မန်းဈေးချိုတော်ရုံတစ်ရုံတွင် ဓာတ်ဆီဖြန်းထားသည့်အကွက်များတွေ့ရသဖြင့် ဈေးလုံခြုံရေးအထူးကြပ်မတ်ဆောင်ရွက်ထားရ

  မန်းဈေးချိုတော်ရုံတစ်ရုံတွင် ဓာတ်ဆီဖြန်းထားသည့်အကွက်များတွေ့ရသဖြင့် ဈေးလုံခြုံရေးအထူးကြပ်မတ်ဆောင်ရွက်ထားရ

မန္တလေးဈေးချိုတော်ရုံအတွင်းမှာ ဓာတ်ဆီဖြန်းသွားတဲ့အကွက်တွေတွေ့ရတယ်ဆိုတဲ့သတင်းကြောင့် ဈေးရဲ့လုံခြုံရေးကို အထူးကြပ်မတ်ဆောင်ရွက်နေတယ်လို့ ဈေးအကျိုး တော်ဆောင်အဖွဲ့အတွင်းရေးမှူးဦးမင်းမင်းက Opinion Leaders Media ကိုပြောပါတယ်။

ဖြစ်ပုံကတော့ မနက်အစောပိုင်းမှာဖြစ်တာပါ၊ ဓာတ်ဆီနံ့ရတယ်လို့ ဈေးရုံထဲကလူတွေကလာသတင်းပို့ကြတယ်၊ ကျွန်တော်တို့ လိုက်စစ်ကြည့်တော့ F ရုံရဲ့ဒုတိယထပ်စြင်္ကန် တစ်လျှောက်မှာ ဓာတ်ဆီကွက်တွေတွေ့ရတယ်၊ သုံးလေးကွက်လောက်ပါ၊ တစ်ခြားတော့မတွေ့ရပါဘူး၊ ဒီအတွက်လည်းကျွန်တော်တို့ ဈေးရဲ့လုံခြုံရေးကိုအထူးကြပ်မတ် ထားလိုက်ပါတယ် လို့ ၎င်းကပြောပါတယ်။

ဈေးချိုတော် F ရုံ ပလပ်စတစ်ဆိုင်အနီးမှာ ဓာတ်ဆီတွေပက်ဖြန်းထားတာတွေ့ရတယ်ဆိုတဲ့ ယမန်နေ့ကထွက်ပေါ်ခဲ့တဲ့သတင်းတွေကြောင့် ဈေးအကျိုးတော်ဆောင်အဖွဲ့က ယမန်နေ့ကညဦးပိုင်းမှာပဲ အထူးကြပ်မတ်စစ်ဆေးမှုတွေပြုလုပ်သွားဖို့ ဈေးသူဈေးသူတွေကိုကြေညာ လိုက်ပါတယ်။

အဆိုပါကြေညာချက်ထဲမှာ ဈေးလုံခြုံရေးနဲ့မီးဘေးအန္တရာယ်ကင်းရှင်းရေး၊ မသမာသူတွေအလွယ်တကူမဝင်ရောက်နိုင်ရေးအတွက် အဆင့်မြင့်ဈေးချိုတော်နဲ့တိုက်တန်းကြီးကို မနက်ပိုင်းဈေးရုံဖွင့်ချိန်မှာ သက်ဆိုင်ရာရုံအကျိုးတော်ဆောင် ဒါမှမဟုတ် ရုံတာဝန်ခံတစ်ဦး၊ စည်ပင်သာယာကော်မတီကသော့ဖွင့်/ပိတ်ဝန်ထမ်းတစ်ဦးနဲ့အတူ ရုံအတွင်းဖွင့်လှစ် ရောင်းချနေတဲ့ဆိုင်ခန်းတွေထဲကမှ အနည်းဆုံးဆိုင်ရှင် ၅ ဦးရှိမှသာ ပုံမှန်စစ်ဆေးဖွင့်လှစ်ရမယ်၊ ဈေးပိတ်ချိန်တွေမှာလည်း ရုံတာဝန်ခံနဲ့သော့ကိုင်ဝန်ထမ်းတို့ ကရုံအတွင်း လူကျန်/မကျန်သေချာစွာစစ်ဆေးပြီး လျှပ်စစ်မိန်းချပိတ်သိမ်းရမှာဖြစ်တယ်လို့ပါရှိပါတယ်။

တစ်ခြားနေရာတွေ ပက်ဖြန်းသွားတာမျိုးတော့မတွေ့ရပါဘူး၊ ဒါပေမယ့်လည်း ကျွန်တော်တို့ဘက်ကတော့ လုံခြုံရေးပိုမြှင့်ထားလိုက်တာပေါ့ ဒီဖြစ်ရပ်မျိုးအရင်ကမရှိဖူးပါဘူး လို့လည်း ဦးမင်းမင်းကပြောပါတယ်။ မန္တလေးဈေးချိုတော်မှာ အရင်ကဒါမျိုးတစ်ခါမှမဖြစ်ဖူးဘူးဘဲ မန္တလေးမြို့ကဈေး တစ်ခုမှာတော့ အလားတူဖြစ်ရပ်မျိုးဖြစ်ခဲ့ဖူးတယ်လို့သိရပါတယ်။

မန္တလေးမြို့ရဲ့အထင်ကရ မင်္ဂလာဈေးနဲ့ ရတနာပုံဈေးတို့ဟာ မီးဘေးသင့်မှုကြောင့် အဆိုးရွားဆုံးပျက်စီးဆုံးရှုံးမှုနဲ့ကြုံတွေ့ခဲ့ရတာကြောင့် ဈေးချိုတော်ဈေးသူဈေးသားတွေ အနေနဲ့ အလားတူဖြစ်ရပ်မျိုးဖြစ်မှာကို စိုးရိမ်မှုတွေရှိနေတယ်လို့လည်း ဈေးဆိုင်ပိုင်ရှင်တွေကဆိုကြပါတယ်။

KT
မန္တလေး ဇွန် ၁၄

(  Zawgyi  )

 
မန္းေဈးခ်ိဳေတာ္႐ုံတစ္႐ုံတြင္ ဓာတ္ဆီျဖန္းထားသည့္အကြက္မ်ားေတြ႕ရသျဖင့္ ေဈးလုံၿခဳံေရးအထူးၾကပ္မတ္ေဆာင္႐ြက္ထားရ

မႏၲေလးေဈးခ်ိဳေတာ္႐ုံအတြင္းမွာ ဓာတ္ဆီျဖန္းသြားတဲ့အကြက္ေတြေတြ႕ရတယ္ဆိုတဲ့သတင္းေၾကာင့္ ေဈးရဲ႕လုံၿခဳံေရးကို အထူးၾကပ္မတ္ေဆာင္႐ြက္ေနတယ္လို႔ ေဈးအက်ိဳး ေတာ္ေဆာင္အဖြဲ႕အတြင္းေရးမႉးဦးမင္းမင္းက Opinion Leaders Media ကိုေျပာပါတယ္။

ျဖစ္ပုံကေတာ့ မနက္အေစာပိုင္းမွာျဖစ္တာပါ၊ ဓာတ္ဆီနံ႔ရတယ္လို႔ ေဈး႐ုံထဲကလူေတြကလာသတင္းပို႔ၾကတယ္၊ ကြၽြန္ေတာ္တို႔ လိုက္စစ္ၾကည့္ေတာ့ F ႐ုံရဲ႕ဒုတိယထပ္စၾကၤန္ တစ္ေလွ်ာက္မွာ ဓာတ္ဆီကြက္ေတြေတြ႕ရတယ္၊ သုံးေလးကြက္ေလာက္ပါ၊ တစ္ျခားေတာ့မေတြ႕ရပါဘူး၊ ဒီအတြက္လည္းကြၽန္ေတာ္တို႔ ေဈးရဲ႕လုံၿခဳံေရးကိုအထူးၾကပ္မတ္ ထားလိုက္ပါတယ္ လို႔ ၎ကေျပာပါတယ္။

ေဈးခ်ိဳေတာ္ F ႐ုံ ပလပ္စတစ္ဆိုင္အနီးမွာ ဓာတ္ဆီေတြပက္ျဖန္းထားတာေတြ႕ရတယ္ဆိုတဲ့ ယမန္ေန႔ကထြက္ေပၚခဲ့တဲ့သတင္းေတြေၾကာင့္ ေဈးအက်ိဳးေတာ္ေဆာင္အဖြဲ႕က ယမန္ေန႔ကညဦးပိုင္းမွာပဲ အထူးၾကပ္မတ္စစ္ေဆးမႈေတြျပဳလုပ္သြားဖို႔ ေဈးသူေဈးသူေတြကိုေၾကညာ လိုက္ပါတယ္။

အဆိုပါေၾကညာခ်က္ထဲမွာ ေဈးလုံၿခဳံေရးနဲ႔မီးေဘးအႏၲရာယ္ကင္းရွင္းေရး၊ မသမာသူေတြအလြယ္တကူမဝင္ေရာက္ႏိုင္ေရးအတြက္ အဆင့္ျမင့္ေဈးခ်ိဳေတာ္နဲ႔တိုက္တန္းႀကီးကို မနက္ပိုင္းေဈး႐ုံဖြင့္ခ်ိန္မွာ သက္ဆိုင္ရာ႐ုံအက်ိဳးေတာ္ေဆာင္ ဒါမွမဟုတ္ ႐ုံတာဝန္ခံတစ္ဦး၊ စည္ပင္သာယာေကာ္မတီကေသာ့ဖြင့္/ပိတ္ဝန္ထမ္းတစ္ဦးနဲ႔အတူ ႐ုံအတြင္းဖြင့္လွစ္ ေရာင္းခ်ေနတဲ့ဆိုင္ခန္းေတြထဲကမွ အနည္းဆုံးဆိုင္ရွင္ ၅ ဦးရွိမွသာ ပုံမွန္စစ္ေဆးဖြင့္လွစ္ရမယ္၊ ေဈးပိတ္ခ်ိန္ေတြမွာလည္း ႐ုံတာဝန္ခံနဲ႔ေသာ့ကိုင္ဝန္ထမ္းတို႔ က႐ုံအတြင္း လူက်န္/မက်န္ေသခ်ာစြာစစ္ေဆးၿပီး လွ်ပ္စစ္မိန္းခ်ပိတ္သိမ္းရမွာျဖစ္တယ္လို႔ပါရွိပါတယ္။

တစ္ျခားေနရာေတြ ပက္ျဖန္းသြားတာမ်ိဳးေတာ့မေတြ႕ရပါဘူး၊ ဒါေပမယ့္လည္း ကြၽန္ေတာ္တို႔ဘက္ကေတာ့ လုံၿခဳံေရးပိုျမႇင့္ထားလိုက္တာေပါ့ ဒီျဖစ္ရပ္မ်ိဳးအရင္ကမရွိဖူးပါဘူး လို႔လည္း ဦးမင္းမင္းကေျပာပါတယ္။ မႏၲေလးေဈးခ်ိဳေတာ္မွာ အရင္ကဒါမ်ိဳးတစ္ခါမွမျဖစ္ဖူးဘူးဘဲ မႏၲေလးၿမိဳ႕ကေဈး တစ္ခုမွာေတာ့ အလားတူျဖစ္ရပ္မ်ိဳးျဖစ္ခဲ့ဖူးတယ္လို႔သိရပါတယ္။

မႏၲေလးၿမိဳ႕ရဲ႕အထင္ကရ မဂၤလာေဈးနဲ႔ ရတနာပုံေဈးတို႔ဟာ မီးေဘးသင့္မႈေၾကာင့္ အဆိုး႐ြားဆုံးပ်က္စီးဆုံးရႈံးမႈနဲ႔ႀကဳံေတြ႕ခဲ့ရတာေၾကာင့္ ေဈးခ်ိဳေတာ္ေဈးသူေဈးသားေတြ အေနနဲ႔ အလားတူျဖစ္ရပ္မ်ိဳးျဖစ္မွာကို စိုးရိမ္မႈေတြရွိေနတယ္လို႔လည္း ေဈးဆိုင္ပိုင္ရွင္ေတြကဆိုၾကပါတယ္။

KT
မႏၲေလး ဇြန္ ၁၄