မန်းတွင် ယာဉ်ဆိုင်ရာစာရွက်စာတမ်းအတုပြုလုပ်သူများ ဖမ်းဆီးရမိ

မန်းတွင် ယာဉ်ဆိုင်ရာစာရွက်စာတမ်းအတုပြုလုပ်သူများ ဖမ်းဆီးရမိ

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက် ကန်တော်မင်္ဂလာဘုန်းကြီးကျောင်းအတွင်း သတင်းအရ သက်ဆိုင်ရာက ဝင်ရောက် စစ်ဆေးတာမှာ  မော်တော်ယာဉ်ဆိုင်ရာစာရွက်စာတမ်းအတုပြုလုပ်သူတွေကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ကြီး တံခွန်မြို့နယ်မြို့မရဲစခန်းဆီကသိရပါတယ်။

ယာဉ်နံပါတ်ပြားအတု၊ ယာဉ်မှတ်ပုံတင်စာအုပ်အတု၊ ယာဉ်အာမခံစာအုပ်အတု၊ ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ်အတု၊ စည်ပင် ဘီးခွန် အတုတွေ ပြုလုပ်နေသူတွေကို အဖွဲ့လိုက်သက်သေခံပစ္စည်းတွေ၊ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။ဖြစ်စဉ်မှာ သြဂုတ်လ ၂၈ ရက်နေ့ ည ၇ နာရီခွဲအချိန်ခန့်က မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနတာဝန်ရှိသူတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ အမရပူရမြို့နယ် ထုံးဘို-မြစ်ငယ်တန်ပိုဂိတ်မှာ ဘီးခွန်စစ်ဆေးနေစဉ် ရန်ကုန်-မန္တလေးလမ်းဟောင်း အတိုင်းတောင်မှမြောက်သို့မောင်းနှင် လာတဲ့မော်တော်ယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးခဲ့တာမှာ ဘီးခွန်အတုပြုလုပ်ထားတာကို စစ်ဆေးတွေ့ရလို့ ယာဉ်မောင်းလာသူအား စစ်မေးရာ စာရွက်စာတမ်းပြုလုပ်သူမှာ ဝင်းအောင်(ခ)ဦးဝင်းဖြစ်ကြောင်းသိရလို့ ၎င်းအား ပြည်ကြီးတံခွန်မြို့နယ် ၇၈ လမ်းနဲ့ သာယာဝတီ မင်းကြီးလမ်းထောင့်က လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဆီ ချိန်းဆိုခဲ့ကြောင်း၊ ဝင်းအောင်(ခ)ဦးဝင်းရောက်ရှိလာလို့စစ်ဆေးတဲ့အခါမှာ ၎င်းရဲ့ လွယ်အိတ်အ တွင်းကနေ ဘီးခွန်စာရွက် ၆ ရွက်၊ ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ်၊ ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ် စာတမ်းပါ ပန်းရောင်စာရွက်(အလွတ်)၊ နောက်တွဲယာဉ် TRAILER မှတ်ပုံတင်သက်သေခံလက်မှတ်စာရွက်စာတမ်းပါ စာရွက်အလွတ်၊ ယာဉ်သက်သေခံ စတေကာ ၂ ရွက်၊ ခဲခြစ်စာရွက် ၁ ရွက်၊ ဟိုဆိုဂရမ် (ရောင်ပြန်စတေကာ)တွေနဲ့ တစ်ခြားသောဆက်စပ်စာရွက်စာတမ်းအတုတွေတွေ့ရကြောင်း၊ ၎င်းအား မြစ်ငယ်နယ်မြေရဲစခန်းက (ပ)၅၉၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈/၁၁၄ နဲ့ အမှုဖွင့်အရေးယူ ခဲ့ကြောင်း ရဲမှတ်တမ်း အရ သိရပါ တယ်။

ဒီအမှုမှာဆက်စပ်တရားခံတွေလည်းပါဝင်တယ်နေတယ်လို့သိရတာကြောင့် ဆက်စပ်တရားခံတွေကိုဆက်လက်စစ်မေးချက်အရ မိုးမခ(ခ)မိုးမင်း၊ မိုးမခညီ(ခ)မြတ်မင်းသော်တို့ကို ၇၈ လမ်းပေါ်ကလက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ သက်သေခံစာရွက်စာတမ်းတွေနဲ့အတူဖမ်းဆီးရမိခဲ့ကြောင်း၊ သိမ်းဆည်းရမိတဲ့သက်သေခံပစ္စည်းတွေဟာ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်က ဘုန်းကြီးကျောင်းကနေရရှိတာလို့သိရတာကြောင့် ပူးပေါင်းအဖွဲ့ကသက်သေတွေနဲ့အတူ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်ခန့်က ဝင်ရောက်ရှာဖွေတာမှာ ခိုင်ဇော်ထွန်း(ခ)ဖက်တီး၊ မျိုးသူရဇော်(ခ)မျိုးလေးနဲ့ ကိုဝင်းထိန်(ခ)ဝင်းအောင်တို့ ၃ ဦးတို့ကို ဖောင်းကြွစာလုံးတွေနဲ့ပြုလုပ်ထားတဲ့မော်တော်ယာဉ်နံပါတ်ပြားတွေ၊ မော်တော်ယာဉ် နံပါတ် ပြားခဲသီးနတ်တိုင်တွေ၊ မြန်မာ့အာမခံလုပ်ငန်းတံဆိပ် အမှတ်အသားပါစာအုပ်တွေ၊ မော်တော်ယာဉ်မှတ်ပုံတင် စာအုပ် မျက်နှာဖုံးတွေ ရောင်ပြန်စတစ်ကာ(ကညန) တံဆိပ်ပါ ရွှေရောင်ပြန်စတစ်ကာတွေ၊ မန္တလေး/ရန်ကုန်မြို့တော် စည်ပင်သာယာ ဘီးခွန်ကောက် တံဆိပ်ပါ စာရွက်တွေ၊ အခြားစာရွက်စာတမ်း အတုတွေနဲ့ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ကြောင်းလည်း ရဲမှတ်တမ်းကဖော်ပြထားပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ ဝင်းအောင်(ခ)ဦးဝင်း(အသက် ၅၇ နှစ်)၊ မျိုးသူရဇော်(ခ)မျိုးလေး(အသက် ၂၂ နှစ်)၊ ခိုင်ဇော်ထွန်း(ခ)ဖက်တီး(အသက် ၂၆ နှစ်)တို့အပါအဝင် ၈ ဦးကို ပြည်ကြီးတံခွန်မြို့နယ်မြို့မရဲစခန်းမှာ ဖမ်းဆီးချုပ်ထားပြီး လက်ရှိမှာတော့ ဆက်လက်စစ်ဆေးမှုတွေလုပ်နေတယ်လို့ ရဲစခန်းတာဝန်ရှိသူကပြောပါတယ်။

KT
မန္တလေး သြဂုတ် ၃၀

(  Zawgyi  )

 မႏၲေလး၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ ခ်မ္းျမသာယာရပ္ကြက္ ကန္ေတာ္မဂၤလာဘုန္းႀကီးေက်ာင္းအတြင္း သတင္းအရ သက္ဆိုင္ရာက ဝင္ေရာက္ စစ္ေဆးတာမွာ  ေမာ္ေတာ္ယာဥ္ဆိုင္ရာစာ႐ြက္စာတမ္းအတုျပဳလုပ္သူေတြကို သက္ေသခံပစၥည္းေတြနဲ႔အတူ ဖမ္းဆီးရမိခဲ့တယ္လို႔ ျပည္ႀကီး တံခြန္ၿမိဳ႕နယ္ၿမိဳ႕မရဲစခန္းဆီကသိရပါတယ္။

ယာဥ္နံပါတ္ျပားအတု၊ ယာဥ္မွတ္ပုံတင္စာအုပ္အတု၊ ယာဥ္အာမခံစာအုပ္အတု၊ ယာဥ္မွတ္ပုံတင္သက္ေသခံလက္မွတ္အတု၊ စည္ပင္ ဘီးခြန္ အတုေတြ ျပဳလုပ္ေနသူေတြကို အဖြဲ႕လိုက္သက္ေသခံပစၥည္းေတြ၊ ဆက္စပ္ပစၥည္းေတြနဲ႔အတူ ဖမ္းဆီးရမိခဲ့တာပါ။ျဖစ္စဥ္မွာ ၾသဂုတ္လ ၂၈ ရက္ေန႔ ည ၇ နာရီခြဲအခ်ိန္ခန႔္က မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ အခြန္ဌာနတာဝန္ရွိသူေတြပါဝင္တဲ့ ပူးေပါင္းအဖြဲ႕ဟာ အမရပူရၿမိဳ႕နယ္ ထုံးဘို-ျမစ္ငယ္တန္ပိုဂိတ္မွာ ဘီးခြန္စစ္ေဆးေနစဥ္ ရန္ကုန္-မႏၲေလးလမ္းေဟာင္း အတိုင္းေတာင္မွေျမာက္သို႔ေမာင္းႏွင္ လာတဲ့ေမာ္ေတာ္ယာဥ္တစ္စီးအား ရပ္တန႔္စစ္ေဆးခဲ့တာမွာ ဘီးခြန္အတုျပဳလုပ္ထားတာကို စစ္ေဆးေတြ႕ရလို႔ ယာဥ္ေမာင္းလာသူအား စစ္ေမးရာ စာ႐ြက္စာတမ္းျပဳလုပ္သူမွာ ဝင္းေအာင္(ခ)ဦးဝင္းျဖစ္ေၾကာင္းသိရလို႔ ၎အား ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ ၇၈ လမ္းနဲ႔ သာယာဝတီ မင္းႀကီးလမ္းေထာင့္က လက္ဖက္ရည္ဆိုင္တစ္ဆိုင္ဆီ ခ်ိန္းဆိုခဲ့ေၾကာင္း၊ ဝင္းေအာင္(ခ)ဦးဝင္းေရာက္ရွိလာလို႔စစ္ေဆးတဲ့အခါမွာ ၎ရဲ႕ လြယ္အိတ္အ တြင္းကေန ဘီးခြန္စာ႐ြက္ ၆ ႐ြက္၊ ယာဥ္မွတ္ပုံတင္သက္ေသခံလက္မွတ္၊ ယာဥ္မွတ္ပုံတင္ သက္ေသခံလက္မွတ္ စာတမ္းပါ ပန္းေရာင္စာ႐ြက္(အလြတ္)၊ ေနာက္တြဲယာဥ္ TRAILER မွတ္ပုံတင္သက္ေသခံလက္မွတ္စာ႐ြက္စာတမ္းပါ စာ႐ြက္အလြတ္၊ ယာဥ္သက္ေသခံ စေတကာ ၂ ႐ြက္၊ ခဲျခစ္စာ႐ြက္ ၁ ႐ြက္၊ ဟိုဆိုဂရမ္ (ေရာင္ျပန္စေတကာ)ေတြနဲ႔ တစ္ျခားေသာဆက္စပ္စာ႐ြက္စာတမ္းအတုေတြေတြ႕ရေၾကာင္း၊ ၎အား ျမစ္ငယ္နယ္ေျမရဲစခန္းက (ပ)၅၉၅/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၄၂၀/၄၆၈/၁၁၄ နဲ႔ အမႈဖြင့္အေရးယူ ခဲ့ေၾကာင္း ရဲမွတ္တမ္း အရ သိရပါ တယ္။

ဒီအမႈမွာဆက္စပ္တရားခံေတြလည္းပါဝင္တယ္ေနတယ္လို႔သိရတာေၾကာင့္ ဆက္စပ္တရားခံေတြကိုဆက္လက္စစ္ေမးခ်က္အရ မိုးမခ(ခ)မိုးမင္း၊ မိုးမခညီ(ခ)ျမတ္မင္းေသာ္တို႔ကို ၇၈ လမ္းေပၚကလက္ဖက္ရည္ဆိုင္တစ္ဆိုင္မွာ သက္ေသခံစာ႐ြက္စာတမ္းေတြနဲ႔အတူဖမ္းဆီးရမိခဲ့ေၾကာင္း၊ သိမ္းဆည္းရမိတဲ့သက္ေသခံပစၥည္းေတြဟာ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ခ်မ္းျမသာယာရပ္ကြက္က ဘုန္းႀကီးေက်ာင္းကေနရရွိတာလို႔သိရတာေၾကာင့္ ပူးေပါင္းအဖြဲ႕ကသက္ေသေတြနဲ႔အတူ ယမန္ေန႔မြန္းလြဲ ၁ နာရီအခ်ိန္ခန႔္က ဝင္ေရာက္ရွာေဖြတာမွာ ခိုင္ေဇာ္ထြန္း(ခ)ဖက္တီး၊ မ်ိဳးသူရေဇာ္(ခ)မ်ိဳးေလးနဲ႔ ကိုဝင္းထိန္(ခ)ဝင္းေအာင္တို႔ ၃ ဦးတို႔ကို ေဖာင္းႂကြစာလုံးေတြနဲ႔ျပဳလုပ္ထားတဲ့ေမာ္ေတာ္ယာဥ္နံပါတ္ျပားေတြ၊ ေမာ္ေတာ္ယာဥ္ နံပါတ္ ျပားခဲသီးနတ္တိုင္ေတြ၊ ျမန္မာ့အာမခံလုပ္ငန္းတံဆိပ္ အမွတ္အသားပါစာအုပ္ေတြ၊ ေမာ္ေတာ္ယာဥ္မွတ္ပုံတင္ စာအုပ္ မ်က္ႏွာဖုံးေတြ ေရာင္ျပန္စတစ္ကာ(ကညန) တံဆိပ္ပါ ေ႐ႊေရာင္ျပန္စတစ္ကာေတြ၊ မႏၲေလး/ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာ ဘီးခြန္ေကာက္ တံဆိပ္ပါ စာ႐ြက္ေတြ၊ အျခားစာ႐ြက္စာတမ္း အတုေတြနဲ႔ဆက္စပ္ပစၥည္းေတြ သိမ္းဆည္းရမိခဲ့ေၾကာင္းလည္း ရဲမွတ္တမ္းကေဖာ္ျပထားပါတယ္။

ျဖစ္စဥ္နဲ႔ပတ္သက္လို႔ ဝင္းေအာင္(ခ)ဦးဝင္း(အသက္ ၅၇ ႏွစ္)၊ မ်ိဳးသူရေဇာ္(ခ)မ်ိဳးေလး(အသက္ ၂၂ ႏွစ္)၊ ခိုင္ေဇာ္ထြန္း(ခ)ဖက္တီး(အသက္ ၂၆ ႏွစ္)တို႔အပါအဝင္ ၈ ဦးကို ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ၿမိဳ႕မရဲစခန္းမွာ ဖမ္းဆီးခ်ဳပ္ထားၿပီး လက္ရွိမွာေတာ့ ဆက္လက္စစ္ေဆးမႈေတြလုပ္ေနတယ္လို႔ ရဲစခန္းတာဝန္ရွိသူကေျပာပါတယ္။

KT
မႏၲေလး ၾသဂုတ္ ၃၀