မန်းတွင် အရက်ဖြတ်လူငယ်တစ်ဦး အိမ်သာထဲဝင်ပြီး ကိုယ့်ကိုယ်ကိုကြိုးဆွဲချသတ်သေခဲ့ကြောင်းသိရ

မန်းတွင် အရက်ဖြတ်လူငယ်တစ်ဦး အိမ်သာထဲဝင်ပြီး ကိုယ့်ကိုယ်ကိုကြိုးဆွဲချသတ်သေခဲ့ကြောင်းသိရ

မန္တလေး အောင်မြေသာစံမြို့နယ်အတွင်းကနေအိမ်တစ်အိမ်မှာ ဒီနေ့မနက်ပိုင်းက အရက်ဖြတ်ထားတဲ့လူငယ်တစ်ဦး အိမ်သာထဲကြိုးဆွဲချေ သဆုံးနေတဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ နယ်မြေအပိုင်ရဲစခန်းဆီကသိရပါတယ်။

အောင်မြေသာစံမြို့နယ် အမှတ်(၂)နယ်မြေရဲစခန်းအပိုင် ဥပုသ်တော်ရပ်ကွက်၊ အကွက်အမှတ်(၃၁/က)မှာ အမျိုးသားတစ်ဦးကြိုးဆွဲချေ သဆုံးကြောင်း သတင်းအရ စခန်းမှူးရဲ အုပ်မျိုးညွန့်ဦးဆောင်တဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ ရပ်ကွက်တာဝန်ရှိသူတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့ တာမှာ သန်းဇော်(အသက် ၃၂ နှစ်)ဟာ  နေအိမ်အတွင်းရှိအိမ်သာအ တွင်း လေဝင်ပေါက်အားအသုံးပြုပြီး ပလပ်စတစ်ကြိုးနဲ့ကြိုးဆွဲချေ သဆုံးနေတာကိုတွေ့ရကြောင်း၊ သေဆုံးသူရဲ့ဆွေမျိုးသားချင်းတစ်ဦးရဲ့ပြောပြချက်အရ သေဆုံးသူဟာ အရင်က အမြဲတစေ အရက်သေစာသောက်စားခဲ့ကြောင်း၊ ပြီးခဲ့တဲ့သုံးလေးရက်ခန့်ကတော့ အရက်ဖြတ်ခဲ့ကြောင်း၊ သေဆုံးသူဟာ အရက်ကြောင်နေသူတစ်ဦးလို့သိရ ကြောင်း၊ သေဆုံးသူရဲ့အလောင်းအား မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ရာ ဆေးရုံက PR 14 နဲ့လက်ခံစစ်ဆေးလျက်ရှိပြီး ဓမ္မတာအတိုင်းသေဆုံး တာဟုတ်မဟုတ်ကိုတော့ သေမှုသေခင်းနဲ့ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း ရဲစခန်းတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ဖြစ်စဉ်အပေါ် အမှတ်(၂)နယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၂၂/၂၀၁၉) နဲ့ ရေးဖွင့်ပြီး စစ်ဆေးဆောင်ရွက်နေတယ်လို့သိရပါတယ်။

KT
မန္တလေး ၊ မေ ၂၁
 

(  Zawgyi  )

 မႏၲေလး ေအာင္ေျမသာစံၿမိဳ႕နယ္အတြင္းကေနအိမ္တစ္အိမ္မွာ ဒီေန႔မနက္ပိုင္းက အရက္ျဖတ္ထားတဲ့လူငယ္တစ္ဦး အိမ္သာထဲႀကိဳးဆြဲေခ် သဆုံးေနတဲ့ျဖစ္စဥ္တစ္ခု ျဖစ္ပြားခဲ့တယ္လို႔ နယ္ေျမအပိုင္ရဲစခန္းဆီကသိရပါတယ္။

ေအာင္ေျမသာစံၿမိဳ႕နယ္ အမွတ္(၂)နယ္ေျမရဲစခန္းအပိုင္ ဥပုသ္ေတာ္ရပ္ကြက္၊ အကြက္အမွတ္(၃၁/က)မွာ အမ်ိဳးသားတစ္ဦးႀကိဳးဆြဲေခ် သဆုံးေၾကာင္း သတင္းအရ စခန္းမႉးရဲ အုပ္မ်ိဳးၫြန႔္ဦးေဆာင္တဲ့ရဲတပ္ဖြဲ႕ဝင္ေတြဟာ ရပ္ကြက္တာဝန္ရွိသူေတြနဲ႔အတူ သြားေရာက္စစ္ေဆးခဲ့ တာမွာ သန္းေဇာ္(အသက္ ၃၂ ႏွစ္)ဟာ  ေနအိမ္အတြင္းရွိအိမ္သာအ တြင္း ေလဝင္ေပါက္အားအသုံးျပဳၿပီး ပလပ္စတစ္ႀကိဳးနဲ႔ႀကိဳးဆြဲေခ် သဆုံးေနတာကိုေတြ႕ရေၾကာင္း၊ ေသဆုံးသူရဲ႕ေဆြမ်ိဳးသားခ်င္းတစ္ဦးရဲ႕ေျပာျပခ်က္အရ ေသဆုံးသူဟာ အရင္က အၿမဲတေစ အရက္ေသစာေသာက္စားခဲ့ေၾကာင္း၊ ၿပီးခဲ့တဲ့သုံးေလးရက္ခန႔္ကေတာ့ အရက္ျဖတ္ခဲ့ေၾကာင္း၊ ေသဆုံးသူဟာ အရက္ေၾကာင္ေနသူတစ္ဦးလို႔သိရ ေၾကာင္း၊ ေသဆုံးသူရဲ႕အေလာင္းအား မႏၲေလးအေထြေထြေရာဂါကုေဆး႐ုံႀကီး ရင္ခြဲ႐ုံသို႔ပို႔ေဆာင္ရာ ေဆး႐ုံက PR 14 နဲ႔လက္ခံစစ္ေဆးလ်က္ရွိၿပီး ဓမၼတာအတိုင္းေသဆုံး တာဟုတ္မဟုတ္ကိုေတာ့ ေသမႈေသခင္းနဲ႔ေရးဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း ရဲစခန္းတာဝန္ရွိသူတစ္ဦးကေျပာပါတယ္။ျဖစ္စဥ္အေပၚ အမွတ္(၂)နယ္ေျမရဲစခန္းက ေသမႈေသခင္းအမွတ္စဥ္ (၂၂/၂၀၁၉) နဲ႔ ေရးဖြင့္ၿပီး စစ္ေဆးေဆာင္႐ြက္ေနတယ္လို႔သိရပါတယ္။

KT
မႏၲေလး ၊ ေမ ၂၁