မန်းတက္ကသိုလ် Food Courte ဆောက်ထားသည့်ကိစ္စ ကျေနပ်မှု မရမချင်း ဆက်လက် သပိတ်မှောက်မည်ဟု မန်းကျောင်းသား သမဂ္ ဂကြေညာချက်ထုတ်

မန်းတက္ကသိုလ် Food Courte ဆောက်ထားသည့်ကိစ္စ ကျေနပ်မှု မရမချင်း ဆက်လက် သပိတ်မှောက်မည်ဟု မန်းကျောင်းသား သမဂ္ ဂကြေညာချက်ထုတ်

မန္တလေးတက္ကသိုလ်ဝင်းအတွင်း Food Court ဆောက်ထားသည့်ကိစ္စ ကျောင်းအာဏာပိုင်ဘက်က ကျေနပ် လောက်အောင်ဖြေရှင်းမပေးသေး လို့ဆိုပြီး မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဒီကနေ့လည်း ဆက်လက်သပိတ်မှောက်နေကြပါတယ်။ လက်ရှိအချိန် ထိ မန္တလေး တက္ကသိုလ် ပင်မလေးထပ်ကျောင်းဆောင်အရှေ့မှာ ထိုင်သပိတ်မှောက်ဆန္ဒပြနေ တာဖြစ်ပြီး ကျောင်းအာဏာပိုင်တွေဘက်က လာရောက် ညှိနိူင်းမှုပြုလုပ်ပေ မယ့်လည်း ကျေနပ်လောက်တဲ့ ညှိနိူင်းမှုမျိုးမရသေးလို့ ဆက်လက်သပိတ်မှောက်နေတာပဲ ဖြစ်တယ်လို့ မန္တလေး တက္ကသိုလ် ကျောင်းသား များသမဂ္ဂ သပိတ်ဦးဆောင်ကော်မတီကကြေညာထားပါတယ်။

"မနေ့ကစမှောက်ခဲ့တဲ့ဒီသပိတ်ကို ကျေနပ်လောက်တဲ့ညှိနှိုင်းမှုမရမချင်းဆက်လက်သပိတ်မှောက်သွားမယ် ဒီထက်ပြင်းထန်တဲ့ သပိတ်မှောက် ဆန္ဒပြမှုတွေနဲ့လှုပ်ရှားသွားမယ်" လို့ မန္တလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌကိုဝေယံထက်ကပြောပါတယ်။ သပိတ်မှောက် ကျောင်းသားတွေ ဟာ ကျောင်းအာဏာပိုင်တွေရဲ့ တက္ကသိုလ်ဝင်းအတွင်း Food Court ဆောက်လုပ်စဉ်တုန်းက တင်ဒါစည်းမျဉ်း စည်းကမ်း အတိုင်းဆောင်ရွက်ခဲ့တာမျိုးမရှိတာရယ်၊ ပညာရေးဝန်ကြီးဌာနနဲ့ အဆင့်မြင့်ပညာဦးစီးဌာနရဲ့ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ခဲ့တာတွေရယ်ကြောင့် ဒါကိုပြန်စိစစ်ပေးဖို့ သပိတ်မှောက်တောင်းဆိုနေတာဖြစ်တယ်လို့သိရပါတယ်။

Food Court ဆောက်တဲ့နေရာမှာ တင်ဒါခေါ်တာမရှိဘူး၊ ဝန်ကြီးဌာနရဲ့ခွင့်ပြုချက်မရှိဘူး၊ ဒါတွေကိုပြန်စိစစ်ပေးဖို့ ကျွန်မိတို့တောင်းဆိုနေ တဲ့ကြားကမှ မဖြစ်ဖြစ်အောင်လုပ်ခဲ့ကြတယ် ဒီအတွက် ကျွန်မတို့သပိတ်မှောက်တာပါ" လို့ မန္တလေးတက္ကသိုလ်ကျောင်းသား များ သမဂ္ဂ အဖွဲ့ဝင် မယမင်းဦး က ပြောပါတယ်။

 ၎င်းတို့အနေနဲ့ မနေ့ကမနက် ၁၀ နာရီကစလို့သပိတ်မှောက်နေတာလည်းဖြစ်ပြီး ကျောင်းအာဏာပိုင်တွေရဲ့ ဥပဒေကျော်လွန်ပြီး လုပ်ဆောင်နေ တာတွေ၊ ပညာရေးဝန်ကြီးဌာနရဲ့ဘက်လိုက်နေတာတွေကို ဆန့်ကျင်တဲ့အနေနဲ့ သပိတ်မှောက်နေတာဖြစ်လို့ ကျေနပ်မှုမရမရချင်း သပိတ်မှောက် သွားမှာဖြစ်တယ်လို့လည်းကြေညာထားပါတယ်။

ကျောင်းအာဏာပိုင်တွေဘက်ကတော့ ဒီကိစ္စစလုပ်ကတည်းက သက်ဆိုင်ရာအထက်အဆင့်ဆင့်ရဲ့ညွှန်ကြားချက်တွေနဲ့သာလုပ်ခဲ့တာဖြစ်ပြီး ဒီကနေ့ကျောင်းသားသမဂ္ဂရဲ့ပြောဆိုစွပ်စွဲမှုတွေနဲ့ပတ်သက်လို့လည်း ၎င်းတို့အနေနဲ့ပြောစရာမရှိဘူး၊ သပိတ်မှောက် ကျောင်းသားတွေရဲ့ တောင်းဆို ချက်တွေကို အထက်အဆင်ဆင့်တင်ပြပေးသွားမှာပဲဖြစ်တယ်" လို့ မန္တလေးတက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင် က Opinion leaders media ကို ပြောထားပါတယ်။

KT
မန္တလေး ၊ စက်တင်ဘာ ၃

(  Zawgyi  )

 မႏၲေလးတကၠသိုလ္ဝင္းအတြင္း Food Court ေဆာက္ထားသည့္ကိစၥ ေက်ာင္းအာဏာပိုင္ဘက္က ေက်နပ္ ေလာက္ေအာင္ေျဖရွင္းမေပးေသး လို႔ဆိုၿပီး မႏၲေလးတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢက ဒီကေန႔လည္း ဆက္လက္သပိတ္ေမွာက္ေနၾကပါတယ္။ လက္ရွိအခ်ိန္ ထိ မႏၲေလး တကၠသိုလ္ ပင္မေလးထပ္ေက်ာင္းေဆာင္အေရွ႕မွာ ထိုင္သပိတ္ေမွာက္ဆႏၵျပေန တာျဖစ္ၿပီး ေက်ာင္းအာဏာပိုင္ေတြဘက္က လာေရာက္ ညႇိႏိူင္းမႈျပဳလုပ္ေပ မယ့္လည္း ေက်နပ္ေလာက္တဲ့ ညႇိႏိူင္းမႈမ်ိဳးမရေသးလို႔ ဆက္လက္သပိတ္ေမွာက္ေနတာပဲ ျဖစ္တယ္လို႔ မႏၲေလး တကၠသိုလ္ ေက်ာင္းသား မ်ားသမဂၢ သပိတ္ဦးေဆာင္ေကာ္မတီကေၾကညာထားပါတယ္။

"မေန႔ကစေမွာက္ခဲ့တဲ့ဒီသပိတ္ကို ေက်နပ္ေလာက္တဲ့ညႇိႏႈိင္းမႈမရမခ်င္းဆက္လက္သပိတ္ေမွာက္သြားမယ္ ဒီထက္ျပင္းထန္တဲ့ သပိတ္ေမွာက္ ဆႏၵျပမႈေတြနဲ႔လႈပ္ရွားသြားမယ္" လို႔ မႏၲေလးတကၠသိုလ္ေက်ာင္းသားမ်ား သမဂၢ ဥကၠ႒ကိုေဝယံထက္ကေျပာပါတယ္။ သပိတ္ေမွာက္ ေက်ာင္းသားေတြ ဟာ ေက်ာင္းအာဏာပိုင္ေတြရဲ႕ တကၠသိုလ္ဝင္းအတြင္း Food Court ေဆာက္လုပ္စဥ္တုန္းက တင္ဒါစည္းမ်ဥ္း စည္းကမ္း အတိုင္းေဆာင္႐ြက္ခဲ့တာမ်ိဳးမရွိတာရယ္၊ ပညာေရးဝန္ႀကီးဌာနနဲ႔ အဆင့္ျမင့္ပညာဦးစီးဌာနရဲ႕ခြင့္ျပဳခ်က္မရွိဘဲ ေဆာက္လုပ္ခဲ့တာေတြရယ္ေၾကာင့္ ဒါကိုျပန္စိစစ္ေပးဖို႔ သပိတ္ေမွာက္ေတာင္းဆိုေနတာျဖစ္တယ္လို႔သိရပါတယ္။

Food Court ေဆာက္တဲ့ေနရာမွာ တင္ဒါေခၚတာမရွိဘူး၊ ဝန္ႀကီးဌာနရဲ႕ခြင့္ျပဳခ်က္မရွိဘူး၊ ဒါေတြကိုျပန္စိစစ္ေပးဖို႔ ကြၽန္မိတို႔ေတာင္းဆိုေန တဲ့ၾကားကမွ မျဖစ္ျဖစ္ေအာင္လုပ္ခဲ့ၾကတယ္ ဒီအတြက္ ကြၽန္မတို႔သပိတ္ေမွာက္တာပါ" လို႔ မႏၲေလးတကၠသိုလ္ေက်ာင္းသား မ်ား သမဂၢ အဖြဲ႕ဝင္ မယမင္းဦး က ေျပာပါတယ္။

 ၎တို႔အေနနဲ႔ မေန႔ကမနက္ ၁၀ နာရီကစလို႔သပိတ္ေမွာက္ေနတာလည္းျဖစ္ၿပီး ေက်ာင္းအာဏာပိုင္ေတြရဲ႕ ဥပေဒေက်ာ္လြန္ၿပီး လုပ္ေဆာင္ေန တာေတြ၊ ပညာေရးဝန္ႀကီးဌာနရဲ႕ဘက္လိုက္ေနတာေတြကို ဆန႔္က်င္တဲ့အေနနဲ႔ သပိတ္ေမွာက္ေနတာျဖစ္လို႔ ေက်နပ္မႈမရမရခ်င္း သပိတ္ေမွာက္ သြားမွာျဖစ္တယ္လို႔လည္းေၾကညာထားပါတယ္။

ေက်ာင္းအာဏာပိုင္ေတြဘက္ကေတာ့ ဒီကိစၥစလုပ္ကတည္းက သက္ဆိုင္ရာအထက္အဆင့္ဆင့္ရဲ႕ၫႊန္ၾကားခ်က္ေတြနဲ႔သာလုပ္ခဲ့တာျဖစ္ၿပီး ဒီကေန႔ေက်ာင္းသားသမဂၢရဲ႕ေျပာဆိုစြပ္စြဲမႈေတြနဲ႔ပတ္သက္လို႔လည္း ၎တို႔အေနနဲ႔ေျပာစရာမရွိဘူး၊ သပိတ္ေမွာက္ ေက်ာင္းသားေတြရဲ႕ ေတာင္းဆို ခ်က္ေတြကို အထက္အဆင္ဆင့္တင္ျပေပးသြားမွာပဲျဖစ္တယ္" လို႔ မႏၲေလးတကၠသိုလ္ဒုတိယပါေမာကၡခ်ဳပ္ ေဒါက္တာတင္ထြန္းေအာင္ က Opinion leaders media ကို ေျပာထားပါတယ္။

KT
မႏၲေလး ၊ စက္တင္ဘာ ၃