မန်းက ငါးဂိမ်းလောင်းကစားအိမ် ရဲဝင်ဖမ်း၊ လောင်းကစားဥပဒေဖြင့်အမှုဖွင့်

မန်းက ငါးဂိမ်းလောင်းကစားအိမ် ရဲဝင်ဖမ်း၊ လောင်းကစားဥပဒေဖြင့်အမှုဖွင့်

မန္တလေးမြို့က ငါးဂိမ်းလောင်းကစားဒိုင်ဖွင့်ထားတဲ့အိမ်တစ်အိမ်ကို ဇွန်လ ၁၂ ရက်နေ့ညဦးပိုင်းက ရဲတပ်ဖွဲ့ကဝင်ရောက်ဖမ်းဆီးပြီး လောင်းကစားဥပဒေပုဒ်မနဲ့ အမှုဖွင့်တရားစွဲဆိုလိုက်တယ်လို့ နယ်မြေခံရဲတပ်ဖွဲ့ဆီကသိရပါတယ်။
"ငါးဂိမ်းလောင်းကစားအိမ်လို့သတင်းရရချင်းပဲ ပူးပေါင်းအဖွဲ့နဲ့သက်သေတွေပါပါတယ် သွားဖမ်းတာပါ၊ လောင်းကစားပစ္စည်းတွေနဲ့ဆက်စပ်ပစ္စည်းတွေတွေ့တယ်၊ ရှာဖွေပုံစံနဲ့သိမ်းပြီး လောင်းကစားဥပဒေနဲ့ ဒီနေ့(ဇွန် ၁၃ ရက်)အမှုဖွင့်တာပါ" လို့ ရဲစခန်းတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

မန္တလေူ ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက် ၇၄ လမ်း နဲ့ ၃၂ လမ်းထောင့်ကနေအိမ်တစ်အိမ်မှာ ငါးဂိမ်းလောင်းကစားဒိုင်ဖွင့်ထားတယ်လို့သတင်းအရ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ တိုင်းဒေသကြီးရဲအကူတပ်ဖွဲ့ခွဲ၊ တိုင်းဒေသကြီးမှုခင်းအကူဌာနစိတ်၊ မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစိတ်တို့မှတပ်ဖွဲ့ဝင်တွေ၊ ချမ်းအေးသာစံမြို့နယ်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ပူးပေါင်းအဖွဲ့က အဲဒီနေ့ညနေ ၆ နာရီအချိန်ခန့်က သက်သေတွေနဲ့အတူဝင်ရောက်ဖမ်းဆီးလိုက်တာပါ။ဒီလိုရှာဖွေတဲ့အခါမှာ လောင်းကစားပြုလုပ်နေသူတွေကို စက်ပစ္စည်းတွေ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိလိုက်တာလို့လည်း သိရပါတယ်။

နေအိမ်အတွင်းမှာ လောင်းကစားပြုလုပ်နေသူ ၁၁ ဦးကို Computer Game Software တွေသွင်းထားတဲ့ ကွန်ပျူတာ ၂၂ လုံး၊ ဆက်စပ်ပစ္စည်းတွေပါဝင်တဲ့ Main Server ကွန်ပျူတာ ၁ လုံး၊ AOC အမျိုးအစား ကွန်ပျူတာ ၁ လုံး၊ Point Detector ငွေရေစက် ၁ လုံး၊ လောင်းကြေးငွေ ၆ သိန်းကျပ်၊ ကျောပိုးအိတ်နဲ့ထည့်လျက် ငွေ ၉၅ သိန်းကျပ်တို့ကို ဖမ်းဆီးရမိခဲ့တာလို့ ရဲမှတ်တမ်းကဖော်ပြထားပါတယ်။

ဖမ်းဆီးရမိမှုနဲ့ပတ်သက်လို့ ချမ်းအေးသာစံမြို့နယ် မြို့မရဲစခန်းက (ပ)၅၃၈/ ၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၇(က)/၁၈(က)နဲ့ အမှုဖွင့်ထားပြီး တရားစွဲဆိုသွားမှာလို့သိရပါတယ်။

 

KT 

မန္တလေး ၊ ဇွန် ၁၄

(  Zawgyi  )

 မႏၲေလးၿမိဳ႕က ငါးဂိမ္းေလာင္းကစားဒိုင္ဖြင့္ထားတဲ့အိမ္တစ္အိမ္ကို ဇြန္လ ၁၂ ရက္ေန႔ညဦးပိုင္းက ရဲတပ္ဖြဲ႕ကဝင္ေရာက္ဖမ္းဆီးၿပီး ေလာင္းကစားဥပေဒပုဒ္မနဲ႔ အမႈဖြင့္တရားစြဲဆိုလိုက္တယ္လို႔ နယ္ေျမခံရဲတပ္ဖြဲ႕ဆီကသိရပါတယ္။
"ငါးဂိမ္းေလာင္းကစားအိမ္လို႔သတင္းရရခ်င္းပဲ ပူးေပါင္းအဖြဲ႕နဲ႔သက္ေသေတြပါပါတယ္ သြားဖမ္းတာပါ၊ ေလာင္းကစားပစၥည္းေတြနဲ႔ဆက္စပ္ပစၥည္းေတြေတြ႕တယ္၊ ရွာေဖြပုံစံနဲ႔သိမ္းၿပီး ေလာင္းကစားဥပေဒနဲ႔ ဒီေန႔(ဇြန္ ၁၃ ရက္)အမႈဖြင့္တာပါ" လို႔ ရဲစခန္းတာဝန္ရွိသူတစ္ဦးကေျပာပါတယ္။

မႏၲေလူ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ေမာရဂီဝါရပ္ကြက္ ၇၄ လမ္း နဲ႔ ၃၂ လမ္းေထာင့္ကေနအိမ္တစ္အိမ္မွာ ငါးဂိမ္းေလာင္းကစားဒိုင္ဖြင့္ထားတယ္လို႔သတင္းအရ မႏၲေလးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕၊ တိုင္းေဒသႀကီးရဲအကူတပ္ဖြဲ႕ခြဲ၊ တိုင္းေဒသႀကီးမႈခင္းအကူဌာနစိတ္၊ မႏၲေလးခ႐ိုင္ရဲတပ္ဖြဲ႕မႉး႐ုံး၊ မႈခင္းႏွိမ္နင္းေရးဌာနစိတ္တို႔မွတပ္ဖြဲ႕ဝင္ေတြ၊ ခ်မ္းေအးသာစံၿမိဳ႕နယ္ၿမိဳ႕မရဲစခန္းမွတပ္ဖြဲ႕ဝင္ေတြပါဝင္တဲ့ပူးေပါင္းအဖြဲ႕က အဲဒီေန႔ညေန ၆ နာရီအခ်ိန္ခန႔္က သက္ေသေတြနဲ႔အတူဝင္ေရာက္ဖမ္းဆီးလိုက္တာပါ။ဒီလိုရွာေဖြတဲ့အခါမွာ ေလာင္းကစားျပဳလုပ္ေနသူေတြကို စက္ပစၥည္းေတြ ဆက္စပ္ပစၥည္းေတြနဲ႔အတူ ဖမ္းဆီးရမိလိုက္တာလို႔လည္း သိရပါတယ္။

ေနအိမ္အတြင္းမွာ ေလာင္းကစားျပဳလုပ္ေနသူ ၁၁ ဦးကို Computer Game Software ေတြသြင္းထားတဲ့ ကြန္ပ်ဴတာ ၂၂ လုံး၊ ဆက္စပ္ပစၥည္းေတြပါဝင္တဲ့ Main Server ကြန္ပ်ဴတာ ၁ လုံး၊ AOC အမ်ိဳးအစား ကြန္ပ်ဴတာ ၁ လုံး၊ Point Detector ေငြေရစက္ ၁ လုံး၊ ေလာင္းေၾကးေငြ ၆ သိန္းက်ပ္၊ ေက်ာပိုးအိတ္နဲ႔ထည့္လ်က္ ေငြ ၉၅ သိန္းက်ပ္တို႔ကို ဖမ္းဆီးရမိခဲ့တာလို႔ ရဲမွတ္တမ္းကေဖာ္ျပထားပါတယ္။

ဖမ္းဆီးရမိမႈနဲ႔ပတ္သက္လို႔ ခ်မ္းေအးသာစံၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္းက (ပ)၅၃၈/ ၂၀၁၉၊ ေလာင္းကစားဥပေဒပုဒ္မ ၁၇(က)/၁၈(က)နဲ႔ အမႈဖြင့္ထားၿပီး တရားစြဲဆိုသြားမွာလို႔သိရပါတယ္။

KT

မႏၲေလး ၊ ဇြန္ ၁၄