မန်းတွင် ခြင်ဆေးခွေပေါ့ဆမီးကြောင့် မီးလောင်မှုဖြစ်၊ လူနေအိမ် ၆ လုံးမီးလောင်ဆုံးရှုံး

  မန်းတွင် ခြင်ဆေးခွေပေါ့ဆမီးကြောင့် မီးလောင်မှုဖြစ်၊ လူနေအိမ် ၆ လုံးမီးလောင်ဆုံးရှုံး

မန္တလေး အောင်မြေသာစံမြို့နယ် ညောင်ကွဲရပ်ကွက် အကွက်(၄၁၅ N3) မှာ ဒီနေ့မနက် ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်က ခြင်ဆေးခွေပေါ့ဆစွာ မီးထွန်းညှိထားရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လူနေအိမ်ခြေ ၆ လုံးမီးလောင်ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

နံကပ်ပျဉ်ထောင်အိမ်အပေါ်ထပ်မှာ ခြင်ဆေးခွေထွန်းညှိထားရာကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး အဝတ်စတွေကိုမိးကူးစက်မှုကြောင့် အဲဒီကမှတစ်ဆင့် နေအိမ်အပေါ်ထက် ကိုစတင်မီးလောင်ကျွမ်းခဲ့တာဖြစ်ကြောင်း၊ မီးလောင်မှုကြာချိန် ၁၅ မိနစ်အတွင်း ပတ်ဝန်းကျင် လူနေအိမ်ခြေ ၅ လုံးကိုလည်း မီးဆက်လက်ကူးစက်လောင်ကျွမ်းခဲ့ကြောင်း နယ်မြေခံရဲစခန်းဆီကသိရပါတယ်။

မီးလောင်မှုအပေါ် တိုင်းမီးသတ်ဦးစီးမှူးဦးသန်းဇော်ဦးဦးဆောင်တဲ့ မီးသတ်သနေတပ်ဖွဲ့ဝင် ၅၀၊ အရန် ၁၅၀၊ အုပ်ချုပ်မှုယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၅ စီး၊ မီးငြှိမ်းသတ်ယာဉ်  ၅၀ တို့နဲ့ သွားရောက်မီးငြှိမ်းသတ်ခဲ့တာဖြစ်ကြောင်း၊ မနက် ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းလည်း မီးသတ်ဦးစီးသတင်းအရသိရပါတယ်။

မီးလောင်မှုနဲပတ်သက်လို့တော့ မန္တလေး အောင်မြေသာစံမြို့နယ် ညောင်ကွဲရပ်ကွက် အကွက်(၄၁၅ N3) နေအိမ်ပိုင်ရှင်ဖြစ်သူကို အောင်မြေသာစံမြို့နယ် အမှတ်(၄)နယ်မြေရဲစ ခန်းက (ပ)၃၁၃/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ နဲ့အမှုဖွင့်အရေးယူဆောင်ရွက် ထားတယ်လို့ ရဲစခန်းတာဝန်ကျရဲဝန်ထမ်းတစ်ဦးကပြောပါတယ်။

ဒီမီးလောင်မှုမှာ နေအိမ် ၆ လုံးမီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးကိုတော့ တန်ဖိုးငွေကျပ် ၂၄ သိန်း ၅ သောင်းခန့် သတ်မှတ်ထားတယ် လို့ သိရပါတယ်။

KT
မန္တလေး မေ ၂၁

(  Zawgyi  )

 မႏၲေလး ေအာင္ေျမသာစံၿမိဳ႕နယ္ ေညာင္ကြဲရပ္ကြက္ အကြက္(၄၁၅ N3) မွာ ဒီေန႔မနက္ ၁၁ နာရီ ၃၀ မိနစ္အခ်ိန္ခန႔္က ျခင္ေဆးေခြေပါ့ဆစြာ မီးထြန္းညႇိထားရာမွ မီးေလာင္ကြၽမ္းမႈ ျဖစ္ပြားခဲ့ရာ လူေနအိမ္ေျခ ၆ လုံးမီးေလာင္ပ်က္စီးဆုံးရႈံးခဲ့ပါတယ္။

နံကပ္ပ်ဥ္ေထာင္အိမ္အေပၚထပ္မွာ ျခင္ေဆးေခြထြန္းညႇိထားရာကေန မီးစတင္ေလာင္ကြၽမ္းခဲ့တာျဖစ္ၿပီး အဝတ္စေတြကိုမိးကူးစက္မႈေၾကာင့္ အဲဒီကမွတစ္ဆင့္ ေနအိမ္အေပၚထက္ ကိုစတင္မီးေလာင္ကြၽမ္းခဲ့တာျဖစ္ေၾကာင္း၊ မီးေလာင္မႈၾကာခ်ိန္ ၁၅ မိနစ္အတြင္း ပတ္ဝန္းက်င္ လူေနအိမ္ေျခ ၅ လုံးကိုလည္း မီးဆက္လက္ကူးစက္ေလာင္ကြၽမ္းခဲ့ေၾကာင္း နယ္ေျမခံရဲစခန္းဆီကသိရပါတယ္။

မီးေလာင္မႈအေပၚ တိုင္းမီးသတ္ဦးစီးမႉးဦးသန္းေဇာ္ဦးဦးေဆာင္တဲ့ မီးသတ္သေနတပ္ဖြဲ႕ဝင္ ၅၀၊ အရန္ ၁၅၀၊ အုပ္ခ်ဳပ္မႈယာဥ္ ၃ စီး၊ ေရသယ္ယာဥ္ ၅ စီး၊ မီးျငႇိမ္းသတ္ယာဥ္  ၅၀ တို႔နဲ႔ သြားေရာက္မီးျငႇိမ္းသတ္ခဲ့တာျဖစ္ေၾကာင္း၊ မနက္ ၁၁ နာရီ ၄၅ မိနစ္အခ်ိန္ခန႔္မွာ မီးျငႇိမ္းသတ္ႏိုင္ခဲ့ေၾကာင္းလည္း မီးသတ္ဦးစီးသတင္းအရသိရပါတယ္။

မီးေလာင္မႈနဲပတ္သက္လို႔ေတာ့ မႏၲေလး ေအာင္ေျမသာစံၿမိဳ႕နယ္ ေညာင္ကြဲရပ္ကြက္ အကြက္(၄၁၅ N3) ေနအိမ္ပိုင္ရွင္ျဖစ္သူကို ေအာင္ေျမသာစံၿမိဳ႕နယ္ အမွတ္(၄)နယ္ေျမရဲစ ခန္းက (ပ)၃၁၃/၂၀၁၉၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၂၈၅ နဲ႔အမႈဖြင့္အေရးယူေဆာင္႐ြက္ ထားတယ္လို႔ ရဲစခန္းတာဝန္က်ရဲဝန္ထမ္းတစ္ဦးကေျပာပါတယ္။

ဒီမီးေလာင္မႈမွာ ေနအိမ္ ၆ လုံးမီးေလာင္ပ်က္စီးဆုံးရႈံးခဲ့ၿပီး ဆုံးရႈံးမႈတန္ဖိုးကိုေတာ့ တန္ဖိုးေငြက်ပ္ ၂၄ သိန္း ၅ ေသာင္းခန႔္ သတ္မွတ္ထားတယ္ လို႔ သိရပါတယ္။

KT
မႏၲေလး ေမ ၂၁