ေရ (ျမစ္ေရ) ေပါင္းၿပီး ေရအရမ္းႀကီးပါတယ္ မၾကာခင္ ဒုတိယအႀကိမ္ လာေတာ့မွာပါ" လို႔ ရဲေဘာ္ရပ္ကြက္ အကြက္အမွတ္ ၁၀ (ခ) မွ ေဒၚသန္းသန္း က ေျပာပါတယ္။

ေရဝင္ေရာက္မႈေၾကာင့္ ေရနစ္ျမဳပ္ခံေနရတဲ့ အိမ္ေျခေတြဟာ အခုအခ်ိန္အထိ ၁၅၀ ခန႔္ ရွိေနတယ္လို႔ သိရၿပီး အိမ္ေျခ ၅၀ ခန႔္ကေတာ့ ေရလြတ္ရာဆီ ဝင္ေရာက္ေနထိုင္ေနၾကရပါတယ္။

"ေရတကယ္ႀကီးၿပီဆိုရင္ အိမ္ေျခအလုံးလိုက္ ျမဳပ္တာေတြလည္း ရွိပါတယ္ မၾကာခင္မွာ ဒုတိယအႀကိမ္ ေရႀကီးတာ လာေတာ့မွာဆိုေတာ့ စိတ္ပူၿပီးပဲ ေနၾကရပါတယ္ အကူအညီကေတာ့ အဲလ္ုအခ်ိန္ေတြဆို အစားအေသာက္ေတြ ကူညီေပးတာမ်ိဳးရွိပါတယ္ အခုအထိေတာ့ အကူအညီမရွိေသးပါဘူး" လို႔ အဲဒီရပ္ကြက္က ေဒၚေသာင္းရီ က ေျပာပါတယ္။

မႏၲေလးၿမိဳ႕ရဲ႕ဧရာဝတီျမစ္ေရဟာ လက္ရွိအေျခအေနမွာေတာ့ စိုးရိမ္ေရမွတ္ေအာက္ ျပန္ဆင္းသြားတာ ၄ ရက္ေလာက္ရွိေနၿပီျဖစ္ၿပီး မိုး႐ြာသြန္းမႈေတာ့ မရွိေသးပါဘူး

KT
မႏၲေလး၊ ဇူလိုင္ - ၂၉