မန်းမြို့က စစ်တပ်လိုင်းခန်းတစ်ခု မီးလောင်မှုဖြစ်၊ တပ်သားတစ်ဦးအား တပ်တွင်းအရေးယူမှု ဆောင်ရွင်ထား

မန်းမြို့က စစ်တပ်လိုင်းခန်းတစ်ခု မီးလောင်မှုဖြစ်၊ တပ်သားတစ်ဦးအား တပ်တွင်းအရေးယူမှု ဆောင်ရွင်ထား

မန္တလေး မဟာအောင်မြေမြို့နယ် အမှတ် (၂) တက္ကသိုလ်လေ့ကျင့်ရေး တပ်ဝင်းအတွင်း ယမန်နေ့ညကဖြစ်ပွားခဲ့တဲ့ မီးလောင်မှုဖြစ်စဉ်အတွက် လိုင်းခန်းနေ တပ်သားတစ်ဦးကို တပ်မတော်အက်ဥပဒေနဲ့ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

တပ်ဝင်းအတွင်းရှိ ၈ ခန်းတွဲ နှစ်ထပ်ဆောင် မီးလောင်မှုနှင့် ပတ်သက်လို့ မီးလောင်မှု စတင်ဖြစ်ပွားခဲ့တဲ့ အဆိုပါတပ်သားရဲ့ နေအိမ်ခန်းကို စစ်ဆေးမှုပြုလုပ်ခဲ့ပြီး တပ်တွင်းအရေးယူမှု ပြုလုပ်သွားဖို့ဖြစ်တယ်လို့ မန္တလေးခရိုင် မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဖြစ်စဉ်မှာ ယမန်နေ့ည ၈ နာရီ ၃၉ မိနစ်အချိန်ခန့်က မန္တလေး မဟာအောင်မြေမြို့နယ် အမှတ် (၂) တက္ကသိုလ်လေ့ကျင့်ရေး တပ်ဝင်းအတွင်း ၈ ခန်းတွဲ နှစ်ထပ်ဆောင် (အလျား ပေ ၁၆၀ အနံ ပေ ၂၀) လိုင်းခန်း မီးလောင်မှုဖြစ်ခဲ့ကြောင်း၊ မီးလောင်မှုအကြောင်းရင်းအား စုံစမ်းစစ်ဆေးတာမှာ တပ်သား နိုင်ထွန်းကို ရဲ့ အခန်းကနေ စတင်လောင်ကျွမ်းတာလို့ သိရကြောင်း၊ မီးလောင်မှုကို တိုင်းမီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦး ဦးဆောင်တဲ့ မီးငြိမ်းသတ်ယာဉ် ၁၅ စီး၊ ရေသယ်ယာဉ် ၃၅ စီး၊ အထောက်အကူပြုယာဉ်တွေနဲ့အတူ မီးသတ်တပ်ဖွဲ့ဝင် သန္ဓေ ၃၀၊ အရန် ၁၂၀ တို့နဲ့ မီးငြိမ်းသတ်ခဲ့ကြောင်း၊  မီးလောင်မှုဟာ level 3 အဆင့် သတ်မှတ်ငြှိမ်းသတ်ခဲ့ရတာဖြစ်ကြောင်း၊ ည ၉ နာရီအချိန်မှာ မီးလုံးဝငြိမ်းသွားခဲ့တာဖြစ်ကြောင်း၊ မီးလောင်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ တပ်မတော်အက်ဥပဒေနဲ့ အရေးယူသွားမှာဖြစ်ကြောင်း မန္တလေးခရိုင် အုပ်ချုပ်ရေးမှူးရုံးဆီက သိရပါတယ်။

 

အဆိုပါမီးလောင်မှု ဖြစ်စဉ်အတွင်း မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပြီး မီးလောင်မှုအကြောင်းအရင်းနဲ့ ပတ်သက်လို့တော့  စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့ ခရိုင်မီးသတ်ဦးစီးမှူးက ပြောပါတယ်။

မီးလောင်မှုကြောင့် အလျား ပေ ၁၆၀ အနံ ပေ ၂၀  နှစ်ထပ်ပျဉ်ထောင် ရှစ်ခန်းတွဲ နှစ်ထပ်လိုင်ခန်း အဆောက်အဦး ပျက်စီးဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးငွေ ၆၄ သိန်းကျပ်ခန့်၊ အတွင်းပစ္စည်းဆုံးရှုံးမှု တန်ဖိုးငွေ ၁၀ သိန်းကျပ်ခန့် စုစုပေါင်း ၇၄ သိန်းကျပ်ခန့် ခန့်မှန်းတယ်လို့ မီးလောင်မှုဖြစ်စဉ် မှတ်တမ်းက ဖော်ပြထားပါတယ်။

KT
မန္တလေး၊ ဇူလိုင် - ၂၉
Photo - မီးသတ်ဦးစီး

( Zawgyi )

မႏၲေလး မဟာေအာင္ေျမၿမိဳ႕နယ္ အမွတ္ (၂) တကၠသိုလ္ေလ့က်င့္ေရး တပ္ဝင္းအတြင္း ယမန္ေန႔ညကျဖစ္ပြားခဲ့တဲ့ မီးေလာင္မႈျဖစ္စဥ္အတြက္ လိုင္းခန္းေန တပ္သားတစ္ဦးကို တပ္မေတာ္အက္ဥပေဒနဲ႔ အေရးယူေဆာင္႐ြက္သြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

တပ္ဝင္းအတြင္းရွိ ၈ ခန္းတြဲ ႏွစ္ထပ္ေဆာင္ မီးေလာင္မႈႏွင့္ ပတ္သက္လို႔ မီးေလာင္မႈ စတင္ျဖစ္ပြားခဲ့တဲ့ အဆိုပါတပ္သားရဲ႕ ေနအိမ္ခန္းကို စစ္ေဆးမႈျပဳလုပ္ခဲ့ၿပီး တပ္တြင္းအေရးယူမႈ ျပဳလုပ္သြားဖို႔ျဖစ္တယ္လို႔ မႏၲေလးခ႐ိုင္ မီးသတ္ဦးစီးဌာန တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

ျဖစ္စဥ္မွာ ယမန္ေန႔ည ၈ နာရီ ၃၉ မိနစ္အခ်ိန္ခန႔္က မႏၲေလး မဟာေအာင္ေျမၿမိဳ႕နယ္ အမွတ္ (၂) တကၠသိုလ္ေလ့က်င့္ေရး တပ္ဝင္းအတြင္း ၈ ခန္းတြဲ ႏွစ္ထပ္ေဆာင္ (အလ်ား ေပ ၁၆၀ အနံ ေပ ၂၀) လိုင္းခန္း မီးေလာင္မႈျဖစ္ခဲ့ေၾကာင္း၊ မီးေလာင္မႈအေၾကာင္းရင္းအား စုံစမ္းစစ္ေဆးတာမွာ တပ္သား ႏိုင္ထြန္းကို ရဲ႕ အခန္းကေန စတင္ေလာင္ကြၽမ္းတာလို႔ သိရေၾကာင္း၊ မီးေလာင္မႈကို တိုင္းမီးသတ္ဦးစီးမႉး ဦးသန္းေဇာ္ဦး ဦးေဆာင္တဲ့ မီးၿငိမ္းသတ္ယာဥ္ ၁၅ စီး၊ ေရသယ္ယာဥ္ ၃၅ စီး၊ အေထာက္အကူျပဳယာဥ္ေတြနဲ႔အတူ မီးသတ္တပ္ဖြဲ႕ဝင္ သေႏၶ ၃၀၊ အရန္ ၁၂၀ တို႔နဲ႔ မီးၿငိမ္းသတ္ခဲ့ေၾကာင္း၊  မီးေလာင္မႈဟာ level 3 အဆင့္ သတ္မွတ္ျငႇိမ္းသတ္ခဲ့ရတာျဖစ္ေၾကာင္း၊ ည ၉ နာရီအခ်ိန္မွာ မီးလုံးဝၿငိမ္းသြားခဲ့တာျဖစ္ေၾကာင္း၊ မီးေလာင္မႈျဖစ္စဥ္နဲ႔ ပတ္သက္လို႔ တပ္မေတာ္အက္ဥပေဒနဲ႔ အေရးယူသြားမွာျဖစ္ေၾကာင္း မႏၲေလးခ႐ိုင္ အုပ္ခ်ဳပ္ေရးမႉး႐ုံးဆီက သိရပါတယ္။

အဆိုပါမီးေလာင္မႈ ျဖစ္စဥ္အတြင္း မီးသတ္တပ္ဖြဲ႕ဝင္တစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔လည္း သိရၿပီး မီးေလာင္မႈအေၾကာင္းအရင္းနဲ႔ ပတ္သက္လို႔ေတာ့  စုံစမ္းစစ္ေဆးေနဆဲ ျဖစ္တယ္လို႔ ခ႐ိုင္မီးသတ္ဦးစီးမႉးက ေျပာပါတယ္။

မီးေလာင္မႈေၾကာင့္ အလ်ား ေပ ၁၆၀ အနံ ေပ ၂၀  ႏွစ္ထပ္ပ်ဥ္ေထာင္ ရွစ္ခန္းတြဲ ႏွစ္ထပ္လိုင္ခန္း အေဆာက္အဦး ပ်က္စီးဆုံးရႈံးခဲ့ၿပီး ဆုံးရႈံးမႈ တန္ဖိုးေငြ ၆၄ သိန္းက်ပ္ခန႔္၊ အတြင္းပစၥည္းဆုံးရႈံးမႈ တန္ဖိုးေငြ ၁၀ သိန္းက်ပ္ခန႔္ စုစုေပါင္း ၇၄ သိန္းက်ပ္ခန႔္ ခန႔္မွန္းတယ္လို႔ မီးေလာင္မႈျဖစ္စဥ္ မွတ္တမ္းက ေဖာ္ျပထားပါတယ္။

KT
မႏၲေလး၊ ဇူလိုင္ - ၂၉
Photo - မီးသတ္ဦးစီး