မန်းစည်ပင်က မီးဘေးသင့်ပြည်သူများအတွက် အခမဲ့အိမ်ဆောက်ခွင့်ပြုမိန့်များဆောင်ရွက်ပေးမည်

  မန်းစည်ပင်က မီးဘေးသင့်ပြည်သူများအတွက် အခမဲ့အိမ်ဆောက်ခွင့်ပြုမိန့်များဆောင်ရွက်ပေးမည်

မန္တလေး ချမ်းမြသာစည်မြို့နယ်မှာဧပြီ ၂၇ ရက်ကလောင်ကျွမ်းခဲ့တဲ့မီးကြောင့် မီးဘေးဒုက္ခရောက်ခဲ့ကြသူတွေကို မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီက အိမ် ဆောက်ခွင့်ပြုမိန့်တွေ အခမဲ့ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အိမ်ဆောက်မိန့်ကိစ္စမှာ မီးဘေးသင့်ပြည်သူတွေကို စာနာထောက်ထားတဲ့အနေနဲ့ အမြန်ဆုံးအိမ်ဆောက်ခွင့်ပြုမိန့်တွေ အခမဲ့ချပေးသွားမှာပါ၊ ပြန်လည်နေရာချထားရေးကော်မတီက နေ အထူးကိစ္စရပ်တစ်ခုအနေနဲ့အမြန်ဆုံးဆောင်ရွက်ပေးသွားမှာပါ လို့ မန္တလေးမြို့တော် စည်ပင်သာယာကော်မတီဝင်ဦးဇော်မျိုးလွင်(ခ)ဦးမိုးကပြောပါတယ်။

"ဒါဟာ မီးလောင်တဲ့နေရာတိုင်းဆောင်ရွက်ပေးနေကျဆိုပေမယ့်လည်း အခုတစ်ခေါက်မီးလောင်မှုမှာ အိမ်ခြေဆုံးရှုံးမှုများပြားတဲ့အတွက် စာရွက်စာတမ်းကိစ္စကအစ စနစ်တကျနဲ့ အမြန်ဆုံးစာရင်းကောက်ယူသွားမှာဖြစ်ကြောင်း၊ မီးလောင်မြေနေရာချထားရေးဆိုပြီး စာရွက် စာတမ်းပြန်ချထားပေးမှုကို အထူးအလေးထားဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းသိရ ပါတယ်။

မီးလောင်တဲ့အခါမှာ မှတ်ပုံတင်၊ အိမ်ထောင်စုဇယား၊ တစ်ခြားအရေးကြီးတဲ့စာရွက်စာတမ်းတွေပါသွားတာမျိုးရှိတယ်၊ ဒါကို ကျွန်တော်တို့က လဝကနဲ့ညှိနှိုင်းပြီးဆောင်ရွက်သွားမှာ ပါ၊ အိမ်မဆောက်ခင် မီးလောင်ခံရတဲ့နေရာမှာ အမှိုက်ရှင်းရတာတွေလည်းရှိပါတယ်၊ ဒါကိုလည်း စည်ပင်ကော်မတီအနေနဲ့ စက်အားလူအားတွေနဲ့ရှင်းပေးသွားမှာပါ "လို့လည်း ၎င်း ဆိုပါတယ်။

လက်ရှိမှာလည်း ယမန်နေ့ဧပြီ ၂၉ ရက်က မန္တလေးမြို့တော်စည်ပင်သာယာတာဝန်ရှိသူတွေက မီးလောင်ပြင်အနီး စီပါဓမ္မာရုံမှာ ယာယီဖွင့် ထားတဲ့မီးဘေးကယ်ဆယ်ရေးစခန်းဆီ သွားရောက်ပြီး တစ်အိမ်ထောင်ကိုဆန် ၂၄ ပြည်စီလှူဒါန်းခဲ့သေးတယ်လို့သိရပြီး ဒါဟာ ပြည်သူ့ငွေနဲ့ပြည်သူကိုပြန်လည်ထောက်ပံ့ပေးတာလည်းဖြစ်တယ်လို့ ၎င်းကပြောပါတယ်။

မန္တလေး ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ အကွက်အမှတ် ၈၅၃ ရှိနေအိမ်တစ်အိမ်မှာ ဧပြီ ၂၇ ရက်မနက် ၈ နာရီခန့်က နေအိမ်မီးဖိုခန်းအတွင်း ထမင်းပေါင်း အိုးနဲ့ဟင်းအိုးတစ်ပြိုင်နက်တည်းချက်ပြုတ်နေစဉ် ပလပ်ခုံအပူလွန်ကဲပြီးမီးလောင်ခဲ့တာမှာ အိမ်ခြေ ၄၃ လုံး၊ အိမ်ထောင်စု ၅၃ စု၊ လူဦးရေ ၂၃၉ ဦး မီးဘေးသင့်ခဲ့ပါတယ်။

KT
မန္တလေး၊ ဧပြီ ၃၀

(  Zawgyi  )

 မႏၲေလး ခ်မ္းျမသာစည္ၿမိဳ႕နယ္မွာဧၿပီ ၂၇ ရက္ကေလာင္ကြၽမ္းခဲ့တဲ့မီးေၾကာင့္ မီးေဘးဒုကၡေရာက္ခဲ့ၾကသူေတြကို မႏၲေလးၿမိဳ႕ေတာ္ စည္ပင္ သာယာေရးေကာ္မတီက အိမ္ ေဆာက္ခြင့္ျပဳမိန႔္ေတြ အခမဲ့ေဆာင္႐ြက္ေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

အိမ္ေဆာက္မိန႔္ကိစၥမွာ မီးေဘးသင့္ျပည္သူေတြကို စာနာေထာက္ထားတဲ့အေနနဲ႔ အျမန္ဆုံးအိမ္ေဆာက္ခြင့္ျပဳမိန႔္ေတြ အခမဲ့ခ်ေပးသြားမွာပါ၊ ျပန္လည္ေနရာခ်ထားေရးေကာ္မတီက ေန အထူးကိစၥရပ္တစ္ခုအေနနဲ႔အျမန္ဆုံးေဆာင္႐ြက္ေပးသြားမွာပါ လို႔ မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေကာ္မတီဝင္ဦးေဇာ္မ်ိဳးလြင္(ခ)ဦးမိုးကေျပာပါတယ္။

"ဒါဟာ မီးေလာင္တဲ့ေနရာတိုင္းေဆာင္႐ြက္ေပးေနက်ဆိုေပမယ့္လည္း အခုတစ္ေခါက္မီးေလာင္မႈမွာ အိမ္ေျခဆုံးရႈံးမႈမ်ားျပားတဲ့အတြက္ စာ႐ြက္စာတမ္းကိစၥကအစ စနစ္တက်နဲ႔ အျမန္ဆုံးစာရင္းေကာက္ယူသြားမွာျဖစ္ေၾကာင္း၊ မီးေလာင္ေျမေနရာခ်ထားေရးဆိုၿပီး စာ႐ြက္ စာတမ္းျပန္ခ်ထားေပးမႈကို အထူးအေလးထားေဆာင္႐ြက္ေပးသြားမွာျဖစ္ေၾကာင္းသိရ ပါတယ္။

မီးေလာင္တဲ့အခါမွာ မွတ္ပုံတင္၊ အိမ္ေထာင္စုဇယား၊ တစ္ျခားအေရးႀကီးတဲ့စာ႐ြက္စာတမ္းေတြပါသြားတာမ်ိဳးရွိတယ္၊ ဒါကို ကြၽန္ေတာ္တို႔က လဝကနဲ႔ညႇိႏႈိင္းၿပီးေဆာင္႐ြက္သြားမွာ ပါ၊ အိမ္မေဆာက္ခင္ မီးေလာင္ခံရတဲ့ေနရာမွာ အမႈိက္ရွင္းရတာေတြလည္းရွိပါတယ္၊ ဒါကိုလည္း စည္ပင္ေကာ္မတီအေနနဲ႔ စက္အားလူအားေတြနဲ႔ရွင္းေပးသြားမွာပါ "လို႔လည္း ၎ ဆိုပါတယ္။

လက္ရွိမွာလည္း ယမန္ေန႔ဧၿပီ ၂၉ ရက္က မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာတာဝန္ရွိသူေတြက မီးေလာင္ျပင္အနီး စီပါဓမၼာ႐ုံမွာ ယာယီဖြင့္ ထားတဲ့မီးေဘးကယ္ဆယ္ေရးစခန္းဆီ သြားေရာက္ၿပီး တစ္အိမ္ေထာင္ကိုဆန္ ၂၄ ျပည္စီလႉဒါန္းခဲ့ေသးတယ္လို႔သိရၿပီး ဒါဟာ ျပည္သူ႔ေငြနဲ႔ျပည္သူကိုျပန္လည္ေထာက္ပံ့ေပးတာလည္းျဖစ္တယ္လို႔ ၎ကေျပာပါတယ္။

မႏၲေလး ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ခ်မ္းျမသာစည္ေတာင္ရပ္ကြက္၊ အကြက္အမွတ္ ၈၅၃ ရွိေနအိမ္တစ္အိမ္မွာ ဧၿပီ ၂၇ ရက္မနက္ ၈ နာရီခန႔္က ေနအိမ္မီးဖိုခန္းအတြင္း ထမင္းေပါင္း အိုးနဲ႔ဟင္းအိုးတစ္ၿပိဳင္နက္တည္းခ်က္ျပဳတ္ေနစဥ္ ပလပ္ခုံအပူလြန္ကဲၿပီးမီးေလာင္ခဲ့တာမွာ အိမ္ေျခ ၄၃ လုံး၊ အိမ္ေထာင္စု ၅၃ စု၊ လူဦးေရ ၂၃၉ ဦး မီးေဘးသင့္ခဲ့ပါတယ္။

KT
မႏၲေလး၊ ဧၿပီ ၃၀